KIA ဌာနချုပ် လိုင်ဇာနှင့် အနီးတဝှိုက် လက်နက်ကြီးများနှင့် ပစ်ခတ်ခံနေရ

သတင်းနှင့်မီဒီယာ ကွန်ယက်။
သြဂုတ်လ ၁၈ ရက်နေ့ ၊ ၂၀၁၆ ခုနှစ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးရှိ ရှေ့တန်းတပ်စခန်းများ အပြင် တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက်ရှိ KIA တပ်စခန်းများရှိရာသို့ ဒီကနေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများ ပြုလုပ်လာ သည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီးနော်ဘူမှ သတင်းနှင့်မီဒီယာ ကွန်ယက်သို့ အတည်ပြု ပြောဆိုသည်။

“ဒီမနက်ပိုင်း ၁၀ နာရီ နဲ့ ၁၁ နာရီကြားမှာ ဒီ နယ်စပ်ဒေသ တစ်လျှောက်အားလုံးလိုလို သူ တို့ လက် နက်ကြီး ၈၁ မမ နဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေရှိတယ် တပ်မဟာ လုံခြုံရေး နယ်မြေပေါ့ ဒီက ဒွမ် ဘောင်ဘွမ်ဆိုတဲ့ တပ်မတော်တပ်စခန်းကနေ တပ်မဟာ နဲ့ လုံခြုံ ရေးနယ်မြေဖြစ်တဲ့ ယင်ဖန်ဖက် နေရာမှာလည်း ၈၁ မမနဲ့ ပစ်တာတွေရှိတယ် ဒါက ဒီနေရာ မှာတော့ လေးကြိမ်လောက် ပစ်တယ်လို့ ကြားပါတယ် နောက်ပြီးတော့ ဒီ ဒေါ့ဖုန်းယန် လက် နက်ကြီးတပ်ကနဲ့ ဒီ KIA ဂျော်မော်ဆိုတဲ့ ရှေ့တန်း တပ်စခန်းတွေကို ၈၁ မမနဲ့ ပစ်တာကို ကြားတယ် နောက် ဒီ ဂျာ်မော် ဆိုတာကတော့ တပ်မဟာ လုံခြုံရေးနယ်မြေဖြစ်ပါတယ် နောက်ပြီးတော့ ဒီ လိုင်ဇာနားက ွန်းပြန်ဘွမ်တောင် တပ်မတော် တပ်စခန်းကနေ တပ်မ ဟာ လုံခြုံရေးနယ် မြေလည်းဖြစ်တယ် နောက် ကျောင်းသားတပ်တွေရှိတဲ့ နယ်မြေလည်း ဖြစ်တယ် အဲဒီနေရာဖက်မှာ ၈၁ မမ နဲ့ ပစ်တာတွေရှိတယ် နောက် ခါရာဘွမ်ကနေတော့ ဒီလိုင်ဇာရဲ့ မြောက်ဖက်ကျတာပေါ့ ဒီ မိုင်ဆပ်ပါ ဆိုတဲ့ နေရာဖက်မှာ ၈၁ မမနဲ့ ၁၁ ကြိမ် လောက် ပစ်ခတ်တာ တွေရှိတယ် နောက်ပြီးတော့ လိုင်ဇာ မြစ်ကြီးနားလမ်းပေါ်က မလိခ တံတားဦးကနေ အဲဒီ မလိတပ် စခန်းကနေ အင်ခရန်ဂဂန်ဆိုတဲ့ နေရာဖက်မှာ ဒီ ၈၁ မမနဲ့ ပစ်တာတွေရှိတယ် အဲဒါကတော့ ဒီနေ့ ၁၀ နာရီ နဲ့ ၁၁ နာရီကြားမှာ မြန်မာ့တပ်မတော်ဖက် ကနေ ဒီ KIA တို့ ရှိတဲ့နေရာကို ရမ်းပြီးမှ ၈၁ မမနဲ့ ခြိမ်းခြောက် ပစ်ခတ်တာရှိပါတယ် လိုင်ဇာ ရဲ့ မြောက်ဖက်မှာကျတဲ့ မုန်လိုင်ခက် ဒီ AA တပ်စခန်း အနီး တစ်ဝိုက်မှာပေါ့ ပစ်တဲ့လက် နက်ကြီးတွေ အားလုံးကတော့ တပ်စခန်းထဲမှာ ကျတာတော့ မရှိဘူး အနီး အနားမှာကျပါ တယ်။ ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူမှ ပြောသည်။

ထို့ပြင် မြန်မာ့တပ်မတော်ဖက်မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ် ရေးထိုးထားသော ကျောင်းသားတပ်မတော် မြောက်ပိုင်း ( ABSDF – NB ) ရှေ့တန်းတပ် စခန်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိပြီး မိမိတို့ NCA စာချုပ် လက်မှတ်ရေးထိုးထားသော အဖွဲ့အနေ ဖြင့် သတိကြီးစွာဖြင့် အခြအနေကို စောင့်ကြည့်နေသည်ဟု ကျောင်းသားတပ်မတော် မြောက်ပိုင်း (ABSDF – NB ) မှ ဥက္ကဌ ဗိုလ်မှူး လဆိုင်းမှ ယခုလိုပြောသည်။

ကျနော်တို့ ဒီလိုင်ဇာ ကျနော်တို့ ကျောင်းသားတပ်မတော်ကနေပြီးတော့ တာဝန်ယူထားတဲ့ကုန်း တွေရဲ့ အရှေ့ဖက်မှာရှိတဲ့ ရန်သူစခန်းကုန်းကနေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းထုတယ် ကျနော်တို့ ကျောင်းသားတပ်မတော် ရှေ့တန်းစခန်းမှာလည်း လာကျတယ်။ ကျနော်တို့ကတော့ ဒီတိုင်းပဲ သူတို့ ရန်စတာကို ဒီတိုင်းပဲကြည့်နေတာပေါ့လေနော ဘာကြောင့်လဲဆိုတော့ ကျောင်းသားတပ်မတော် က ဒီအချိန်မှာ NCA လက်မှတ်ထိုး ထားတဲ့အတွက်ဖြစ်တယ်ကျနော်တို့က ကြည့်ရုံပဲကြည့်တယ်ဘာ လုပ်လာမလဲဆိုတာ ကြည့်နေတာပေါ့ ဟု ဗိုလ်မှူး လဆိုင်းမှ ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်မှု ခံနေရချိန်သည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်ဖြစ်သော တရုတ်နိုင်ငံသို့ သွားရောက်ချိန်နဲ့လည်း တိုင်ဆိုင်နေသည်။

ဒီတိုက်ခိုက်မှုနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူး ကြီးနော်ဘူက ယခုလို သုံးသပ်ပြောဆိုသည်။

ကျနော်သုံးသပ်တာကတော့ ဒီ ၂၁ ရာစု ပင်လုံညီလာခံကို တက်ဖို့ တပ်မတော်ဖက်နဲ့ ဒီ တက်ဖို့ တောင်မဟုတ်ဘူး ဒီ NCA ဆိုတဲ့ လက်မှတ်ထိုးဖို့ ဖိအားပေးတဲ့ သဘောမျိုးနဲ့ ခြိမ်းခြောက်တယ် လို့ ကျနော်မြင်ပါတယ် ဒါတစ်ချက်၊ ဒုတိယအချက်ကတော့ အခုတစ်ဖန် ဒီ KIA အုပ်ချုပ်နယ်မြေမှာ သူတို့က စစ်ဆင်ရေးလုပ်ဖို့ စီစဉ်ရှိတယ်လို့ ကျနော်အဲလိုပဲမြင်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ KIA အုပ်ချုပ်နယ်မြေမှာ အရေးကြီးတဲ့ ဒီဗျူဟာကျတဲ့နေရာမှာ သူတို့နေရာ ယူဖို့ နည်းနည်း အစီအစဉ် များရှိမလားလို့ အဲ့လိုသုံးသပ်ပါတယ် ဟု ဒု- ဗိုလ်မှူးကြီး နော်ဘူမှ ပြောဆိုသည်။

ယနေ့ ပစ်ခတ်မှုတွင် KIA ဖက်မှ တန်ပြန်ပြီး ပြန်လည်ပစ်ခတ်မှုများမရှိကြောင်း ယခုအချိန်ထိ မြေပြင်တိုက်ပွဲအခြေအနေ မရှိသေးကြောင်း ဒု- ဗိုလ်မှူးကြီးနော်ဘူမှ ဆက်ပြောသည်။

မြန်မာ့တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမည်ဆိုပါက ယခု ပြုလုပ်နေ သော ထိုးစစ်များကို ရပ်ဆိုင်းရန်လိုကြောင်း ဗိုလ်မှူး လဆိုင်းမှ သူ့ရဲ့အမြင်ကို ယခုလို ပြောသည်။

 ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ် မြန်မာနိုင်ငံရဲ့ တကယ့် ပြည်တွင်းစစ်ကို ရပ်စေချင်တယ် ဆို လို့ရှိရင် ဒီ ကျနော်တို့ နိုင်ငံမှာ ဦးဆောင်နေတဲ့ အခု တပ်မတော်ဆိုတဲ့ စစ်တပ်ကနေပြီးတော့ တ ကယ့် ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် ကိုယ့်ရဲ့ထိုးစစ်ဆင်မှုတွေအကုန်ရပ် နောက်မှ သူရဲ့လက်နက် ကြီး ဒီလိုမျိုး ဒီကနေ့ ပစ်ခတ်မှုတွေ အကုန်လုံးရပ်ပြီးမှ အကုန်လုံးပွင့်ပွင့်လင်းလင်း စားပွဲ ဝိုင်းပေါ်မှာ တွေ့ပြီးမှ ဖြေရှင်းတာဟာ အကောင်းဆုံးပဲလို့ ကျနော်တို့က အဲလိုပဲ မြင်ပါတယ်။ဟု ဗိုလ်မှူး လဆိုင်းမှ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း မြန်မာ့တပ်မတော် မှ KIA ဗိုလ်သင်တန်းကျောင်း သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိုင်းရင်းသား ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ သည်။

မြန်မာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ရာနယ်မြေများအတွင်းသို့ ဇူ လိုင်လ လကုန်ပိုင်း မှ စတင်၍ ယနေ့အချိန်အထိ စစ်ရေးလှုပ်ရှားမှုများ အဆက်မပြတ်ဆောင်ရွက် လျက်ရှိပြီး တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။