ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၁၈ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း မှာအပိုင်း ၃ ပိုင်းရှိတယ်ဆိုတဲ့အကြောင်းကို အရင်တစ်ပတ်က တင်ဆက်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာကတော့ အပိုင်း ၃ ပိုင်းထဲက လမ်းပိုင်းနဲ့ပတ်သက်ပြီး ပြောပြပေးမှာပါ။ လမ်းပိုင်းကို ထားဝယ်-ထီးခီးကနေ ထိုင်းနိုင်ငံအထိ ချိတ်ဆက်မယ့်လမ်းပိုင်းပဲဖြစ်ပါတယ်။ ဒီလမ်းဖောက်လုပ်တဲ့အချိန်တုန်းက ဒေသခံတွေအနေနဲ့ ဘာတွေနစ်နာဆုံးရှုံးခဲ့ပါသလဲ။ လက်ရှိလမ်းပိုင်းပြန်လည်စတင်တော့မယ်ဆိုတော့ သူတို့တွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ လေ့လာသူတွေနဲ့ ဒေသခံတွေရဲ့သဘောထားကို မေးမြန်းထားပြီး ဒီတစ်ပတ်အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ၇း၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာင်္နေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။