ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၂၀ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ၄ လကြာ ရပ်တန့်နေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ရှေ့ဆက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ မတ်လအစောပိုင်းက စတင်လို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုနောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်လိုရှိနေပါသလဲ။ တိုင်ရင်းသား ခေါင်းဆောင်များကို မေးမြန်းထားပြီး ဒီတစ်ပတ် အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ၇း၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာင်္နေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ
Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။