မွန်ပြည်နယ်အတွင်းရှိ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား (ဓာတ်ပုံ)

မွန်ပြည်နယ်အတွင်းက ကရင်တိုင်းရင်းသားတို့၏ ပြည်နယ်အဆင့် ကျင်းပသည့်ဝါခေါင်လ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို သြဂုတ်လ ၂၆ ရက်နေ့ကမော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ အတုလရန်အောင်စာသင်တိုက်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်တွင် ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို မော်လမြိုင်မြို့အပြင် ကရင်တိုင်းရင်းသားများ နေထိုင်သည့် နေရာပေါင်း ၁၃၀နေရာ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲများအတွက် မွန်ပြည်နယ်အစိုးရက ငွေကျပ်သိန်း ၅၅၀ ထောက်ပံ့ပေးခဲ့သည်။