ငြိမ်းချမ်းရေး ကော်မရှင် နှင့် KNPP တွေ့ဆုံ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ ခေါင်းဆောင်များသည် ယနေ့နံနက် ၁၁ နာရီခွဲ၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။

အလွတ်သဘောဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် biliatral ကိစ္စ နှင့် ကရင်နီပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စများအား ဆွေးနွေးသွားမည်ဟု သိရသည်။

တွေ့ဆုံမှုတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့မှ ဒုဥက္ကဌ ခူးဦးရယ် ခေါင်းဆောင်၍ ဒုစစ်ဦးစီးချုပ် ဗိုလ်ချူပ် အောင်မြတ်၊ ဦးအောင်ဆန်းမြင့်၊ နဲနယ်ပလိုး၊ ခွန်နောင် တို့ တက်ရောက်ခဲ့သည်။

အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့တွင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ခေါင်းဆောင်၍ ဦးဇော်ဋ္ဌေး၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြသည်။

သြဂုတ်လ ၁၉ ရက်နေ့ကလည်း အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ခေါင်းဆောင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အဖွဲ့နှင့် ဗိုလ်မှူးကြီး ဘုန်းနိုင် ဦးဆောင်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး အစိုးရထံ သီးသန့် စာတစ်စောင် ပေးအပ်ခဲ့ပါသည်။

Zawgyi …

ၿငိမ္းခ်မ္းေရး ေကာ္မရွင္ ႏွင့္ KNPP ေတြ႕ဆံု

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

အစိုးရ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ PC အဖြဲ႕ႏွင့္ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ KNPP မွ ေခါင္းေဆာင္မ်ားသည္ ယေန႕နံနက္ ၁၁ နာရီခြဲ၌ ထိုင္းႏုိင္ငံ ခ်င္းမုိင္ၿမိဳ႕တြင္ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးခဲ့သည္။

အလြတ္သေဘာေဆြးေႏြးပြဲတြင္ ျပည္နယ္အဆင့္ ျပည္ေထာင္စုအဆင့္ ပဏာမ အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဴပ္ biliatral ကိစၥ ႏွင့္ ကရင္နီျပည္နယ္အတြင္းရွိ ဖြံ႕ၿဖိဳးေရးလုပ္ငန္းကိစၥမ်ားအား ေဆြးေႏြးသြားမည္ဟု သိရသည္။

ေတြ႕ဆံုမွဳတြင္ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ KNPP အဖြဲ႕မွ ဒုဥကၠဌ ခူးဦးရယ္ ေခါင္းေဆာင္၍ ဒုစစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဴပ္ ေအာင္ျမတ္၊ ဦးေအာင္ဆန္းျမင့္၊ နဲနယ္ပလိုး၊ ခြန္ေနာင္ တို႕ တက္ေရာက္ခဲ့သည္။

အစိုးရ၏ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ PC အဖြဲ႕တြင္ အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး ေခါင္းေဆာင္၍ ဦးေဇာ္ေ႒း၊ ဦးလွေမာင္ေရႊ၊ ဦးမိုးေဇာ္ဦး၊ ဦးေက်ာ္လင္းဦး တို႕ တက္ေရာက္ခဲ့ၾကသည္။

ၾသဂုတ္လ ၁၉ ရက္ေန႕ကလည္း အၿငိမ္းစား ဒုတိယ ဗုိလ္ခ်ဴပ္ႀကီး ဦးခင္ေဇာ္ဦး ေခါင္းေဆာင္တဲ့ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန NRPC အဖြဲ႕ႏွင့္ ဗုိလ္မွဴးႀကီး ဘုန္းႏိုင္ ဦးေဆာင္သည့္ ကရင္နီအမ်ိဳးသား တုိးတက္ေရးပါတီ KNPP အဖြဲ႕တို႕ ေတြ႕ဆံုခဲ့ၿပီး အစိုးရထံ သီးသန္႕ စာတစ္ေစာင္ ေပးအပ္ခဲ့ပါသည္။