ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်အစီအစဉ် အပိုင်း (၂၈)

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ NCA ကနေတစ်ဆင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်လို့ တိုင်းရင်းသားတွေ မျှော်မှန်းထားပေမယ့် လက်ရှိမှာတော့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ အနေနဲ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ ခက်ခဲနေဆဲ တစ်ဆို့နေဆဲပဲဖြစ်ပါတယ်။ ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ၊ ဒီတစ်ဆို့မှုတွေကို ဘယ်လိုအဖြေရှာကြမလဲ။ NCA-EAOs တွေအနေနဲ့ NCA မှာ လက်မှတ်ထိုးထားတဲ့ နှစ် ကျော် နှစ်နီးပါးကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အဓိက စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး တိုင်း ရင်းသား ခေါင်းဆောင်များတွေက ဘာတွေပြောထားပါသလဲ။ သူတို့ရဲ့ ထောက်ပြချက်တွေက ဘာတွေလဲ။ ဒီတစ်ပတ် အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ၇း၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာင်္နေ့ မနက်၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည်၂း၁၅
ကြာသာပတေးနေ့ ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။