တိုင်းရင်းသား ဘာသာအစီအစဉ် ( မြန်မာဘာသာ) ၁၅ – ၃ – ၂၀၁၉ ။

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန NRPC နဲ့ တပ်မတော်က ဖွဲ့စည်းထားတဲ့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ဆုံဖို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ညှိုနှိုင်းခဲ့ပါတယ်။

ပင်လုံစာချုပ်အကြောင်းကို မျိုးဆက်သစ်လူငယ်တွေ သိရှိနိုင်ဖို့ ရည်ရွယ်ပြီး ပင်လုံလက်စွဲစာအုပ်ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့က စုပေါင်း ထုတ်ဝေလိုက်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးအစည်း အဝေးကို မေလမှာ ကျင်းပပြုလုပ်ပြီး ဦးဆောင်မှုပုံစံသစ်ကိုလည်း ရွေးချယ်သွား မယ်လို့ ပြောပါတယ်။