တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( မြန်မာဘာသာ) ၅ – ၈ – ၂၀၁၉ ။

ကရင်ပြည်နယ်အတွင်းက ပအိုဝ်းတိုင်းရင်းသားတွေအနေနဲ့ လာမယ့် (၂ဝ၂ဝ) ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအဖြစ် ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ် ခွင့်ပေးဖို့ ကရင်ပြည်နယ်အတွင်းက ပအိုဝ်းလူငယ်တွေ တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်မှာတော့ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အစိမ်းရောင်စွမ်းအင်ကို အသုံးပြုဖို့ အစိုးရကို ရှမ်းပြည်သူပြည်သား၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးလှုပ်ရှားသူ တွေက တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၄ မြို့နယ်မှာ ပြီးခဲ့တဲ့တပတ်က မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။