ရွမ္းေျမာက္လက္နက္ႀကီးေၾကာင့္ ကေလး ၃ ဦးအပါအ၀င္ ၅ ဦးေသဆံုး

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ၾသဂုတ္ ၃၁ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ ေမာ္ဟစ္စုစည္း ေက်းရြာအတြင္းသို႔ လက္နက္ႀကီးက်ည္ က်ေရာက္ ေပါက္ကြဲခဲ့သည့္အတြက္ ေဒသခံ ၈ ဦး လက္နက္ႀကီးက်ည္ထိမွန္ကာ ၅ ဦး အသက္ေသဆံုးခဲ့ရၿပီး ၃ ဦးမွာ ျပင္းထန္စြာ ဒဏ္ရရွိခဲ့ၾကသည္။

ကြတ္ခိုင္ေဒသခံလည္းျဖစ္ ရွမ္းျပည္နယ္ေျမာက္ပိုင္း လူသားခ်င္းစာနာေထာက္ထားမႈ ပူးေပါင္းေဆာင္ ရြက္ေရး အဖြဲ႔ (HST-NSS) ေျပာေရးဆိုခြင့္ရွိသူလည္းျဖစ္သူ မိုင္းမုိင္က “က်မတို႔ အခုသိရသေလာက္ကေတာ့ အဲဒီ ေမာ္ ဟစ္ေက်းရြာမွာရွိတဲ့ သူတုိ႔ပုန္းခိုေနတဲ့ သူတို႔အိမ္မွာပဲ ကေလးက ၉ ႏွစ္အရြယ္ ေယာက္က်ားေလးတစ္ေယာက္ရယ္ မိန္းကေလးက ၅ လအရြယ္ကေလးတစ္ေယာက္ရယ္ ဆံုးသြားတယ္။ အမ်ိဳးသမီး ၃ ေယာက္ဆံုးသြား တယ္။ က်န္တဲ့ ၃ ေယာက္မွာ ေယာက္က်ား ၂ ေယာက္နဲ႔ အမ်ိဳးသမီး ၁ ေယာက္က အခု ေဆးရံုမွာေပါ့။ ၈ ေယာက္ ဆံုးတာက ၅ ေယာက္ ေပါ့ ကေလးအပါအ၀င္ေပါ့” ဟုေျပာသည္။

ကြတ္ခိုုင္ၿမိဳ႕အတြင္း လက္နက္ႀကီးက်ည္ပစ္ခတ္မႈေၾကာင့္  တစ္ႏွစ္သားအရြယ္ကေလးငယ္ေလးတစ္ဦးအပါအဝင္ ၅ ဦးေသဆံုုးၿပီး၊ ၃ ဦးကေတာ့ ထိခိုုက္ဒဏ္ရာ ျပင္းထန္စြာ ရရွိခဲ့သည္။ ထိခိုုက္ဒဏ္ရာရရွိသူမ်ားထဲမွ တစ္ဦးကိုု လားရိႈးေဆးရံုုႀကီးသိုု႔ လႊဲေျပာင္းေပးထားၿပီး က်န္လူနာမ်ားမွာ ကြတ္ခိုုင္ျပည္သူ႔ေဆးရံုုႀကီးတြင္ ေဆးကုုသမႈ ခံယူေနရသည္။

ၾသဂုတ္လ ၃၁ ရက္ေန႔ ယေန႔ နံနက္ ၈ နာရီ၀န္းက်င္ခန္႔တြင္ ကြတ္ခိုင္ၿမိဳ႕ရွိ ရပ္ကြက္ ၈ အထြက္ နတ္စင္အနီးတြင္ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႔ဝင္မ်ားထဲမွာ PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA ညီေနာင္ ၃ ဖြဲ႕ ႏွင့္ တပ္မေတာ္တို႔ တုိက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့ၾကၿပီး တစ္ဖက္ႏွင့္ တစ္ဖက္ လက္နက္ႀကီး ပစ္ခတ္ရာမွ လက္နက္ႀကီးက်ည္မွာ ကြတ္ခိုင္ၿမိဳ႕ ရပ္ကြက္ ၁ ဖက္ရွိ ေမာ္ဟစ္စုစည္း ေက်းရြာအတြင္းသို႔ က်ေရာက္ ေပါက္ ကြဲခဲ့ျခင္းျဖစ္သည္ဟု ကြတ္ခိုင္ေဒသခံ မိုင္းမိုင္က ေျပာသည္။

“ဘယ္သူပစ္လို႔ ပစ္မွန္းမသိဘူး ဒါေပမယ့္ ေသခ်ာတာတစ္ခုကေတာ့ တိုက္ပြဲျဖစ္တဲ့အခ်ိန္မွာ လက္နက္ႀကီး ျမန္မာတပ္မေတာ္ကလည္းသံုးတယ္ ဒီဖက္ကလည္း သံုးတယ္ေပါ့ေနာ္။ ဒါေပမယ့္ အဓိက တိုက္ပြဲ ျဖစ္ေနတာက ဒီဖက္ရပ္ကြက္ ၈ ဖက္ လို႔ ေျပာရမွာေပါ့ အခုျဖစ္တာက ရပ္ကြက္ ၁ ဖက္ ေမာ္ဟစ္ေက်းရြာက ရပ္ကြက္ တစ္ဖက္ မူဆယ္ အထြက္လမ္းဖက္မွာျဖစ္တယ္။ ဒါေပမယ့္ တိုက္ပြဲျဖစ္တာက ဒီလားရႈိးလမ္းဖက္မွာျဖစ္တာ။”

ေဒၚလုုဆန္ အသက္ (၁၈) ႏွစ္၊ မဆိုင္းေခါန္ (၁) ႏွစ္၊ နန္းမြန္းပန္ အသက္(၁၄) ႏွစ္၊ ေမာင္ေဇာ္ခြန္လတ္ အသက္ (၈) ႏွစ္ အရြယ္ႏွင့္ ေဒၚထြယ္ဂ်ာ အသက္ (၃၅) ႏွစ္တိုု႔ လက္နက္ႀကီးစထိမွန္ၿပီး ေသဆံုုးခဲ့သည္။

ထိခိုက္ဒဏ္ရာရသူမ်ားမွာ မရြယ္ဘူ၊၊ ကိုုေဘာက္လာ ႏွင့္ ဦးဂ်ံဳးေဒါင္တို႔ ျဖစ္ၾကသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၅ ရက္ေန႔က ေျမာက္ပိုင္း မဟာမိတ္ ပူးေပါင္းတပ္ ၃ ဖြဲ႔ျဖစ္သည့္ PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို႔က ျပင္ဦးလြင္ရွိ တပ္မေတာ္ နည္းပညာ တကၠသိုလ္ႏွင့္ တပ္မေတာ္ တပ္စခန္းမ်ားကို တုိက္ခိုက္မႈမ်ား လုပ္ေဆာင္လာခဲ့သည့္ေနာက္ပိုင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ေနရာေတာ္ေတာ္မ်ားမ်ားတြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားခဲ့သည္။

တိုက္ပြဲေၾကာင့္ ေဒသခံျပည္သူမ်ားမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိမႈ ပိုမိုမ်ားျပားလာသည့္အျပင္ အသက္ေသဆံုးမႈမ်ားလည္း တိုးလာသည္ဟု ကူညီကယ္ဆယ္ေရး လုပ္ေဆာင္သူမ်ားက ေျပာသည္။

ၾသဂုတ္လ ၃၁ ရက္ေန႔ ယေန႔တြင္ ႏွစ္ဖက္လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားအၾကား တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားေနသည့္ အျခားတစ္ဖက္တြင္ ေျမာက္ ပိုင္း မဟာမိတ္အဖြဲ႔ ၄ ဖြဲ႔ႏွင့္ အစိုးရတို႔ ရွမ္းျပည္နယ္ က်ဳိင္းတံုတြင္ ပဏာမ အပစ္ရပ္ႏိုင္ေရး ႏွစ္ဖက္ ေတြ႔ဆံုညွိႏႈိင္းခဲ့ ၾကသည္။

ယေန႔ျပဳလုုပ္သည့္ အဆုုိပါ ေတြ႕ဆံုုေဆြးေႏြးပြဲအၿပီး သတင္းေထာက္မ်ား ေမးျမန္းရာ ULA/AA က ေဒါက္တာညိဳထြန္းေအာင္က “က်ေနာ္တုုိ႔ကေတာ့ ျပည္သူလူထုုကိုု ထိခိုုက္ေအာင္ေတာ့ ဘယ္ေတာ့မွမလုုပ္ပါ ဘူး။ ဘာလိုု႔လဲဆုုိေတာ့ ရခိုုင္ေဒသမွာဆိုုရင္ ရခိုုင္လူမ်ိဳးေတြျဖစ္တယ္။ တအာင္းမွာဆိုု တအာင္းလူမ်ိဳးေတြျဖစ္ တယ္။ ကခ်င္မွာဆိုု ကခ်င္လူမ်ိဳးေတြျဖစ္တယ္။ ကိုုယ္လူမ်ိဳးေတြကိုု သတ္တဲ့အဖြဲ႕အစည္းမလည္း မဟုုတ္ဘူး။ ဆိုုေတာ့အရပ္သားေတြကိုု ပစ္တာကေတာ့ အခုုေလာေလာဆယ္ က်ေနာ္တုုိ႔မပစ္ဘူးလိုု႔ ေျပာလုုိ႔ရပါတယ္” ဟုု ေျဖၾကားခဲ့သည္။

ေဆြးေႏြးပြဲျပဳလုပ္ေနသည့္ တစ္ဖက္တြင္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားၿပီး အရပ္သားထိခိုက္ ေသဆံုးမႈႏွင့္ ပတ္သက္၍ HST-NSS မွ ေျပာေရးဆိုခြင့္ရွိသူ မိုင္းမိုင္က ယခုလို ေျပာသည္။

“အခုအခ်ိန္မွာ တိုက္ပြဲျဖစ္ေနတဲ့အေပၚမွာ အရပ္သားထိခိုက္မႈေတြက အရမ္းလာတယ္။ အဲေတာ့ တိုက္ပြဲရဲ႕ အက်ိဳးအျမတ္ကို မတြက္ပဲနဲ႔ ဒီၿငိမ္းခ်မ္းေရးကို တကယ့္ စိတ္ရင္းေစတနာအမွန္နဲ႔ အခုထိသြားတဲ့ ကေလးေတြ အေပၚမွာ ကိုယ့္သားသမီး ကိုယ့္ညီမ ကိုယ့္တူမအရြယ္ အဲဒီဟာကို ကိုယ္ကုိတိုင္ ခံစားၾကည့္ၿပီးမွ ဒီစစ္ပြဲကို ရပ္ေပးၾကပါေတာ့လို႔ ၿပီးရင္ ၿငိမ္းခ်မ္းေရး ျဖစ္ေအာင္လည္း ေဆြးေႏြးေပးၾကပါလို႔ တိုက္တြန္းေျပာဆိုခ်င္ပါတယ္” ဟု ေျပာသည္။

ၾသဂုုတ္လ (၃၁) ရက္ေန႔ ယေန႔ နံနက္ပိုုင္းကစတင္ၿပီး ကြတ္ခိုု္င္ၿမိဳ႕ရွိ ရပ္ကြက္(၈)၊ နတ္စင္ကုုန္း၊ မေနာကြင္းႏွင့္ ေဂါက္ကြင္းေနရာမ်ားတြင္ တပ္မေတာ္ႏွင့္ ညီေနာင္မဟာမိတ္ (၃) ဖြဲ႕အၾကား တုုိက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟုု ကြတ္ခိုုင္ေဒသခံမ်ားက ေျပာသည္။

Unicode Version …

ရှမ်းမြောက်လက်နက်ကြီးကြောင့် ကလေး ၃ ဦးအပါအဝင် ၅ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဩဂုတ် ၃၁ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်ပြီးနယ်အတွင်းရှိ မော်ဟစ်စုစည်း ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၈ ဦး လက်နက်ကြီးကျည်ထိမှန်ကာ ၅ ဦး အသက်သေဆုံးခဲ့ရပြီး ၃ ဦးမှာ ပြင်းထန်စွာ ဒဏ်ရရှိခဲ့ကြသည်။

ကွတ်ခိုင်ဒေသခံလည်းဖြစ် ရှမ်းပြည် နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ (HST-NSS) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ မိုင်းမိုင်က “ကျမတို့ အခုသိရသလောက်ကတော့ အဲဒီ မော် ဟစ်ကျေးရွာမှာရှိတဲ့ သူတို့ပုန်းခိုနေတဲ့ သူတို့အိမ်မှာပဲ ကလေးက ၉ နှစ်အရွယ် ယောက်ကျားလေးတစ်ယောက် ရယ် မိန်းကလေးက ၅ လအရွယ်ကလေးတစ်ယောက်ရယ် ဆုံးသွားတယ်။ အမျိုးသမီး ၃ ယောက်ဆုံးသွားတယ်။ ကျန်တဲ့ ၃ ယောက်မှာ ယောက်ကျား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်က အခု ဆေးရုံမှာပေါ့။ ၈ ယောက် ဆုံးတာက ၅ ယောက် ပေါ့ ကလေးအပါအဝင်ပေါ့” ဟုပြောသည်။

ကွတ်ခိုမြို့အတွင်း လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် လသားအရွယ်ကလေးငယ်လေးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး၊ ၃ ဦးကတော့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ တစ်ဦးကိုလားရှိုးဆေးရုံကြီးသို့ လွှဲပြောင်းပေးထားပြီး ကျန်လူနာများမှာ ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။

ဩဂုတ်လ ၃၁ ရက်နေ့ ယနေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ကွတ်ခိုင်မြို့ရှိ ရပ်ကွက် ၈ အထွက် နတ်စင် အနီးတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များထဲမှာ PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA ညီနောင် ၃ ဖွဲ့ နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး တစ်ဖက်နှင့် တစ်ဖက် လက်နက်ပြီး ပစ်ခတ်ရာမှ လက်နက်ကြီးကျည်မှာ ကွတ်ခိုင်မြို့ရပ်ကွက် ၁ ဖက်ရှိ မော်ဟစ်စုစည်း ကျေးရွာအတွင်းသို့ ကျရောက် ပေါက် ကွဲခဲ့ခြင်းဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံ မိုင်းမိုင် က ပြောသည်။

“ဘယ်သူပစ်လို့ ပစ်မှန်းမသိဘူး ဒါပေမယ့် သေချာတာတစ်ခုကတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ လက်နက်ကြီးမြန်မာ တပ်မတော်ကလည်းသုံးတယ် ဒီဖက်ကလည်း သုံးတယ်ပေါ့နော်။ ဒါပေမယ့် အဓိက တိုက်ပွဲ ဖြစ်နေတာ က ဒီဖက် ရပ်ကွက် ၈ ဖက် လို့ ပြောရမှာပေါ့ အခုဖြစ်တာက ရပ်ကွက် ၁ ဖက် မော်ဟစ်ကျေးရွာက ရပ်ကွက် တစ်ဖက် မူဆယ် အထွက်လမ်းဖက်မှာဖြစ်တယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်တာက ဒီလားရှိုးလမ်းဖက်မှာ ဖြစ်တာ။”

ဒေါ်လုဆန် အသက် (၁၈) နှစ်၊ မဆိုင်းခေါန် အသက် (၁) နှစ်၊ နန်းမွန်းပန် အသက်(၁၄) နှစ်၊ မောင်ဇော်ခွန်လတ် (၈) အရွယ်နှင့် ဒေါ်ထွယ်ဂျာ အသက် (၃၅) နှစ်တို့ လက်နက်ကြီးစထိမှန် ပြီးသေဆုံးခဲ့သည်။

ထိခိုက်ဒဏ်ရာရသူများမှာ မရွယ်ဘူ၊ ကိုဘောက်လာ နှင့် ဦးဂျုံးဒေါင်တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူများမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု ပိုမိုများပြား လာ သည့်အပြင် အသက်သေဆုံးမှုများလည်း တိုးလာသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများက ပြောသည်။

ဩဂုတ်လ ၃၁ ရက်နေ့ ယနေ့တွင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲ ပြင်းထန်စွာ ြဖစ်ပွား နေသည့် အခြားတစ်ဖက်တွင် မြောက် ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရတို့ ရှမ်းပြည်နယ် ကျိုင်းတုံတွင် ပဏာ မ အပစ်ရပ်နိုင်ရေး နှစ်ဖက် တွေ့ဆုံညှိနှိုင်းခဲ့ ကြသည်။

ယနေ့ပြုလုပ်သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းထောက်များ မေးမြန်းရာ ULA/AA က ဒေါက်တာညိုထွန်းအောင်က “ကျနော်တို့ကတော့ ပြည်သူလူထုကို ထိခိုက်အောင်တော့ ဘယ်တော့မှမလုပ်ပါ ဘူး။ ဘာလို့လဲဆိုတော့ ရခိုင်ဒေသမှာဆိုရင် ရခိုင်လူမျိုးတေြွဖစ်တယ်။ တအာင်းမှာဆို တအာင်းလူမျိုးတွေဖြစ် တယ်။ ကချင်မှာဆို ကချင်လူမျိုးတေြွဖစ်တယ်။ ကိုယ့်လူမျိုးတွေကို သတ်တဲ့အဖွဲ့အစည်းမလည်း မဟုတ်ဘူး ဆိုတော့။ အရပ်သားတွေကို ပစ်တာကတော့ အခုလောလောဆယ် ကျနော်တို့ မပစ်ဘူးလို့ ပြောလို့ရပါတယ်” ဟု ဖြေကြားခဲ့သည်။

ဆွေးနွေးပွဲပြုလုပ်နေသည့် တစ်ဖက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီး အရပ်သားထိခိုက် သေဆုံးမှုနှင့် ပတ်သက်၍ HST-NSS မှ ပြောရေးဆိုခွင့်ရှိသူ မိုင်းမိုင်က ယခုလို ပြောသည်။

“အခုအချိန်မှာ တိုက်ပွဲဖြစ်နေတဲ့အပေါ်မှာ အရပ်သားထိခိုက်မှုတွေက အရမ်းလာတယ်။ အဲတော့ တိုက်ပွဲရဲ့ အကျိုးအမြတ်ကို မတွက်ပဲနဲ့ ဒီငြိမ်းချမ်းရေးကို တကယ့် စိတ်ရင်းစေတနာအမှန်နဲ့ အခုထိသွားတဲ့ ကလေးတွေအပေါ်မှာ ကိုယ့်သားသမီး ကိုယ့်ညီမ ကိုယ့်တူမအရွယ် အဲဒီဟာကို ကိုယ်ကိုတိုင် ခံစားကြည့်ပြီးမှ ဒီစစ်ပွဲကို ရပ် ပေးကြပါတော့လို့ ပြီးရင် ငြိမ်းချမ်းရေး ဖြစ်အောင်လည်း ဆွေးနွေးပေးကြပါလို့ တိုက်တွန်း ပြောဆိုချင်ပါတယ်” ဟု ပြောသည်။

ဩဂုတ်လ (၃၁) ရက်နေ့ ယနေ့ နံနက်ပိုင်းကစတင်ပြီး ကွတ်ခိုင်မြို့ရှိ ရပ်ကွက်(၈)၊ နတ်စင်ကုန်း၊ မနောကွင်းနှင့် ဂေါက်ကွင်းနေရာများတွင် တပ်မတော်နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။