အစိုးရႏွင့္ ေျမာက္ပိုင္းေလးဖြဲ႔တို႔ ၾသဂုတ္ ၃၁ တြင္ ေတြ႔ဆံုရန္ ခ်ိန္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ၂၉ ရက္။

အစိုးရႏွင့္ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႔တို႔ ၾသဂုတ္လ ၃၁ ရက္ေန႔တြင္ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral ကိစၥ ရပ္မ်ားကို ေတြ႕ဆံု ေဆြးေႏြးၾကမည္ဟု ကခ်င္ၿငိမ္းခ်မ္းေရး အက်ဳိးေတာ္ေဆာင္အဖြဲ႔ PCG က ေျပာသည္။

“အခုေလာေလာဆယ္ေတာ့ ေတြ႕ဖို႔ေတာ့ အစီအစဥ္ေတာ့ ရွိတယ္။ က်ေနာ္တို႔လည္း မနက္ျဖန္ဆင္းဖို႔ေတာ့ အစီအစဥ္ရွိတာေပါ့ေနာ္။ ဒါေပမယ့္ တကယ္ျဖစ္လာတဲ့ အခ်ိန္က်မွပဲ ဘယ္ေနရာဆိုတာ သိမယ္။ ၃၁ ရက္ေန႔ လုပ္ဖို႔ေတာ့ အစီအစဥ္ေတာ့ရွိတယ္” ဟု ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္အဖြဲ႔ PCG မွ ဦးဆမ္ေအာင္က ေျပာသည္။

ေတြ႔ဆံုေဆြးေႏြးမည့္ ေနရာႏွင့္ ပတ္သက္၍ ဦးဆမ္ေအာင္က ယခုလိုဆက္ေျပာသည္။

“ေနရာကေတာ့ အဆင္ေျပေလာက္ဖို႔ နီးပါၿပီ က်ိဳင္းတံုမ်ား ျဖစ္လာမလားေပါ့။ ဒါေပမယ့္ တကယ္ျဖစ္လာတဲ့ အခ်ိန္မွပဲ အတည္ျဖစ္မွာပါ” ဟုေျပာသည္။ “ဘယ္သူဘယ္သူပါမယ္ဆိုတာ နာမည္စာရင္းေတာ့ က်ေနာ္တု႔ိ မသိေသးဘူးခင္ဗ်ာ။ တပ္မေတာ္က ပါမယ္ မပါဘူး ဆိုတာကေတာ့ အမွန္ေတာ့ အပစ္ရပ္ဆိုတာကေတာ့ တပ္မေတာ္က ပါေတာ့ပါရမွာေပါ့။”

ဧၿပီလ ၃၀ ရက္ေန႔က မူဆယ္ၿမိဳ႕တြင္ ျပဳလုပ္သည့္ ေတြ႕ဆုံေဆြးေႏြးမႈေနာက္ပိုင္း ဆက္လက္ ေတြ႕ဆံု ေဆြးေႏြးႏိုင္ရန္ ေနရာၫွိႏႈိင္းရာတြင္ အဆင္ေျပမႈ မရရွိသည့္အတြက္ ႏွစ္ဖက္ေတြ႕ဆံုေဆြးေႏြးမႈမွာ ကာလအေတာ္အၾကာ ျပတ္ေတာက္သြားခဲဲ့ၾကသည္။

မိုုင္းလားတြင္ ေတြ႕ဆံုုႏိုုင္မည္ဆိုုပါက ေျမာက္ပိုု္င္းမဟာမိတ္အဖြဲ႕အမ်ားအတြက္ ပိုု၍ အဆင္ေျပႏုုိင္သည္ဟုု ရကၡိဳင့္တပ္ေတာ္ ULA/AA က ေျပာသည္။

ရကၡိဳင့္တပ္ေတာ္ ULA/AA သတင္းႏွင့္ျပန္ၾကားေရး တာ၀န္ခံ ခိုင္သုခက“မိုင္းလားဆိုလို႔ရွိရင္ က်ေနာ္တို႔ ရဲ႕ ဒီမ ဟာမိတ္နယ္ေျမလည္း ျဖစ္တယ္ဆိုေတာ့ အဲဒီမွာကေတာ့ ျဖစ္ႏိုင္ေျခက ပိုမ်ားတာေပါ့ေနာ္” ဟု ေျပာသည္။

အစိုးရဖက္မွ က်ိဳင္းတံုတြင္ ေတြ႔ဆံုေဆြးေႏြးရန္ အဆိုျပဳလာသည့္အေပၚ ခိုင္သုခက ယခုလိုဆက္ေျပာသည္။

“အခုဒီက်ိဳင္းတံုကို ေျပာလာလို႔ရွိရင္ေတာ့ ဒီဟာကေတာ့ သိပ္ၿပီးေတာ့ မေသခ်ာေသးဘူးလို႔ က်ေနာ္ထင္တယ္။ ဘာျဖစ္လို႔လဲဆိုလို႔ရွိရင္ က်ိဳင္းတံုက အရင္ကလည္းပဲ ဗမာစစ္တပ္က အဆိုျပဳခဲ့တာရွိတယ္။ အဆိုျပဳတုန္းကလည္း က်ေနာ္တို႔ဖက္က မသြားခဲ့ဘူး။ ဆိုေတာ့ဒီတစ္ႀကိမ္မွာလည္းပဲ အဲဒီလိုျဖစ္လာမယ္ဆိုလို႔ရွိရင္ သိပ္ၿပီးေတာ့ အလားအလာ မရွိဘူးလို႔ ထင္တာပဲ။”

သို႔ရာတြင္ သြားမည္မသြားမည္ကို ဌာနခ်ဳပ္က ဆံုးျဖတ္မည္ျဖစ္ေၾကာင္း ခိုင္သုခက ေျပာသည္။

တပ္မေတာ္မွ တစ္ဖက္သတ္ အပစ္ရပ္စဲထားသည့္ ကာလလည္း ကုန္ဆံုးေတာ့မည္ ျဖစ္သကဲ့သို႔ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္လည္း တိုက္ပြဲမ်ား ပိုမိုျပင္းထန္စြာ ျဖစ္လာသည့္အတြက္ ေတြ႕ဆံုမႈမျပဳလွ်င္ မျဖစ္ေတာ့သည့္ အေနအထားတြင္ ရွိေနသည္ဟု ဦးဆမ္ေအာင္က ေျပာသည္။

“တစ္ခုခုကလည္း လုပ္ရမယ့္ အေနအထားမ်ိဳး၊ ၿပီးေတာ့ ျပည္တြင္းျပည္ပ အကုန္လံုးကလည္း အျမန္ျဖစ္ေစ ခ်င္တဲ့ ဆႏၵေတြ ရွိၾကတာေပါ့။ တ႐ုတ္ျပည္က အစေပါ့ေနာ္။”

ၾသဂုတ္လ ၃၁ ရက္ေန႔ ေတြ႕ဆံုေဆြးေႏြးမႈျဖစ္လာပါက ႏွစ္ဖက္ေဆြးေႏြးမႈအေပၚ မူတည္၍ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားကို တစ္စံုတစ္ရာ ေလွ်ာ့ခ်လာႏိုင္ေကာင္း လာႏိုင္မည္ဟု PCG က ေမွ်ာ္လင့္သည္။

“က်ေနာ္တို႔ကေတာ့ အမ်ားႀကီးေမွ်ာ္လင့္ခ်င္တာေပါ့ေနာ္။ တစ္ခါတည္း အပစ္ရပ္ လက္မွတ္ထိုးတဲ့အထိ ေမွ်ာ္လင့္ခ်င္ပါတယ္။ ဒါေပမယ့္ အဲေလာက္မဟုတ္ရင္လည္း ယံုၾကည္မႈ တည္ေဆာက္တဲ့ ေနရာမွာေတာ့ ေတြ႕ဆံေဆြးေႏြးမႈေတြကေတာ့ အေရးႀကီးပါတယ္။ ဒါေၾကာင့္ မေဆြးေႏြးတာထက္စာရင္ေတာ့ ေဆြးေႏြးတာကတာ့ ပိုေကာင္းတာေပါ့ေနာ္။ ေျပလည္မယ္ မေျပလည္ဘူးဆိုတာကေတာ့ ႏွစ္ဖက္ေတြ႔ဆံုတဲ့ ေဆြးေႏြးခ်က္ေတြ အေပၚမွာပဲ မူတည္ၾကမွာေပါ့ခင္ဗ်ာ” ဟု ဦးဆမ္ေအာင္ က ေျပာသည္။

အစိုးရႏွင့္ အပစ္ရပ္ စာခ်ဳပ္မူၾကမ္း Bilateral ခ်ဳပ္ဆိုႏိုင္ရန္ ညွိႏႈိင္းလ်က္ရွိသည့္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႔မွာ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO/KIA၊ ရကၡိဳင့္တပ္ေတာ္ ULA/AA၊ ျမန္မာအမ်ဳိးသားမ်ား ဒီမိုကရက္တစ္ တပ္ေပါင္းစု တပ္မေတာ္ (MNTJP/ MNDAA- ကိုးကန္႔အဖြဲ႔)၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/ TNLA တို႔ျဖစ္သည္။

၎ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔သည့္ ေျမာက္ပိုင္း တုိင္းရင္းသား လက္နက္ကိုင္မ်ားျဖင့္ ဖြဲ႔စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႔၀င္မ်ားလည္း ျဖစ္သည္။

Unicode Version.

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့ ဩဂုတ် ၃၁ တွင် တွေ့ဆုံရန် ချိန်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်။

အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ ဩဂုတ်လ ၃၁ ရက်နေ့တွင် ပဏာမ အပစ်ရပ်စာချုပ် Bilateral ကိစ္စ ရပ်များကို တွေ့ဆုံ ဆွေးနွေးကြမည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG က ပြောသည်။

“အခုလောလောဆယ်တော့ တွေ့ဖို့တော့ အစီအစဉ်တော့ ရှိတယ်။ ကျနော်တို့လည်း မနက်ဖြန်ဆင်းဖို့တော့ အစီအစဉ်ရှိတာပေါ့နော်။ ဒါပေမယ့် တကယ်ဖြစ်လာတဲ့ အချိန်ကျမှပဲ ဘယ်နေရာဆိုတာ သိမယ်။ ၃၁ ရက်နေ့ လုပ်ဖို့တော့ အစီအစဉ်တော့ရှိတယ်” ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးဆမ်အောင် က ပြောသည်။

တွေ့ဆုံဆွေးနွေးမည့် နေရာနှင့် ပတ်သက်၍ ဦးဆမ်အောင်က ယခုလိုဆက်ပြောသည်။

“နေရာကတော့ အဆင်ပြေလောက်ဖို့ နီးပါပြီး ကျိုင်းတုံများ ဖြစ်လာမလားပေါ့။ ဒါပေမယ့် တကယ်ဖြစ်လာတဲ့ အချိန်မှပဲ အတည်ဖြစ်မှာပါ” ဟုပြောသည်။ “ဘယ်သူဘယ်သူပါမယ်ဆိုတာ နာမည်စာရင်းတော့ ကျနော်တို့ မသိသေးဘူးခင်ဗျာ။ တပ်မတော်က ပါမယ် မပါဘူး ဆိုတာကတော့ အမှန်တော့ အပစ်ရပ်ဆိုတာကတော့ တပ်မတော်က ပါတော့ပါရမှာပေါ့။”

ဧပြီလ ၃ဝ ရက်နေ့က မူဆယ်မြို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း ဆက်လက် တွေ့ဆုံ ဆွေးနွေးနိုင်ရန် နေရာညှိနှိုင်းရာတွင် အဆင်ပြေမှု မရရှိသည့်အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှာ ကာလ အတော်အကြာ ပြတ်တောက်သွားခဲ့ကြသည်။

မိုင်းလားတွင် တွေ့ဆုံဆွေးနွေးနိုင်မည်ဆိုပါက မြောက်ပိုင်းမဟာမိတ်အဖွဲ့အများအတွက် ပို၍ အဆင်ပြေနိုင်သည်ဟု ရက္ခိုင့်တပ်တော် ULA/AA က ပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက“မိုင်းလားဆိုလို့ရှိရင် ကျနော်တို့ ရဲ့ ဒီမ ဟာမိတ်နယ်မြေလည်း ဖြစ်တယ်ဆိုတော့ အဲဒီမှာကတော့ ဖြစ်နိုင်ခြေက ပိုများတာပေါ့နော်” ဟု ပြောသည်။

အစိုးရဖက်မှ ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေးရန် အဆိုပြုလာသည့်အပေါ် ခိုင်သုခက ယခုလိုဆက်ပြောသည်။

“အခုဒီကျိုင်းတုံကို ပြောလာလို့ရှိရင်တော့ ဒီဟာကတော့ သိပ်ပြီးတော့ မသေချာသေးဘူး လို့ ကျနော်ထင် တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျိုင်းတုံက အရင်ကလည်းပဲ ဗမာစစ်တပ်က အဆိုပြုခဲ့တာရှိတယ်။ အဆိုပြု တုန်းက လည်း ကျနော်တို့ဖက်က မသွားခဲ့ဘူး။ ဆိုတော့ဒီတစ်ကြိမ်မှာလည်းပဲ အဲဒီလိုဖြစ်လာမယ်ဆိုလို့ရှိရင် သိပ်ပြီး တော့ အလားအလာ မရှိဘူးလို့ ထင်တာပဲ။”

သို့ရာတွင် သွားမည်မသွားမည်ကို ဌာနချုပ်က ဆုံးဖြတ်မည်ဖြစ်ကြောင်း ခိုင်သုခက ပြောသည်။

တပ်မတော်မှ တစ်ဖက်သတ် အပစ်ရပ်စဲထားသည့် ကာလလည်း ကုန်ဆုံးတော့မည် ဖြစ်သကဲ့သို့ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်လာသည့်အတွက် တွေ့ဆုံမှု မပြုလျှင် မဖြစ်တော့သည့် အနေအထားတွင် ရှိနေသည်ဟု ဦးဆမ်အောင် က ပြောသည်။

“တစ်ခုခုကလည်း လုပ်ရမယ့် အနေအထားမျိုး၊ ပြီးတော့ ပြည်တွင်းပြည်ပ အကုန်လုံးကလည်း အမြန်ဖြစ်စေ ချင်တဲ့ ဆန္ဒတွေ ရှိကြတာပေါ့။ တရုတ်ပြည်က အစပေါ့နော်။”

ဩဂုတ်လ ၃၁ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုဖြစ်လာပါက နှစ်ဖက်ဆွေးနွေးမှုအပေါ် မူတည်၍ ဖြစ်ပွားနေသည့် တိုက်ပွဲ များကို တစ်စုံတစ်ရာ လျော့ချလာနိုင်ကောင်း လာနိုင်မည်ဟု PCG က မျှော်လင့်သည်။

“ကျနော်တို့ကတော့ အများကြီးမျှော်လင့်ချင်တာပေါ့နော်။ တစ်ခါတည်း အပစ်ရပ် လက်မှတ်ထိုးတဲ့အထိ မျှော် လင့်ချင်ပါတယ်။ ဒါပေမယ့် အဲလောက်မဟုတ်ရင်လည်း ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာတော့ တွေ့ဆုံ ဆွေးနွးမှုတွေကတော့ အရေးကြီးပါတယ်။ ဒါကြောင့် မဆွေးနွေးတာထက်စာရင်တော့ ဆွေးနွေးတာကတာ့ ပိုကောင်းတာပေါ့နော်။ ပြေလည်မယ် မပြေလည်ဘူးဆိုတာကတော့ နှစ်ဖက်တွေ့ဆုံတဲ့ ဆွေးနွေးချက်တွေအပေါ်မှာပဲ မူတည်ကြမှာပေါ့ခင်ဗျာ” ဟု ဦးဆမ်အောင် က ပြောသည်။

အစိုးရနှင့် အပစ်ရပ် စာချုပ်မူကြမ်း Bilateral ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ဖြစ်သည်။

၎င်း မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။