ရှမ်းမြောက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၊

မတ်လ ၆ ရက်၊၂၀၁၇ ခုနှစ်။
သတင်းနှင့် မီဒီယာကွန်ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသများအတွင်းသို့ မြန်မာ့တပ်မတော်မှ တပ်အင်အား တိုးချဲ့ မှုများ ပိုမိုပြု လုပ်လာသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေသည် ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) မှ ပြောသည်။

အစိုးရမှ ငြိမ်းချမ်းရေး ရရှိရန် ကြွေးကြော်နေသော်လည်း မြန်မာ့ တပ်မတော်မှ ယခုကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ တပ်အင်အား တိုးချဲ့ လာသည့်အတွက် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးကိုလည်း ထိ ခိုက်စေသည်ဟု PSLF/TNLA မှ ပြောသည်။

“တစ်ဖက်ကကျတော့ အစိုးရကတော့ ငြိမ်းချမ်းရေး စကားပြောတယ်။ ငြိမ်းချမ်းရေးလို့ ကြွေးကြော် တယ်။ အားလုံးပါဝင်ဖို့အတွက် သူကဖိတ်ခေါ်တယ်။ တစ်ဖက်က တပ်မတော်က ရှမ်းမြောက်ဒေသမှာ တွေ့ဆုံ ဆွေးနွေးမှု မကမ်းလှမ်းပဲနဲ့ ထိုးစစ်ပဲ ပြုလုပ်လာတာရှိတယ်။ ဒီလိုမျိုးဆက်ပြီးမှ လုပ်မယ်ဆိုရင် တော့ မြန်မာ့ ငြိမ်းချမ်းရေးက ဖြစ်လာဖို့ တော်တော်လေး ခဲယဉ်းတဲ့ အနေအထား ရှိတယ်။ မြန်မာ့တပ် မတော် လည်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ အဖွဲ့ဖြစ်လား မဖြစ်လား ဆိုတာ သုံးသပ်စရာဖြစ် တယ်။” ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကျောက်မဲ၊ လာရှိုး အစရှိသည့် ဒေသ များသို့ မြန် မာ့တပ်မတော်မှ တပ်အင်အားများထိုးချဲ့ ဖြည့်တင်းလာသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင် ခြင်းဖြစ်သည်ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

“မနေ့ကနေ ဒီမနက်အထိ တောက်လျှောက် ဒီ ပြင်ဦးလွင်ဖက်ကနေ တပ်မ ၆၆ လို့တော့ ကျနော်တို့ သတင်းရတယ်။ ကားအစီး ရာချီ လောက်ရှိတယ်။ အင်အားကတော့ ထောင်ချီရှိတယ်လို့ ပြောလို့ရ တယ်။ ခြုံပြီးပြောလို့ရှိရင်တော့ ဒီမြောက်ပိုင်း တစ်ခွင်လုံးပေါ့နော။ မြောက်ပိုင်း တစ်ခွင်လုံး ထပ်ပြီးမှ ပြန်ပြီး အင်အားဖြည့်ထားတာ တွေ့ရတယ်။ တိုက်ပွဲကတော့ အရင်ကထက် စာလို့ရှိရင်တော့ ပိုပြီး ပြန်ပြင်းထန်လာနိုင်တဲ့ အနေအထားကတော့ ရှိတယ်။” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် မှ ပြောသည်။

ယခင်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ တပ်မ ၇၇၊ တပ်မ ၃၃၊ တပ်မ ၉၉၊ တပ်မ ၅၅၊ တပ်မ ၁၁ တို့ဖြင့် တပ်စွဲထားပြီး ယခုအခါ တပ်မ ၈၈ နှင့် တပ်မ ၆၆ တို့ကို ထပ်မံ အင်အား ဖြည့် တင်းထားသည်ဟု သိရသည်။

တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အနေဖြင့် တိုက်ပွဲ ဖြစ်ပွားမှု မရှိ အောင် တတ်နိုင်သမျှ ရှောင်ရှားနေသော်လည်း မြန်မာ့တပ်မတော်မှ တောတွင်းအထိ လိုက်လံ တိုက် ခိုက်လာသည့်အတွက် စစ်ရေးအရ ရှောင်လွှဲမရသည့် အနေအထားသို့ ရောက်ရှိမှသာ ပြန်လည် တိုက်ခိုက်ရသည့်အတွက် တိုက်ပွဲ ဖြစ်ပွားရသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။

လတ်တလောတွင် ရှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) ဒေသနှင့် ကိုးကန့်ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( PSLF/TNLA) သည် တစ်နိုင်ငံလုံး ပစ် ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရန် ပြီးခဲ့သည့် ပန်ခမ်း အစည်း အဝေးတွင် အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဝင်များဖြစ်သည့် ရက္ခိုင်အမျိုး သားအ ဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/AA)၊  ကချင်လွတ်လပ်ရေး အဖွဲ့/ကချင်လွတ်လပ်ရေး တပ်မ တော်(KIO/KIA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNTJP/MNDAA)၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တ အာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်(PSLF/TNLA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ/ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုး သား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (PSC/NDAA)၊ ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ/ ‘ဝ’ ပြည်သွေး စည်းညီညွှတ်ရေး တပ်မတော်(UWSP/UWSA)၊ စသည့် အဖွဲ့ (၇) ဖွဲ့ တို့နှင့်အတူ ဆုံးဖြတ်ခဲ့ကြသည်။