တပ္မေတာ္ အေျမွာက္စခန္းမ်ားကို AA ၀င္တိုက္၊ ရခိုင္စစ္မ်က္ႏွာ တိုက္ပြဲမ်ားျပင္းထန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ၂၉ ရက္။

ရခိုုင္ျပည္နယ္အတြင္း တပ္မေတာ္၏ လက္နက္ႀကီးစခန္းမ်ားကို ၀င္ေရာက္တိုက္ခိုက္မႈအပါအ၀င္ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ဘူးသီးေတာင္ႏွင့္ မင္းျပားၿမိဳ႕နယ္တိုု႔တြင္ ၾသဂုုတ္လ ၂၈ ရက္ေန႔ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (ULA/AA) တိုု႔အၾကား တိုု္္က္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားခဲ့သည္ဟုု ULA/AA က ေျပာသည္။

ၾသဂုုတ္လ ၂၈ ရက္ေန႔က တပ္မေတာ္ရဲ႕ လက္နက္ႀကီးစခန္းကိုု ဝင္ေရာက္တိုု္က္ခိုက္ခဲ့သည္ဟုု ULA/AA သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ခိုုင္သုုခက ေျပာသည္။

“တိုက္ပြဲေတြကေတာ့ ေန႔စဥ္ရက္ဆက္ ထပ္ၿပီးေတာ့ ျဖစ္ေနတာပဲ ဒီေန႔မွာလည္းပဲ က်ေနာ္တို႔ ဒီေျမာက္ဦးၿမိဳ႕ နယ္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေနာက္ ဘူးသီးေတာင္ၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္တာရွိတယ္။ ဆိုေတာ့ ဒီၾသဂုတ္လ ၂၈ ရက္ မနက္ ၄ နာရီခြဲ ကေနၿပီးေတာ့ မနက္ ၉ နာရီခြဲေလာက္အထိ ဒီေျမာက္ဦးၿမိဳ႕နယ္ လင္းေႁမြေတာင္မွာ တိုက္ပြဲ အျပင္းအထန္ျဖစ္တာရွိတယ္။ ဆိုေတာ့ အဲဒီမွာေတာ့ ဒီဗမာစစ္တပ္ရဲ႕ လက္နက္ႀကီး စခန္းေပါ့ေနာ အဲဒီ အေျမာက္စခန္းကို က်ေနာ္ဖက္ကေနၿပီးေတာ့ ၀င္ေရာက္တိုက္ခိုက္တာ” ဟုု ခိုုင္သုုခ က ေျပာသည္။

အဆိုုပါတိုုက္ပြဲအတြင္း “အဲဒီမွာေတာ့ ဗမာစစ္တပ္ဖက္ လည္း အမ်ားႀကီး အထိနာသလို က်ေနာ္တု႔ိဖက္က လည္း ထိခိုက္က်ဆံုးမႈေတြ နည္းနည္းပါးပါး ရွိတာရွိတယ္။ ဆိုေတာ့ တိုက္ပြဲကေတာ့ ေတာ္ေတာ္ေလးျပင္း ထန္တာေပါ့” ဟုု ULA/AA က ေျပာသည္။

တပ္မေတာ္အေနျဖင့္ ၎တိုု႔အား အင္အားသံုုးၿပီး ထိုုးစစ္ဆင္မႈမ်ား ဆက္တိုုက္လုုပ္လာသည့္အတြက္ ျပန္လည္ ခုုခံစစ္ကိုု ဆင္ႏႊဲရျခင္းျဖစ္ေၾကာင္း၊ စစ္မ်က္ႏွာပိုုမိုုက်ယ္ျပန္႔လာျခင္းျဖစ္သည္ဟုု ခိုုင္သုုခက ဆက္ေျပာသည္။

“အဓိကကေတာ့ တိုက္ပြဲျဖစ္ေနတဲ့ ဥစၥာ ဗမာစစ္တပ္ဖက္က အင္အား အလြန္အကြ်ံသံုးၿပီးေတာ့ သူတို႔ဒီထိုးစစ္ ဆင္ တိုက္ခိုက္ေနတဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တု႔ိကလည္း ဒါခံစစ္ကို က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ရတဲ့ သေဘာ အဲဒီေၾကာင့္မို႔လို႔ တိုက္ပြဲက ပိုၿပီးေတာ့ ျပင္းထန္လာသလို တိုက္ပြဲျဖစ္တဲ့ ဧရိယာကလည္း ပိုၿပီးေတာ့ က်ယ္လာတယ္။”

လက္ရွိတိုက္ပြဲမ်ားႏွင့္ ပတ္သက္၍ လမ္းလံုုၿခံဳေရးေဆာင္ရြက္ေနသည့္ တပ္ဖြဲ႕မ်ားကိုု AA က အင္အားအလံုုးအရင္းျဖင့္ ဝင္ေရာက္တိုုက္ခိုုက္ခဲ့ျခင္း ျဖစ္သည္ဟုု အေနာက္ပိုုင္းတိုုင္း စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုုလ္မွဴးႀကီး ဝင္းေဇာ္ဦးက သတင္းမီဒီယာေတြကိုု ေျဖ ၾကားထားသည္။

ၾသဂုုတ္လ ၂၈ ရက္ေန႔က ရခိုုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္တြင္ တေနကုုန္နီးပါး တုုိက္ပြဲမ်ား ျပင္းထန္ ခဲ့ၿပီး ဘူးသီးေတာင္ၿမိဳ႕နယ္ထဲတြင္ ျဖစ္ပြားခဲ့သည့္ တုုိက္ပြဲတြင္ တပ္မေတာ္မွ တပ္ရင္းမွဴးတစ္ဦး က်ဆံုုးခဲ့သည္ ဟုု ULA/AA က အတည္ျပဳေျပာသည္။

ULA/AA သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ခိုုင္သုုခ က “ဘူးသီးေတာင္ဖက္မွာလည္းပဲ တိုက္ပြဲ အျပင္းအထန္ ျဖစ္တာရွိတယ္။ ဘူးသီးေတာင္ၿမိဳ႕နယ္ ဥယ်ာဥ္သာရြာရဲ႕ အေရွ႕ေတာင္ဖက္ေပါ့ေနာ အဲဒီမွာ ဗမာစစ္တပ္ဖက္က အင္အား ၂၀၀ ေလာက္ရွိတဲ့ စစ္ေၾကာင္းတစ္ခုကို က်ေနာ္တု႔ိဖက္က ပိတ္ဆို႔ေခ်မႈန္းတဲ့အခါ ဗမာစစ္တပ္ဖက္က ေနၿပီးေတာ့ ဒီတပ္ရင္းမွဴး အဆင့္ေတြ က်ဆံုးတာရွိတယ္။ ဆိုေတာ့ ဒီေန႔တစ္ေနကုန္နီးပါး အဲဒီမွာ တိုက္ပြဲေတြ ဆက္တိုက္ ျဖစ္ေနၾကတာေပါ့” ဟုု ေျပာသည္။

တိုုက္ပြဲျဖစ္ပြားရာေနရာအနီးရွိ ထိပ္ဝျပင္ေက်းရြာအနီး လက္နက္ႀကီးက်ည္မ်ား ၄ ႀကိမ္ထက္မနည္း က်ေရာက္ ခဲ့ၿပီး အမ်ိဳးသမီးတစ္ဦးလည္း လက္နက္ႀကီးက်ည္စထိမွန္ၿပီး ထိခိုုက္ဒဏ္ရာရရွိခဲ့သည္ဟုု ေဒသခံမ်ားက ေျပာသည္။

ထိုု႔အျပင္ အဆိုုပါတိုုက္ပြဲမ်ားေၾကာင့္ ရန္ကုုန္-စစ္ေတြ ကားလမ္းအား ယာယီ ပိတ္ထားရသည္ဟုု ေက်ာက္ေတာ္ ေဒသခံတစ္ဦးက ေျပာသည္။

“ဒီမွာက စစ္ေရးအေျခအေနက အေတာ္ေလးကိုု တင္းမာေနတာဗ်။ မေန႔က လမ္းေတြပိတ္လိုုက္တာပါ။ ယာယီ ေပါ့၊ လူထုုေတြကလည္း ေၾကာက္ေနၾကတယ္။ ေရွ႕မွာ ျဖစ္တဲ့တုုိက္ပြဲေတြမွာလည္း လူထုု ေတြပိတ္မိေနတာမ်ိဳး ေတြ ရွိတယ္။ အခုုလည္း လူထုုကိုု ပစ္မွတ္ထားၿပီး ပစ္တာမ်ိဳးက ရွိတယ္။ လက္နက္ႀကီးေတြနဲ႔ ရြာထဲကိုုပစ္ တယ္။ ၿပီးရင္ တပ္မေတာ္က ရမ္းၿပီးပစ္တာမ်ိဳး၊ လူထုုကိုု ပစ္မွတ္ထားၿပီး ပစ္တာမ်ိဳးေတြ အမ်ားႀကီးရွိခဲ့တယ္။ အခုုက စိုုးရိမ္ထိတ္လန႔္ေနၾကတာေပါ့ေနာ္” ဟုု ေက်ာက္ေတာ္ေဒသခံ တစ္ဦး က ေျပာသည္။

ၾသဂုုတ္လ ၂၈ ရက္ေန႔က ေျမာက္ဦးၿမိဳ႕နယ္၊ ထိပ္ဝျပင္ေက်းရြာ အေရွ႕ဘက္၊ ေပါက္ပင္ကြင္းေက်းရြာအနီးရွိ “လင္းေျမြေတာင္” တြင္ တိုု္က္ပြဲျပင္းထန္ခဲ့ၿပီး၊ ေျမာက္ဦးၿမိဳ႕နယ္အတြင္းက ေတာင္ဦးေက်းရြာနားတြင္ တႀကိမ္ တုုိ္က္ပြဲျဖစ္ပြားခဲ့သည္။

အလားတူ ေက်ာက္ေတာ္ၿမိဳ႕ ရွိ စကခ(၉)ႏွင့္ ေဒါင္းေတာ္ရိုုးေက်းရြာအနီးရိွ တပ္မေတာ္၏ လက္နက္ႀကီးစခန္း တိုု႔ကိုု ULA/AA က ဝင္ေရာက္ခိုုက္ခဲ့သည္ဟုု ရကၡိဳင့္တပ္ေတာ္က ေျပာသည္။

ထိုု႔အျပင္ မင္းျပားၿမိဳ႕နယ္၊ ပန္းေျမာင္းေက်းရြာႏွင့္ ေရႊက်င္ေက်းရြာအနီးတြင္လည္း တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ တိုု႔အၾကား တုုိက္ပြဲမ်ားျပင္းထန္စြာ ျဖစ္ပြားခဲ့သည္ဟုု ေျပာသည္။

ပန္းေျမာင္းေက်းရြာမွ ေဒသခံ ၄၀၀၀ နီးပါးခန္႔နဲ႔ အနီးအနားပတ္ဝန္းက်င္ေက်းရြာမ်ားမွ ေဒသခံရြာသားမ်ား သည္ တိုုက္ပြဲမ်ားအတြင္း လက္နက္ႀကီးက်ည္မ်ား ေက်းရြာထဲသိုု႔ က်ေရာက္ေနျခင္း၊ တပ္မေတာ္မွ ေလယာဥ္ မ်ားျဖင့္ လာေရာက္ပစ္ခတ္မႈမ်ားေၾကာင့္ ေက်းရြာမ်ားတြင္ မေနရဲၾကပဲ စစ္ေဘးလြတ္ရာ၊ စစ္ပြဲမ်ား သက္ ေရာက္မႈ မရွိသည့္ ေနရာမ်ားသိုု႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

Unicode Version

တပ်မတော် အမြှောက်စခန်းများကို AA ဝင်တိုက်၊ ရခိုင်စစ်မျက်နှာ တိုက်ပွဲများပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ လက်နက်ကြီးစခန်းများကို ဝင်ရောက်တိုက်ခိုက်မှုအပါအဝင် ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်နှင့် မင်းပြားမြို့နယ်တိုတို့တွင်ဩဂုတ်လ ၂၈ ရက်နေ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ULA/AA က ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့က တပ်မတော်ရဲ့ လက်နက်ကြီးစခန်းကို ဝင်ရောက်တိုခိုက်ခဲ့သည်ဟု ULA/AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“တိုက်ပွဲတွေကတော့ နေ့စဉ်ရက်ဆက် ထပ်ပြီးတော့ ဖြစ်နေတာပဲ ဒီနေ့မှာလည်းပဲ ကျနော်တို့ ဒီမြောက်ဦးမြို့ နယ်နဲ့ ကျောက်တော်မြို့နယ် နောက် ဘူးသီးတောင်မြို့နယ်ထဲမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်တာရှိတယ်။ ဆိုတော့ ဒီဩဂုတ်လ ၂၈ ရက် မနက် ၄ နာရီခွဲ ကနေပြီးတော့ မနက် ၉ နာရီခွဲလောက်အထိ ဒီမြောက်ဦးမြို့နယ် လင်းမြွေတောင်မှာ တိုက်ပွဲ အပြင်းအထန်ဖြစ်တာရှိတယ်။ ဆိုတော့ အဲဒီမှာတော့ ဒီဗမာစစ်တပ်ရဲ့ လက်နက်ကြီး စခန်းပေါ့နော အဲဒီ အမြောက်စခန်းကို ကျနော်ဖက်ကနေပြီးတော့ ဝင်ရောက်တိုက်ခိုက်တာ” ဟုခိုင်သုခ က ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း “အဲဒီမှာတော့ ဗမာစစ်တပ်ဖက် လည်း အများကြီး အထိနာသလို ကျနော်တို့ဖက်က လည်း ထိခိုက်ကျဆုံးမှုတွေ နည်းနည်းပါးပါး ရှိတာရှိတယ်။ ဆိုတော့ တိုက်ပွဲကတော့ တော်တော်လေးပြင်း ထန်တာပေါ့” ဟု ULA/AA က ပြောသည်။

တပ်မတော်အနေဖြင့် ၎င်းတို့အား အင်အားသုံးပြီး ထိုးစစ်ဆင်မှုများ ဆက်တိုက်လုပ်လာသည့်အတွက် ပြန်လည် ခုခံစစ်ကို ဆင်နွှဲရခြင်းဖြစ်ကြောင်း၊ စစ်မျက်နှာပိုမိုကျယ်ပြန့်လာခြင်းဖြစ်သည်ဟု ခိုင်သုခက ဆက်ပြောသည်။

“အဓိကကတော့ တိုက်ပွဲဖြစ်နေတဲ့ ဥစ္စာ ဗမာစစ်တပ်ဖက်က အင်အား အလွန်အကျွံသုံးပြီးတော့ သူတို့ဒီထိုးစစ် ဆင် တိုက်ခိုက်နေတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကလည်း ဒါခံစစ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ရတဲ့ သဘော အဲဒီကြောင့်မို့လို့ တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်လာသလို တိုက်ပွဲဖြစ်တဲ့ ဧရိယာကလည်း ပိုပြီးတော့ ကျယ်လာ တယ်။”

လက်ရှိတိုက်ပွဲများနှင့် ပတ်သက်၍ လမ်းလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့များကို AA က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက သတင်းမီဒီယာတွေကို ဖြေ ကြားထားသည်။

ဩဂုတ်လ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၃ မြို့နယ်တွင် တနေကုန်နီးပါး တိုက်ပွဲများ ပြင်းထန် ခဲ့ပြီး ဘူးသီးတောင်မြို့နယ်ထဲတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့သည် ဟု ULA/AA က အတည်ပြုပြောသည်။

ULA/AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က “ဘူးသီးတောင်ဖက်မှာလည်းပဲ တိုက်ပွဲ အပြင်းအထန် ဖြစ်တာရှိတယ်။ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာရွာရဲ့ အရှေ့တောင်ဖက်ပေါ့နော အဲဒီမှာ ဗမာစစ်တပ်ဖက်က အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းတစ်ခုကို ကျနော်တို့ဖက်က ပိတ်ဆို့ချေမှုန်းတဲ့အခါ ဗမာစစ်တပ်ဖက်က နေပြီးတော့ ဒီတပ်ရင်းမှူး အဆင့်တွေ ကျဆုံးတာရှိတယ်။ ဆိုတော့ ဒီနေ့တစ်နေကုန်နီးပါး အဲဒီမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေကြတာပေါ့” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ထိပ်ဝပြင်ကျေးရွာအနီး လက်နက်ကြီးကျည်များ ၄ ကြိမ်ထက်မနည်း ကျရောက် ခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီး ကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။

ထို့အပြင် အဆိုပါတိုက်ပွဲများကြောင့် ရန်ကုန်-စစ်တွေ ကားလမ်းအား ယာယီ ပိတ်ထားရသည်ဟု ကျောက် တော် ဒေသခံတစ်ဦးက ပြောသည်။

“ဒီမှာက စစ်ရေးအခြေအနေက အတော်လေးကို တင်းမာနေတာဗျ။ မနေ့က လမ်းတွေပိတ်လိုက်တာပါ။ ယာယီ ပေါ့၊ လူထုတွေကလည်း ကြောက်နေကြတယ်။ ရေမှာ ဖြစ်တဲ့တိုက်ပွဲတွေမှာလည်း လူထု တွေပိတ်မိနေတာမျိုး တွေ ရှိတယ်။ အခုလည်း လူထုကို ပစ်မှတ်ထားပြီး ပစ်တာမျိုးက ရှိတယ်။ လက်နက်ကြီးတွေနဲ့ ရွာထဲကိုပစ် တယ်။ ပြီးရင် တပ်မတော်က ရမ်းပြီးပစ်တာမျိုး၊ လူထုကို ပစ်မှတ်ထားပြီး ပစ်တာမျိုးတွေ အများကြီးရှိခဲ့တယ်။ အခုက စိုးရိမ်ထိတ်လန့်နေကြတာပေါ့နော်” ဟု ကျောက်တော်ဒေသခံ တစ်ဦး က ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာ အရှေ့ဘက်၊ ပေါက်ပင်ကွင်းကျေးရွာအနီးရှိ “လင်းမြွေတောင်” တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ မြောက်ဦးမြို့နယ်အတွင်းက တောင်ဦးကျေးရွာနားတွင် တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အလားတူ ကျောက်တော်မြို့ရှိ စကခ(၉)နှင့် ဒေါင်းတော်ရိုးကျေးရွာအနီးရှိ တပ်မတော်၏ လက်နက်ကြီးစခန်း တို့ကို ULA/AA က ဝင်ရောက်ခိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ပြောသည်။

ထို့အပြင် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာနှင့် ရွှေကျင်ကျေးရွာအနီးတွင်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ် တော် တို့အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

ပန်းမြောင်းကျေးရွာမှ ဒေသခံ ၄၀၀ဝ နီးပါးခန့်နဲ့ အနီးအနားပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံရွာသားများ သည် တိုက်ပွဲများအတွင်း လက်နက်ကြီးကျည်များ ကျေးရွာထဲသို့ ကျရောက်နေခြင်း၊ တပ်မတော်မှ လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများကြောင့် ကျေးရွာများတွင် မနေရဲကြပဲ စစ်ဘေးလွတ်ရာ၊ စစ်ပွဲများ သက် ရောက်မှု မရှိသည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။