KIA ဌာနချုပ်လှုပ်ရှားတပ်ရင်း စခန်းအား တပ်မတော်မှ ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းတစ်ခုအား အစိုးရတပ်မတော်မှ အောက်တိုဘာလ တတိယအပတ်အတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က အတည်ပြုပြောသည်။

KIA ဌာနချုပ်လိုင်ဇာနှင့် ဌာနချုပ်ဟောင်း လိုင်စင်ကြားရှိ KIA ရှေ့တန်းတပ်စခန်းကုန်း တစ်ခုဖြစ်သည့် အမှတ် ၂၅၄ တပ်ရင်း တပ်စခန်းကုန်းကို အစိုးရတပ်မတော်က ယခုလ ၁၉ ရက်နေ့တွင် လှမ်းပစ်ခဲ့ခြင်းဖြစ်သည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျနော်တို့ KIA ရဲ့ လှုပ်ရှားတပ်ပေါ့၊ ၂၅၄ တပ်ရင်းပေါ့၊ သူ့ရဲ့ တည်နေရာကို ပြောမယ်ဆိုရင် ဒီဖလပ်တောင်နဲ့ ဆမားကုန်းကြားမှာ တပ်တည်ထားတာဖြစ်ပါတယ်။ ဆမားမှာ တပ်ထိုင်နေတဲ့ တပ်မတော်ကပေါ့၊ ၁၉ ရက်နေ့ ညနေပိုင်းဖြစ်မှာပေါ့။ ညနေ ၃ နာရီ၊ ၄ နာရီ ကြားလောက်ဖြစ်မယ်။ ကချင်ပြည်နယ်ထဲ ဆမားပေါ့၊ အဲ့ကနေ ဗမာစစ်တပ်တွေက ပစ်တယ်တဲ့။”

အစိုးရတပ်မတော်က ရှေ့တန်းသုံး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

“လက်နက်ငယ်ပေါ့၊ ရှေ့တန်းသုံး လက်နက်တွေပေါ့၊ ငါးကြင်းမီးတို့၊ စက်လက်တို့နဲ့ ပစ်တယ်လို့ သတင်းက အဲ့လိုကြားတယ်။ အချက်ပေါင်း ၁၀ ကျော်လောက်ဖြစ်မယ်ထင်တယ်။ ကျည်တောင့်နဲ့ဆိုရင်တော့ အတောင့် ၂၀ ဝန်းကျင်လောက်ဖြစ်မယ်။ လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးတော့ မဟုတ်ဘူး။ ရှေ့တန်းသုံး လက်နက်တွေနဲ့ ပစ်တာပါ။ ဒါပေမယ့် ဘာကြောင့်ပစ်တယ်ဆိုတဲ့ ဖြစ်စဉ်တွေကတော့ ဘာမှမကြားရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

အဆိုပါပစ်ခတ်မှုအတွင်း ထိခိုက်မှု တစ်စုံတစ်ရာမရှိသလို KIO/KIA ဘက်မှလည်း ပြန်လည်တုန့်ပြန်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ပြောသည်။

အောက်တိုဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသလို တပ်မတော်ကာကွယ်ရေးဦးစီးဌာနမှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

၉ လ နီးပါးအကြား ရပ်တန့်နေသည့် ကချင်ပြည်နယ်အတွင်း အောက်တိုဘာလ တတိယအပတ်တွင် တပ်မတော်နှင့် KIA အကြား တိုက်ပွဲတစ်ကြိမ်နှင့် တပ်မတော်မှ ပစ်ခတ်မှု တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဒီလ ၁၄ ရက်နေ့မှာ ဒီ KIA တပ်ရင်း ၅ နယ်မြေဘက်မှာ ဆင်ဘိုဘက်မှာ အဲ့ဘက်မှာ တပ်မတော်ကနေ ကျနော်တို့ ရှေ့တန်းစခန်းမှာ စခန်းဟောင်းတွေပေါ့၊ ကာကင်းလို့ပြောရမှာပေါ့၊ အဲ့ဒီနေရာမှာ ချောင်းမြောင်းပစ်တာ တစ်ခုရှိတယ်။ အခု ဒီ အခုနက ပြောတဲ့ ဒီလ ၁၉ ရက်နေ့မှာပေါ့ ဆမားဘက်မှာ ပစ်ခတ်တာတွေရှိတယ်။ ပစ်ခတ်တာကတော့ သူတို့ဘက်ကနေ ပစ်ခတ်တာပေါ့၊ ကျနော်တို့ဘက်က တုန့်ပြန်ပစ်တာတော့ ဘာမှမရှိဘူးပေါ့။ အဲ့ဒါနှစ်ချက်တော့ရှိပါတယ်။ ဒီလအတောအတွင်းမှာ။”

မိုးညှင်းမြို့နယ်အတွင်းရှိ KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၅) နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် KIA ဘက်မှ အကျအဆုံးရှိခဲ့ပြီး ပျောက်ဆုံးနေသူများလည်း ရှိခဲ့သည်ဟု KIO/KIA က ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူ က “သူတို့ရဲ့ သတင်းပေးပို့ချက်အရဆိုရင်တော့ ကျနော်တို့ဘက်က တစ်ယောက်ကျတယ်။ နှစ်ယောက်က ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းပို့လာတာ ရှိပါတယ်။ နောက်ပြီးတော့ အဲ့ဘက်မှာက ကျနော်တို့လည်း ဘာမှ စစ်အင်အားနဲ့ရှိတာတော့ မဟုတ်ဘူး။ ကျနော်တို့ရဲ့ လှုပ်ရှားနယ်မြေမှာ သွားလာလှုပ်ရှားရင်းနဲ့ တပ်မတော်ဘက်က သတင်းကြားတာနေမှာပေါ့၊ တပ်မတော်က ပြည်သူလူထုတွေကို လမ်းပြခိုင်းပြီးမှ လာဝိုင်းပြီးမှ ချောင်းမြောင်းပစ်တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

KIA ပျောက်ဆုံးနေသူများနှင့်ပတ်သက်၍ သတင်းအချက်အလက်ထပ်မံမရှိသေးကြောင်းလည်း ပြောသည်။

အောက်တိုဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ KIA တပ်ဖွဲ့ဝင် ၅ ဦးခန့်မှာ မိုးညှင်းမြို့နယ်ဘက်ရှိ တပ်မတော်စစ်ကြောင်းကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများအား ဖြေကြားထားသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် စစ်တိုင်း (၅) တိုင်းကို တပ်မတော်က အပစ်ရပ်ကြေညာခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်ခဲ့ရာမှ ယခုလ (အောက်တိုဘာလ ၁၄ ) ရက်နေ့က တိုက်ပွဲပြန်လည် ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

အလားတူ အစိုးရနှင့် ပဏာမအဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် တွေ့ဆုံဆွေးနွေးနေကြသည့် မြောက်ပိုင်းမဟာမိတ်များ ရှိနေသည့် ရှမ်းမြောက်ဒေသနှင့် ရခိုင်ပြည်နယ်အတွင်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

……………….

Zawgyi…

KIA ဌာနခ်ဳပ္လႈပ္ရွားတပ္ရင္း စခန္းအား တပ္မေတာ္မွ ပစ္ခတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္စခန္းတစ္ခုအား အစိုးရတပ္မေတာ္မွ ေအာက္တိုဘာလ တတိယအပတ္အတြင္း လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့သည္ဟု ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA က အတည္ျပဳေျပာသည္။

KIA ဌာနခ်ဳပ္လိုင္ဇာႏွင့္ ဌာနခ်ဳပ္ေဟာင္း လိုင္စင္ၾကားရွိ KIA ေရွ႕တန္းတပ္စခန္းကုန္း တစ္ခုျဖစ္သည့္ အမွတ္ ၂၅၄ တပ္ရင္း တပ္စခန္းကုန္းကို အစိုးရတပ္မေတာ္က ယခုလ ၁၉ ရက္ေန႔တြင္ လွမ္းပစ္ခဲ့ျခင္းျဖစ္သည္ဟု KIO/KIA သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးႀကီးေနာ္ဘူက ေျပာသည္။

“က်ေနာ္တို႔ KIA ရဲ႕ လႈပ္ရွားတပ္ေပါ့၊ ၂၅၄ တပ္ရင္းေပါ့၊ သူ႔ရဲ႕ တည္ေနရာကို ေျပာမယ္ဆုိရင္ ဒီဖလပ္ေတာင္နဲ႔ ဆမားကုန္းၾကားမွာ တပ္တည္ထားတာျဖစ္ပါတယ္။ ဆမားမွာ တပ္ထုိင္ေနတဲ့ တပ္မေတာ္ကေပါ့၊ ၁၉ ရက္ေန႔ ညေနပိုင္းျဖစ္မွာေပါ့။ ညေန ၃ နာရီ၊ ၄ နာရီ ၾကားေလာက္ျဖစ္မယ္။ ကခ်င္ျပည္နယ္ထဲ ဆမားေပါ့၊ အဲ့ကေန ဗမာစစ္တပ္ေတြက ပစ္တယ္တဲ့။”

အစိုးရတပ္မေတာ္က ေရွ႕တန္းသံုး လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟု ဆက္ေျပာသည္။

“လက္နက္ငယ္ေပါ့၊ ေရွ႕တန္းသံုး လက္နက္ေတြေပါ့၊ ငါးၾကင္းမီးတို႔၊ စက္လက္တို႔နဲ႔ ပစ္တယ္လို႔ သတင္းက အဲ့လိုၾကားတယ္။ အခ်က္ေပါင္း ၁၀ ေက်ာ္ေလာက္ျဖစ္မယ္ထင္တယ္။ က်ည္ေတာင့္နဲ႔ဆိုရင္ေတာ့ အေတာင့္ ၂၀ ဝန္းက်င္ေလာက္ျဖစ္မယ္။ လက္နက္ႀကီးေတြနဲ႔ ပစ္တာမ်ိဳးေတာ့ မဟုတ္ဘူး။ ေရွ႕တန္းသံုး လက္နက္ေတြနဲ႔ ပစ္တာပါ။ ဒါေပမယ့္ ဘာေၾကာင့့္ပစ္တယ္ဆိုတဲ့ ျဖစ္စဥ္ေတြကေတာ့ ဘာမွမၾကားရေသးဘူး” ဟု ဗုိလ္မွဴးႀကီးေနာ္ဘူက ဆက္ေျပာသည္။

အဆိုပါပစ္ခတ္မႈအတြင္း ထိခိုက္မႈ တစ္စံုတစ္ရာမရွိသလို KIO/KIA ဘက္မွလည္း ျပန္လည္တုန္႔ျပန္ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့ျခင္း မရွိေၾကာင္း ေျပာသည္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးက တာဝန္ရွိသူမ်ားအား ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရသလို တပ္မေတာ္ကာကြယ္ေရးဦးစီးဌာနမွလည္း တစ္စံုတစ္ရာ ထုတ္ျပန္ထားျခင္းမရွိေပ။

၉ လ နီးပါးအၾကား ရပ္တန္႔ေနသည့္ ကခ်င္ျပည္နယ္အတြင္း ေအာက္တိုဘာလ တတိယအပတ္တြင္ တပ္မေတာ္ႏွင့္ KIA အၾကား တုိ္က္ပြဲတစ္ႀကိမ္ႏွင့္ တပ္မေတာ္မွ ပစ္ခတ္မႈ တစ္ႀကိမ္ စုစုေပါင္း ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့သည္ဟု ဗိုလ္မွဴးႀကီးေနာ္ဘူက ေျပာသည္။

“ဒီလ ၁၄ ရက္ေန႔မွာ ဒီ KIA တပ္ရင္း ၅ နယ္ေျမဘက္မွာ ဆင္ဘိုဘက္မွာ အ့ဲဘက္မွာ တပ္မေတာ္ကေန က်ေနာ္တုိ႔ ေရွ႕တန္းစခန္းမွာ စခန္းေဟာင္းေတြေပါ့၊ ကာကင္းလို႔ေျပာရမွာေပါ့၊ အဲ့ဒီေနရာမွာ ေခ်ာင္းေျမာင္းပစ္တာ တစ္ခုရွိတယ္။ အခု ဒီ အခုနက ေျပာတဲ့ ဒီလ ၁၉ ရက္ေန႔မွာေပါ့ ဆမားဘက္မွာ ပစ္ခတ္တာေတြရွိတယ္။ ပစ္ခတ္တာကေတာ့ သူတို႔ဘက္ကေန ပစ္ခတ္တာေပါ့၊ က်ေနာ္တို႔ဘက္က တုန္႔ျပန္ပစ္တာေတာ့ ဘာမွမရွိဘူးေပါ့။ အဲ့ဒါႏွစ္ခ်က္ေတာ့ရွိပါတယ္။ ဒီလအေတာအတြင္းမွာ။”

မိုးညွင္းၿမိဳ႕နယ္အတြင္းရွိ KIA တပ္မဟာ (၅) လက္ေအာက္ခံ တပ္ရင္း (၅) နယ္ေျမအတြင္း ျဖစ္ပြားခဲ့သည့္ အဆိုပါတုိက္ပြဲတြင္ KIA ဘက္မွ အက်အဆံုးရွိခဲ့ၿပီး ေပ်ာက္ဆံုးေနသူမ်ားလည္း ရွိခဲ့သည္ဟု KIO/KIA က ေျပာသည္။

ဗုိလ္မွဴးႀကီးေနာ္ဘူ က “သူတုိ႔ရဲ႕ သတင္းေပးပို႔ခ်က္အရဆုိရင္ေတာ့ က်ေနာ္တုိ႔ဘက္က တစ္ေယာက္က်တယ္။ ႏွစ္ေယာက္က ေပ်ာက္ဆံုးေနတယ္ဆုိတဲ့ သတင္းပို႔လာတာ ရိွိပါတယ္။ ေနာက္ၿပီးေတာ့ အဲ့ဘက္မွာက က်ေနာ္တို႔လည္း ဘာမွ စစ္အင္အားနဲ႔ရွိတာေတာ့ မဟုတ္ဘူး။ က်ေနာ္တုိ႔ရဲ႕ လႈပ္ရွားနယ္ေျမမွာ သြားလာလႈပ္ရွားရင္းနဲ႔ တပ္မေတာ္ဘက္က သတင္းၾကားတာေနမွာေပါ့၊ တပ္မေတာ္က ျပည္သူလူထုေတြကို လမ္းျပခိုင္းၿပီးမွ လာဝိုင္းၿပီးမွ ေခ်ာင္းေျမာင္းပစ္တယ္ဆိုတဲ့ သတင္းျဖစ္ပါတယ္” ဟု ဆက္ေျပာသည္။

KIA ေပ်ာက္ဆံုးေနသူမ်ားႏွင့္ပတ္သက္၍ သတင္းအခ်က္အလက္ထပ္မံမရွိေသးေၾကာင္းလည္း ေျပာသည္။

ေအာက္တိုဘာလ ၁၄ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ တုိ္က္ပြဲႏွင့္ ပတ္သက္၍ KIA တပ္ဖြဲ႕ဝင္ ၅ ဦးခန္႔မွာ မိုးညွင္းၿမိဳ႕နယ္ဘက္ရွိ တပ္မေတာ္စစ္ေၾကာင္းကို လက္နက္ငယ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ တုိက္ပြဲျဖစ္ပြားရျခင္းျဖစ္သည္ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက သတင္းမီဒီယာမ်ားအား ေျဖၾကားထားသည္။

၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွ စၿပီး ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္အပါအဝင္ စစ္တုိင္း (၅) တုိင္းကို တပ္မေတာ္က အပစ္ရပ္ေၾကညာခဲ့ၿပီးေနာက္ ကခ်င္ျပည္နယ္အတြင္း တုိက္ပြဲမ်ား ၿငိမ္သက္ခဲ့ရာမွ ယခုလ (ေအာက္တိုဘာလ ၁၄ ) ရက္ေန႔က တုိက္ပြဲျပန္လည္ ျဖစ္ပြားလာခဲ့ျခင္းျဖစ္သည္။

အလားတူ အစိုးရႏွင့္ ပဏာမအဆင့္ အပစ္ခတ္ရပ္စဲေရး လက္မွတ္ေရးထိုးရန္ ေတြ႕ဆံုေဆြးေႏြးေနၾကသည့္ ေျမာက္ပိုင္းမဟာမိတ္မ်ား ရွိေနသည့္ ရွမ္းေျမာက္ေဒသႏွင့္ ရခိုင္ျပည္နယ္အတြင္းတြင္လည္း တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနဆဲ ျဖစ္သည္။