ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၁၄ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်သံရုံးက ရေကာတာ ဆောက်လုပ်တာကို ဒေသခံတွေအနေနဲ့ ဒေသခံပါတီတွေက ကန့်ကွက်တာ မရှိဘူးဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က နေပြည်တော်မှ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်းကလည်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အရွယ်အစားနဲ့ နေရာပြောင်းလဲဖို့အတွက် တရုတ်နိုင်ငံနဲ့ ညှိနှိုင်းနေကြောင်း ပြောဆိုခဲ့ပါတယ်။ ယခုလို ထုတ်ပြန်ပြောဆို လာတဲ့အပေါ် ဒေသခံတွေ၊ ပါတီတွေ၊ လူမှု့အသင်းအဖွဲ့တွေက ဖေဖော်ဝါရီ လ (၇) ရက်နေ့က မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်တန့်ရေးအတွက် မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်က မနောကွင်းထဲမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဘာကြောင့် ဒေသခံတွေအနေနဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို မလိုချင်ကြတာလဲ၊ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း စတင်ချိန်က ဒေသခံတွေရဲ့ နစ်နာမှုတွေကဘာလဲ စတဲ့အကြောင်းအရာတွေကို ပြောင်းရွေ့ခံ ဒေသခံတွေ၊ ပါတီတွေနှင့် လူမှု့အသင်းအဖွဲ့က ပြည်သူတွေရဲ့ သဘောထားတွေကို မေးမြန်းထားပြီး ဒီတစ်ပတ်အစီအစဉ်က တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ
Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။