ခေးနင်းဆရာတော်ပစ်သတ်ခံရပြီး ပျံလွန်တော်မူခဲ့ခြင်းအပေါ် တအာင်း ပြည်သူတွေက ဘာတွေ ပြောသလဲ။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းက ခေးနင်းကျေးရွာရှိ ကျောင်းထိုင်ဆရာတော်အား အမည်မသိ သေနတ်သမားနှစ်ဦးမှ ပစ်ခတ်ခဲ့မှုကြောင့် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ရှုံ့ချကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) က အောက်တိုဘာလ ၂၁ ရက်နေ့က တောင်းဆိုလိုက်သည်။

အလားတူ တအာင်းပြည်သူများကလည်း အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေချင်သည်ဟု ပြောသည်။

လုပ်ကြံပစ်ခတ်ခံခဲ့ရသည့် ခေးနင်းကျောင်းထိုင်ဆရာတော်မှာ တအာင်းဆရာတော်တစ်ပါးဖြစ်ပြီး အဆိုပါ ကျောင်းတွင် သီတင်းသုံးနေသည်မှာ ၁၆ နှစ်ရှိပြီဖြစ်ပြီး တအာင်းကလေးငယ်များ စာတတ်မြောက်ရေး လုပ်ဆောင်ပေးနေသည့် ဆရာတော်တစ်ပါးဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) က ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့က ညက ဖြစ်ပွားခဲ့သည့် ခေးနင်းကျေးရွာမှ တအာင်းဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဘဒ္ဒ န္တပညာဇောတ(ဓမ္မာစရိယ) ယခုကဲ့သို့ လုပ်ကြံပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ခေးနင်းဒေသခံတစ်ဦး၊ တအာင်းအမျိုးသမီးအဖွဲ့ TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေးချိစငါး၊ တအာင်းပါတီဥက္ကဋ္ဌ ဦးကျောင်အောင်နှင့် တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့မှ မိုင်းမျိုးအောင် တို့၏ အမြင်များကို ဆက်သွယ်မေးမြန်းထားသည်။

“ဒီလို ဆရာတော် ပျံလွန်တော်မှုသွားတာ တအာင်းပြည်သူတွေအတွက်တော့ အရမ်းအများကြီးလည်း နစ်နာ တာပေါ့နော်၊ တချို့ဆိုလည်း တောင်ပေါ်မှာနေတဲ့ မရှိ ၊ ဆင်းရဲ၊ ပညာရေးဆိုလည်း ခက်ခဲဖြစ်တာတွေ ဆရာတော်ဆီမှာ လာရောက်ပြီးတော့ ဆရာတော်ရဲ ့အရိပ်အောက် နေပြီးတော့ စာတွေသင်တယ်။ ပြီးတော့ မိဘအခက်အခဲ ရှိတော့ ကလေးတွေကိုလည်း ဆရာတော်ရဲ့ကျောင်းမှာ လာထားတာပေါ့နော်။ နောက်တစ်ခုတော့ ဆရာတော် ကိုးကွယ်တဲ့ ပြည်သူတွေအားလုံးကတော့ နစ်နာသွားတာပေါ့။” ခေးနင်း ဒေသခံ

“ဆရာတော်က ဘာကြောင့်သတ်ခံရသလဲဆိုတော့ အမတို့လည်း မပြောနိုင်သေးဘူး၊ သေချာလည်း မသိရသေးဘူးဆိုတော့ အသတ်ခံရသလောက်ပဲ သိထားတယ်။ ဒါကတော့ စဉ်းစားကြည့်လေ ကိုယ်က ဗုဒ္ဓဘာသာဝင် တစ်ဦးဆိုတော့ ကိုးကွယ်အားထားရာ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဒါ ကိုယ့်ရဲ့အထွန်းအထိပ် အမြဲတန်ဖိုးထားတဲ့ အပေါ်မှာ ဆရာတော် တစ်ပါးလည်း ဟုတ်တယ်၊ ကိုယ့်ရဲ့ ကိုးကွယ်ရာ အမျိုးဘာသာ တစ်ခုလုံးနဲ့ထိခိုက်တယ်။ ဒါက ဗုဒ္ဓဘာသာ ဝင်တိုင်းအတွက်က ယူကြုံးမရတဲ့ အရာတစ်ခုတော့ ပြောလို့ရတာပေါ့။ အဓိက သတ်ခံရတဲ့ ဆရာတော်အတွက်ကော အခြားအမှုမပေါ်တဲ့ လူထုတွေ အတွက်ပါ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သေချာစုံစမ်းပြီး အမှုမှန် အမှန်တရား ပေါ်ပေါက်ဖို့ လုပ်ပေးစေချင်၊ ဒီလိုအပြစ်မဲ့ လူထု သံဃာတော်များ ဦးတည်တိုက်ခိုက်တဲ့ လုပ်ရပ်ကို ရပ်တန့်စေချင်တယ်။ ကျမတို့အနေနဲ့ဒီလုပ်ရပ်အပေါ် လုံးဝကန့်ကွက်တယ်။” လွေးချိဆငါး တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO 

“ဘယ်လောက်ထိ နစ်နာတယ်ဆို ဒါက မပြောပြတက်တာပေါ့ တအာင်းတွေပဲ နစ်နာတာမဟုတ်ဘူး ဘာသာသာသနာအတွက်လည်း နစ်နာတယ်။ ဒေသအတွက်လည်း နစ်နာတယ်။ အားလုံးအတွက် နစ်နာပါတယ်၊ ဘာလို့တအာင်းတစ်ခုထဲ မဟုတ်ဘူးပြောသလဲဆိုတော့ ဒီဒေသထဲမှာ ဖြစ်တဲ့ အတွက် ပြည်သူတွေ လုံခြုံမှုမရှိဘူးဆိုတဲ့မျိုး ခံစားရတာပေါ့ဗျာ၊ အဲဒါကြောင့် ဒီကိစ္စက တအာင်းတယောက်ထဲ တစ်မျိုးထဲ နစ်နာတာ မဟုတ်ပါဘူး၊ ဒီဒေသတွေ ဒီလူတွေအားလုံးနစ်နာတယ်၊ စိတ်ပိုင်ဆိုင်ရာ လုံခြုံမှုရော နစ်နာတယ်၊ ဘာပြောချင်သလဲဆိုတော့ ကျနော်တို့က ပြည်သူထဲဆိုတော့ လုံခြုံရေးအပိုင်းကတော့ ဒါနိုင်ငံတော်အစိုးရက ပိုပြီးမှ ဆောင်ရွက်ပေးသင့်တာပေါ့ဗျာ။” ဦးကျော်အောင် လားရှိုးမြို့နယ် တအာင်းအမျိုးသားပါတီ TNP  ဥက္ကဌ 

“ဒါကတော့ တော်တော်လေးကို ပြည်သူအတွက် ခြိမ်းခြောက်ဖို့အတွက် ဖြစ်တာပေါ့နော်၊ ပြီးတော့ ကြီးမားတဲ့ ဆုံးရှုံးမှုလည်း ဖြစ်တယ်၊ ဒါက ဒီဥပဒေမဲ့ လုပ်ရပ်တွေ ဖြစ်တယ်၊ ပြီးတော့ တရားဥပဒေစိုးမိုးရေး မရှိဘူး၊ ကျနော်တို့ ပြည်သူလူထုတွေဘ၀ လုံခြုံဖို့ လုံးဝမရှိဘူး၊ အဲကြောင့်မို့ ဒီလိုမျိုး လုပ်ရပ်မျိုးတွေက ကျနော်တို့ လုံး၀ လက်မခံဘူး၊ ဒီလို ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက်ဖြစ်သွားတာပေါ့ ဒါကတော့ ဘယ်သူလုပ်လဲ ဘယ်သူစေခိုင်းလဲ မသိဘူးပေါ့နော်၊ စွပ်စွဲလို့လည်းမဖြစ်ဘူးပေါ့။ အဲဒါက အဓိကတော့ နိုင်ငံတော်က လုံခြုံမှုမရှိဘူးပေါ့ ၊ ပြီးတော့ တချို့ကိစ္စရပ်တွေကပေါ့နော် စစ်ရေး နိုင်ငံရေးတွေလိုမျိုး ပုံစံတွေမှာ ဘုန်းကြီးတွေက ကိုယ့်လူမျိုးအတွက် တိုးတက်ရာတိုးတက်ကြောင်း လုပ်တဲ့ အပေါ်မှာ သူတို့က အမြင်တွေ လွှဲမှားပြီးတော့ သံဃာတော်တွေက ဟိုဟာစပ်စပ် ဒီဟာစပ်စပ်ဆိုပြီးတော့ အထင်မှားတာပေါ့။ အဲဒါမျိုး ဆရာတော်တွေကို ရက်ရက်စက်စက် သတ်လိုက်တာပေါ့” မိုင်းမျိုးအောင် တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့ TLA

အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း လားရှိုးမြို့နယ်၊ မန်ကောင်းကျေးရွာအတွင်း ရွာလူကြီးတစ်ဦးလည်း ပစ်သတ်ခံခဲ့ရသည်။

ထို့အပြင် ပြီးခဲ့သည့် နှစ်ကလည်း ကျောက်မဲမြို့နယ်အတွင်း ကျောင်းထိုင်ဆရာတော် တစ်ပါး ပစ်ခတ်ခံခဲ့ရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) က အောက်တိုဘာလ ၂၀ ရက်နေ့က ပစ်သတ်ခံခဲ့ရသည့် ခေးနင်းကျောင်းထိုင် ဆရာတော်ဘုရားအမှုနှင့် ၂၀၁၈ ခုနှစ် ကျောက်မဲမြို့နယ်၊ ရွှေကျင်ကျောင်းဆရာတော် ဘုရားပစ်သတ်လုပ်ကြံခံရမှုများအတွက် သက်ဆိုင်ရာအနေဖြင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

………….

Zawgyi…

ေခးနင္းဆရာေတာ္ပစ္သတ္ခံရၿပီး ပ်ံလြန္ေတာ္မူခဲ့ျခင္းအေပၚ တအာင္း ျပည္သူေတြက ဘာေတြ ေျပာသလဲ။

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕အတြင္းက ေခးနင္းေက်းရြာရွိ ေက်ာင္းထုိင္ဆရာေတာ္အား အမည္မသိ ေသနတ္သမားႏွစ္ဦးမွ ပစ္ခတ္ခဲ့မႈေၾကာင့္ ပ်ံလြန္ေတာ္မူျခင္းႏွင့္ ပတ္သက္၍ ကန္႔ကြက္ရံႈ႕ခ်ေၾကာင္းႏွင့္ သက္ဆုိ္င္ရာ တာဝန္ရွိသူမ်ားအေနျဖင့္ အမႈမွန္အျမန္ဆံုးေပၚေပါက္ေရး ေဆာင္ရြက္ေပးရန္ ျမန္မာႏုိင္ငံလံုးဆုိင္ရာ တအာင္းသံဃာေတာ္မ်ားအဖြဲ႕ (ဗဟို) က ေအာက္တိုဘာလ ၂၁ ရက္ေန႔က ေတာင္းဆိုလိုက္သည္။

အလားတူ တအာင္းျပည္သူမ်ားကလည္း အမႈမွန္အျမန္ဆံုးေပၚေပါက္ေစခ်င္သည္ဟု ေျပာသည္။

လုပ္ႀကံပစ္ခတ္ခံခဲ့ရသည့္ ေခးနင္းေက်ာင္းထုိင္ဆရာေတာ္မွာ တအာင္းဆရာေတာ္တစ္ပါးျဖစ္ၿပီး အဆုိပါ ေက်ာင္းတြင္ သီတင္းသံုးေနသည္မွာ ၁၆ ႏွစ္ရွိၿပီျဖစ္ၿပီး တအာင္းကေလးငယ္မ်ား စာတတ္ေျမာက္ေရး လုပ္ေဆာင္ေပးေနသည့္ ဆရာေတာ္တစ္ပါးျဖစ္သည္ဟု ျမန္မာႏုိင္ငံလံုးဆုိင္ရာ တအာင္းသံဃာေတာ္မ်ားအဖြဲ႕ (ဗဟို) က ထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။

ေအာက္တိုဘာလ ၂၀ ရက္ေန႔က ညက ျဖစ္ပြားခဲ့သည့္ ေခးနင္းေက်းရြာမွ တအာင္းဆရာေတာ္တစ္ပါးျဖစ္သည့္ ဆရာေတာ္ဘဒၵ ႏၱပညာေဇာတ(ဓမၼာစရိယ) ယခုကဲ့သို႔ လုပ္ႀကံပစ္ခတ္ခံရမႈႏွင့္ ပတ္သက္၍ ေခးနင္းေဒသခံတစ္ဦး၊ တအာင္းအမ်ိဳးသမီးအဖြဲ႕ TWO မွ ေျပာေရးဆိုခြင့္ရွိသူ ေလြးခ်ိစငါး၊ တအာင္းပါတီဥကၠ႒ ဦးေက်ာင္ေအာင္ႏွင့္ တအာင္း ဥပေဒအေထာက္အကူျပဳအဖြဲ႕မွ မိုင္းမ်ိဳးေအာင္ တို႔၏ အျမင္မ်ားကို ဆက္သြယ္ေမးျမန္းထားသည္။

“ဒီလို ဆရာေတာ္ ပ်ံလြန္ေတာ္မႈသြားတာ တအာင္းျပည္သူေတြအတြက္ေတာ့ အရမ္းအမ်ားႀကီးလည္း နစ္နာ တာေပါ့ေနာ္၊ တခ်ိဳ ့ဆိုလည္း ေတာင္ေပၚမွာေနတဲ့ မရွိ ၊ ဆင္းရဲ၊ ပညာေရးဆိုလည္း ခက္ခဲျဖစ္တာေတြ ဆရာေတာ္ဆီမွာ လာေရာက္ၿပီးေတာ့ ဆရာေတာ္ရဲ ့အရိပ္ေအာက္ ေနၿပီးေတာ့ စာေတြသင္တယ္။ ၿပီးေတာ့ မိဘအခက္အခဲဲ ရွိေတာ့ ကေလးေတြကိုလည္း ဆရာေတာ္ရဲ ့ေက်ာင္းမွာ လာထားတာေပါ့ေနာ္။ ေနာက္တစ္ခုေတာ့ ဆရာေတာ္ ကိုးကြယ္တဲ့ ျပည္သူေတြအားလံုးကေတာ့ နစ္နာသြားတာေပါ့။” ေခးနင္း ေဒသခံ

“ဆရာေတာ္က ဘာေၾကာင့္သတ္ခံရသလဲဆိုေတာ့ အမတို႔လည္း မေျပာႏိုင္ေသးဘူး၊ ေသခ်ာလည္း မသိရေသးဘူးဆိုေတာ့ အသတ္ခံရသေလာက္ပဲ သိထားတယ္။ ဒါကေတာ့ စဥ္းစားၾကည့္ေလ ကိုယ္က ဗုဒၶဘာသာ၀င္ တစ္ဦးဆိုေတာ့ ကိုးကြယ္အားထားရာ သိသည္ျဖစ္ေစ မသိသည္ျဖစ္ေစ ဒါ ကိုယ့္ရဲ ့အထြန္းအထိပ္ အၿမဲတန္ဖိုးထားတဲ့ အေပၚမွာ ဆရာေတာ္ တစ္ပါးလည္း ဟုတ္တယ္၊ ကိုယ့္ရဲ႕ ကိုးကြယ္ရာ အမ်ိဳးဘာသာ တစ္ခုလံုးနဲ ့ထိခိုက္တယ္။ ဒါက ဗုဒၶဘာသာ ၀င္တိုင္းအတြက္က ယူႀကံဳးမရတဲ့ အရာတစ္ခုေတာ့ ေျပာလို ့ရတာေပါ့။ အဓိက သတ္ခံရတဲ့ ဆရာေတာ္အတြက္ေကာ အျခားအမႈမေပၚတဲ့ လူထုေတြ အတြက္ပါ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားမွ ေသခ်ာစံုစမ္းၿပီး အမႈမွန္ အမွန္တရား ေပၚေပါက္ဖို ့ လုပ္ေပးေစခ်င္၊ ဒီလိုအျပစ္မဲ့ လူထု သံဃာေတာ္မ်ား ဦးတည္တိုက္ခိုက္တဲ့ လုပ္ရပ္ကို ရပ္တန္႔ေစခ်င္တယ္။ က်မတို ့အေနနဲ ့ဒီလုပ္ရပ္အေပၚ လံုး၀ကန္႔ကြက္တယ္။”ေလြးခ်ိဆငါး တအာင္းအမ်ိဳးသမီးအဖြဲ႕အစည္း TWO 

“ဘယ္ေလာက္ထိ နစ္နာတယ္ဆို ဒါက မေျပာျပတက္တာေပါ့ တအာင္းေတြပဲ နစ္နာတာမဟုတ္ဘူး ဘာသာသာသနာအတြက္လည္း နစ္နာတယ္။ ေဒသအတြက္လည္း နစ္နာတယ္။ အားလံုးအတြက္ နစ္နာပါတယ္၊ ဘာလို ့တအာင္းတစ္ခုထဲ မဟုတ္ဘူးေျပာသလဲဆိုေတာ့ ဒီေဒသထဲမွာ ျဖစ္တဲ့ အတြက္ ျပည္သူေတြ လံုၿခံဳမႈမရွိဘူးဆိုတဲ့မ်ိဳး ခံစားရတာေပါ့ဗ်ာ၊ အဲဒါေၾကာင့္ ဒီကိစၥက တအာင္းတေယာက္ထဲ တစ္မ်ိဳးထဲ နစ္နာတာ မဟုတ္ပါဘူး၊ ဒီေဒသေတြ ဒီလူေတြအားလံုးနစ္နာတယ္၊ စိတ္ပိုင္ဆိုင္ရာ လံုၿခံဳမႈေရာ နစ္နာတယ္၊ ဘာေျပာခ်င္သလဲဆိုေတာ့ က်ေနာ္တို႔က ျပည္သူထဲဆိုေတာ့ လံုၿခံဳေရးအပိုင္းကေတာ့ ဒါႏိုင္ငံေတာ္အစိုးရက ပိုၿပီးမွ ေဆာင္ရြက္ေပးသင့္တာေပါ့ဗ်ာ။” ဦးေက်ာ္ေအာင္ လားရႈိးၿမိဳ႕နယ္ တအာင္းအမ်ိဳးသားပါတီ TNP  ဥကၠဌ 

“ဒါကေတာ့ ေတာ္ေတာ္ေလးကို ျပည္သူအတြက္ ၿခိမ္းေျခာက္ဖို ့အတြက္ ျဖစ္တာေပါ့ေနာ္၊ ၿပီးေတာ့ ႀကီးမားတဲ့ ဆံုးရႈံးမႈလည္း ျဖစ္တယ္၊ ဒါက ဒီဥပေဒမဲ့ လုပ္ရပ္ေတြ ျဖစ္တယ္၊ ၿပီးေတာ့ တရားဥပေဒစိုးမိုးေရး မရွိဘူး၊ က်ေနာ္တို ့ ျပည္သူလူထုေတြဘ၀ လံုၿခံဳဖို ့ လံုး၀မရွိဘူး၊ အဲေၾကာင့္မို ့ ဒီလိုမ်ိဳး လုပ္ရပ္မ်ိဳးေတြက က်ေနာ္တို ့ လံုး၀ လက္မခံဘူး၊ ဒီလို ၾကမ္းၾကမ္းတမ္းတမ္း ရက္ရက္စက္စက္ျဖစ္သြားတာေပါ့ ဒါကေတာ့ ဘယ္သူလုပ္လဲ ဘယ္သူေစခိုင္းလဲ မသိဘူးေပါ့ေနာ္၊ စြပ္စြဲလို ့လည္းမျဖစ္ဘူးေပါ့။ အဲဒါက အဓိကေတာ့ ႏိုင္ငံေတာ္က လံုၿခံဳမႈမရွိဘူးေပါ့ ၊ ၿပီးေတာ့ တခ်ိဳ ့ကိစၥရပ္ေတြကေပါ့ေနာ္ စစ္ေရး ႏိုင္ငံေရးေတြလိုမ်ိဳး ပံုစံေတြမွာ ဘုန္းႀကီးေတြက ကိုယ့္လူမ်ိဳးအတြက္ တိုးတက္ရာတိုးတက္ေၾကာင္း လုပ္တဲ့ အေပၚမွာ သူတို႔က အျမင္ေတြ လႊဲမွားၿပီးေတာ့ သံဃာေတာ္ေတြက ဟိုဟာစပ္စပ္ ဒီဟာစပ္စပ္ဆိုၿပီးေတာ့ အထင္မွားတာေပါ့။ အဲဒါမ်ိဳး ဆရာေတာ္ေတြကို ရက္ရက္စက္စက္ သတ္လိုက္တာေပါ့” မိုင္းမ်ိဳးေအာင္ တအာင္း ဥပေဒအေထာက္အကူျပဳအဖြဲ႕ TLA

ေအာက္တိုဘာလ ၁၅ ရက္ေန႔ကလည္း လားရိႈးၿမိဳ႕နယ္၊ မန္ေကာင္းေက်းရြာအတြင္း ရြာလူႀကီးတစ္ဦးလည္း ပစ္သတ္ခံခဲ့ရသည္။

ထို႔အျပင္ ၿပီးခဲ့သည့္ ႏွစ္ကလည္း ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေက်ာင္းထုိင္ဆရာေတာ္ တစ္ပါး ပစ္ခတ္ခံခဲ့ရသည္။

ျမန္မာႏုိင္ငံလံုးဆုိင္ရာ တအာင္းသံဃာေတာ္မ်ားအဖြဲ႕ (ဗဟို) က ေအာက္တိုဘာလ ၂၀ ရက္ေန႔က ပစ္သတ္ခံခဲ့ရသည့္ ေခးနင္းေက်ာင္းထုိင္ ဆရာေတာ္ဘုရားအမႈႏွင့္ ၂၀၁၈ ခုႏွစ္ ေက်ာက္မဲၿမိဳ႕နယ္၊ ေရႊက်င္ေက်ာင္းဆရာေတာ္ ဘုရားပစ္သတ္လုပ္ႀကံခံရမႈမ်ားအတြက္ သက္ဆုိင္ရာအေနျဖင့္ အမႈမွန္အျမန္ဆံုးေပၚေပါက္ေရး ေဆာင္ရြက္ေပးရန္ ေတာင္းဆိုထားသည္။