ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၁၇ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒေသခံလူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှု၊ ရင်းနှီးမြှုပ်နှံမှု အခက်အခဲတွေကြောင့် ၂၀၁၃ ခုနှစ်ကတည်းက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို အစိုးရအနေဖြင့် ဆိုင်းငံ့ထားခဲ့ပါတယ်။လောလောဆယ်အနေအထားအရ စီမံကိန်းကို ပြန်လည်စတင်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ ဒီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ ဥယျဉ်ခြံမြေအပြင် လုပ်ကိုင်စားသောက်မယ့် နေရာတွေ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုတွေ လူ့မှုရေးဆိုင်ရာ သက်ရောက်မှုတွေကြုံရနိုင်တယ်လို့ ပြောကြပါတယ်။ ယခုအချိန်အထိ စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ လေ့လာသုံးသပ်သူတွေနဲ့ ဒေသခံတွေကို မေးမြန်းထားပြီး ဒီတစ်ပတ်အစီအစဉ်ကနေတင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ
Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။