တရုတ်ဓါတုဆေးကြောင့် ဆိုးကျိုးများသာ ကြုံတွေ့နေရဟုဆို

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၂၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ်အတွင်း တရုတ်လူမျိုးများ စီးပွားဖြစ်စိုက်ပျိုးနေသည့် ငှက်ပျောစိုက်ခင်းများတွင် အသုံးပြုနေသော ဓာတုဗေဒ ပိုးသတ်ဆေးများကြောင့် လိုင်ဇာဒေသရှိ ဒေသခံပြည်သူများနှင့် ငှက်ပျောစိုက်ခင်းများတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားအချို့ အသက်ဆုံးရှုံးရခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို ကြုံတွေ့ခံစားနေရသည်ဟု သိရသည်။

ငှက်ပျောပင်စိုက်ပျိုးရာတွင် အဓိကအသုံးပြုသည့် တရုတ်နိုင်ငံထုတ် ဓာတုဆေးဝါးများကြောင့် ဒေသခံ အလုပ်သမားများအပြင် မြစ်ချောင်းများအတွင်းရှိ ရေနေသတ္တ၀ါများ အသက်သေကြေ ပျက်စီးခဲ့ရပြီး မြေဆ်ီလွှာပျက်စီးမှုများလည်း ရှိနေသည်ဟု ဒေသခံများကပြောသည်။

ဘာကြောင့်လည်းဆိုတော့ ဒီငှက်ပျောခင်းကို ပိုသတ်ဆေးလာဖျန်းပြီ မဟုတ်လား တစ်လ အတွင်း ဆက်တိုက်၊ ဆက်တိုက်ပေါ့နော ဒီငှက်ပျောခင်းမှာ နေတဲ့လူကတော့ အဲ့ဒီငှက်ပျော ခင်းက ထွက်တဲ့ လူကောင်း ပြန်ဖြစ်ဖို့ခက်တယ်။ သူ့ရဲ့အဆိပ်တွေ ဘာတွေအားလုံးကိုယ်က ရှုမိတာဖြစ်တယ်။ ဒါဆိုတော့ ငှက်ပျောခင်းက လူတွေက အသက်ဆုံးရှုံးရတဲ့အထိဖြစ်တယ်။ အရင်ကတည်းကပေါ့နော စမ်းချောင်းကလေးတွေရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ပေါ့ စိမ်းစို လှပစွာရှိပါတယ်။ ငှက်ပျောစိုက်ခင်း သွားလုပ်တဲ့အချိန်မှာ ခနတာအတွင်းပေါ့နော အကုန်လုံး ပျက်စီး သွားတယ်။ အဲ့ဒီစမ်းချောင်းထဲမှာရှိတဲ့ စမ်းချောင်းက အစကစီးနေတာပေါ့နော အခုတော့ အကုန်လုံးပျက်စီး နေတာကိုတွေ့ရပါတယ်။ ငါးတွေဘာတွေပေါ့နော တကယ့်သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ ငါးတွေ ဘာတွေပေါ့နော အကုန်လုံးသေကြေပျက်စီး ရပါတယ်ဟု လိုင်ဇာဒေသခံ ဖုန်းအောင်ကပြောသည်။

လုပ်ခလစာသတ်မှတ်ရာတွင်လည်း တရုတ်အလုပ်သမားများနဲ့ တန်းတူညီမျှစွာ မရရှိကြောင်းကို သူကအခုလိုဆက်ပြောသည်။

ဒီငှက်ပျောခင်းနဲ့ ပတ်သက်ပြီးတော့လာလုပ်ကြတယ်။ တန်ရာတန်ကြေးတောင်းတဲ့အခါမှာ တစ်နေ့ကို ငါးဆယ်ပေးရမှာဟုတ်လား တစ်ခါတစ်လေဆို လေးဆယ်ပဲပေးတဲ့ အချိန်လည်း ရှိတယ်။ အဲ့ဒီလိုမျိုးပေါ့နော နှိမ်တယ်ပေါ့နော။ အလုပ်ခွင်ထဲမှာ ကွာဟမှုအများကြီးရှိတယ်ပေါ့။ သူတို့တရုတ်တွေလာလုပ်တဲ့အချိန်ဆိုရင် ဈေးနှုန်းကတော့ အဲဒီအတိုင်းပဲပေါ့နော။ ဒေသခံလာ လုပ်တဲ့အချိန်မှာတော့ ဈေးနှိမ်တာပေါ့ အဲ့ဒီလိုမျိုး အများကြီးရှိတယ်

၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်ဖြစ်လာသော ကချင်ပြည်လွတ်လပ်ရေးတပ်မတော် ( KIA ) နှင့် မြန် မာ့တပ်မတော်တို့အကြား စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် လိုင်ဇာမြို့ကိုရောက်ရှိ လာပြီး မိသားစုစားဝတ်နေရေးအတွက် အဆိုပါအလုပ်ကို မလုပ်ချင်သော်လည်း လုပ်ကိုင်နေရ သည်ဟု ငှက်ပျောခြံစောင့် ဒေါ်ဇေနန်းက ပြောသည်။

ကျွန်မတို့က စားဝတ်နေရေးအတွက်နဲ့ လုံးပန်းနေရ တာပေါ့နော။ မလုပ်ဘူးဆိုလည်း ဒီအပြင် အလုပ်က မရှိဘူး။ ပိုဆိုးတာက ခေတ်က မကောင်းထားဘူး၊ နိုင်ငံရေးက မကောင်းထားဘူးဆိုရင် ဟိုသွားမယ် ဒီသွားမယ်ဆိုရင် ဒီနယ်တစ်ဝိုက်မှာပဲရှိတဲ့အလုပ်ကို မပျော်လည်းလုပ်၊ ပျော်လည်း လုပ် ဆိုတာမျိုးပေါ့နော အဲ့ဒီလိုမျိုးလုပ်နေရတာ

ဒေသခံအလုပ်သမားများနှင့် စစ်ဘေးဒုက္ခသည်များသည် လိုင်ဇာပတ်ဝန်းကျင်ရှိ တရုတ်လူမျိုးများ ပိုင်သည့် ငှက်ပျောခင်းများတွင် နေ့စားအလုပ်သမားများအဖြစ် လုပ်ကိုင်နေကြသည်ဟုသိရသည်။

ကချင်ပြည်နယ်အတွင်း တရုတ်လူမျိုးများပိုင်ဆိုင်သည့် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်မှာ ၂၀၀၈ ခုနှစ်လောက်မှ စတင်ခဲ့ရာ ၂၀၁၁ နောက်ပိုင်းတွင် ပိုမိုများလာ သည်ဟု ဒေသခံများက ပြောသည်။

ငှက်ပျောစိုက်ခင်းများတွင် အသုံးပြုသည့် ဓါတုဆေးဝါးပစ္စည်းများ၊ ပိုးသတ်ဆေး၊ မြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ဒေသခံ နေ့စားအလုပ်သမားများ၏ ကျန်းမာရေးထိခိုက်မှုများ အခုနှစ်အတွင်း ဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီး မြေဆီလွှာပျက်ဆီးခြင်း၊ ရေနေသတ္တဝါများ သေကြေခြင်းများသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ခန့်မှစတင် ဖြစ်ပေါ်နေသည်ဟု ပြောသည်။