တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၇ – ၆ – ၂၀၁၉ ။

ရခိုင်ပြည်နယ် စစ်တွေမြို့လယ်ခေါင်မှာရှိတဲ့ ရဲစခန်းဘေးပတ်ပတ်လည်က ဈေးဆိုင်ခန်း ၇ဝ ကျော်ကို နေရာကနေ ဖယ်ရှားခိုင်းနေတဲ့အတွက် ဆိုင်ခန်းပိုင်ရှင်တွေ အခက်အခဲဖြစ်နေကြရပါတယ်။

ရှမ်းပြည်နယ်မှာတော့ သက်တမ်းနှစ်ပေါင်း ၂၀၀ ကျော်ရှိတဲ့ သမိုင်းဝင် ဆင်းတုတော် ရာချီကို လဲချားမြို့ ရပ်ကွက် ၃ က စေတီတော်ဟောင်းဝင်းအတွင်းမှာ တူးဖော်ရရှိခဲ့ပါတယ်။

အစိုးရနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုကရင်ပြည်နယ်က မြိုင်ကြီးငူ စစ်ဘေး ရှောင်စခန်းမှာရှိတဲ့ပြည်သူတွေအတွက်ကောင်းမွန်တဲ့အစီအမံတွေ ဖော်ဆောင် ပေးဖို့်ကရင်လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။