KNPP နဲ့ တပ်မတော်တွေ့ဆုံ

မတ်လ၁၉ ရက်နေ့က KNPP နဲ့ တပ်မတော်တို့ တရားဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးမှုမှာ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါသလဲ၊ ဘာသဘောတူညီမှုတွေရရှိခဲ့ကြသလဲ၊ လက်ရှိ အနေအထားအရ KNPP အနေနဲ့ NCA  လက်မှတ်ရေးထိုးဖို့ အခြေအနေဘယ်လိုရှိနေသလဲ။ တပ်မတော်နဲ့ တွေ့ဆုံ ဆွေးနွေးမှု အခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးကို သတင်းနှင့် မီဒီယာကွန်ရက်က ဆက်သွယ်မေးမြန်းထားပါတယ်။