ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၁၃ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ တော့ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်သ၍ ပြည်တွင်းစစ်မီး မငြိမ်းနိုင်သလို၊ စစ်မှန်တဲ့ ဖက်ဒရယ် ဖက်ဒရယ် ပြည် ထောင်စုကို မတည်ဆောက်နိုင်ဘူးလို့ တိုင်းရင်းသားခေါင်းဆောင် နှင့် လေ့လာသုံးသပ်သူ တွေက ဆိုကြ ပါတယ်။ တစ်ဖက်မှာလည်း NLD အစိုးရအနေနဲ့ လွှတ်တော်ထဲကနေတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေကို ပြင်ဆင်ဖို့ လုပ် ဆောင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ဖို့ဆိုတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ အဓိ ကကျတဲ့ ရွေးကောက်ပွဲ မဲဆွယ်ကတိ တစ်ခုဖြစ်ပြီး အစိုးရ သက်တမ်း ၃ နှစ်ကျော်မှ ဒါကို အကောင်အ ထည်ဖော်ဖို့ ကြိုးစား လာတာလို့ ဆိုရမှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ NLD အစိုးရ အနေနဲ့ ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိလာနိုင်သလဲ၊ တိုင်းရင်းသားတွေဖက်က အမြင်က ဘယ်လိုရှိပါသလဲ စတဲ့ အကြောင်း အရာနှင့် ပတ် သက်ပြီး လွှတ်တော်ထဲက ဆွေးနွေးချက်တွေနဲ့အတူ တိုင်းရင်းသား ပါတီတွေ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ခေါင်းဆောင်တစ်ချို့ကို မေးမြန်းထားပြီး ဒီတစ်ပတ် အစီအစဉ်ကနေ တင်ဆက်ပေးထားပါ တယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ
Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။