လူ့အခွင့်အရေးကို ဦးတည်သည့် ဖက်ဒရယ်စနစ် အပိုင်း ( ၇၃ )

“ခြံဝင်းထဲမှာ ကျနော်တို့ကို ဝပ်ပြီး အကာလုပ်ခိုင်းထားတာ။ ကျနော်တို့ကို ခြံစည်းရိုး ၂ ခုအကျော် စည်းရိုး ၃ ခုမြောက်မှာ ကတုတ်ဘေးမှာပေါ့နော်၊ နည်းနည်းတောင် လှုပ်လို့မရဘူး။ ခေါင်းတောင် လှုပ်လို့မရဘူး။ ခေါင်းနည်းနည်းလှုပ်တာနဲ့ အားလုံးကို ပစ်သတ်လိုက်မယ် အဲ့လို ခြိမ်းခြောက်တယ်။ နေ့ရော ညရော အဲ့လိုပဲ ဝပ်ပြီးနေနေရတယ်။ နည်းနည်းလေးလှုပ်တာနဲ့ သေနတ်နဲ့ ပစ်ပြီး ခြိမ်း ခြောက်တယ်။” (မုံးကိုး ဒေသခံ)