တိုင်းရင်းသား ဘာသာအစီအစဉ် ( မြန်မာဘာသာ) ၃၀ – ၁၂ – ၂၀၁၈။

ဆိုးကျိုးတွေ ကျရောက်နိုင်လို့ ရှမ်းပြည်နယ် နမ့်တိန်းမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ အထက်ကျိုင်းတောင်းရေကာတာကို ရပ်တန့်ပေးဖို့ ရှမ်းပြည်နယ် မြစ်ချောင်းများ လှုပ်ရှားမှုအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အစိုးရတပ်မတော် နဲ့ ကိုးကန့်တပ်ဖွဲ့တွေ ၂၀၁၆ ခုနှစ်က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ မုံးကိုးဒေသမှာ ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာနေကြတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို သယ်ယူလာတဲ့ မူးယစ် စိတ်ကြွဆေးပြား ၁၈ သန်းကျော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။