တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၂၆ – ၈ – ၂၀၁၉ ။

NCA အကောင်အထည်ဖော်မှုဆိုင်ရာလုပ်ငန်းစဉ် ၄ ရပ်ပါဝင်တဲ့ အဆိုပြုချက် တွေကို အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထံ ပေးအပ်ခဲ့ပြီး နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့လည်း အကြံပြုခဲ့တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ အစိုးရကအဆိုပြုထားတဲ့ လုပ်ငန်းစဉ် ၄ ရပ်ကို ဆက်ဆွေးနွေးနိုင်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ အစိုးရကိုယ် စားလှယ်အဖွဲ့တို့ စက်တင်ဘာလ ပထမအပတ်မှာ ထပ်မံတွေ့ဆုံမယ်လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၅ ရက်အတွင်း တန်ဖိုးငွေကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင်နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။