လူ့အခွင့်အရေးကို ဦးတည်သည့် ဖက်ဒရယ်စနစ် အပိုင်း ( ၇၄)

ဒီတပတ်မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသအတွင်း ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း ကာလတွေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဒေသခံတွေဟာ လူသားဒိုင်းတွေအဖြစ် အသုံးချခံခဲ့ရတယ်လို့ ပြောပါတယ်။ လူသားဒိုင်းအဖြစ် အသုံးချခံခဲ့ရတဲ့ ဒေသခံတွေရဲ့ အသံတွေနဲ့ ဒီလိုအသုံးချခံရတာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားတဲ့ဥပဒေကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ထောက်ပြ သုံးသပ်ထားတာကို တင်ဆက်ပေးသွားမှာပါ။