နယ်မြေအေးချမ်းပြီဖြစ်ကြောင်း မွန်နှင့် ကရင် ပူးတွဲ ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်။

တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် နယ်မြေတွင် အေးချမ်းတည်ငြိမ်နေပြီဖြစ်ကြောင်း နှစ်ဖွဲ့ပူးတွဲ ကြေညာချက်ကို အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၇ ရက်နေ့မှစတင်၍ နှစ်ဘက်တပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပေါ်လာမှုအပေါ် NMSP နှင့် KNU ခေါင်းဆောင်တို့ အောက်တိုဘာ ၂၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြပြီး သဘောတူ ဆုံးဖြတ်ချက်များ ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုဝန်းကျင်ဒေသနှင့် ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ တို့ ပူးတွဲ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“သဘောတူ ဆုံးဖြတ်ထားတဲ့အတိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်ထားပြီဖြစ်တယ်။ ကွင်းဆင်းစစ်ဆေးတယ်၊ မပေါက်ကျည်တွေကို ဖယ်ရှားတာတို့ ပြည်သူလူထုကို ပြန်လည်နေရာချတာတို့ ဆယ်သွယ်ရေးလမ်းကြောင်းတွေကိုလည်း အရင်လိုပဲ ပြန်ဖွင့်ထားပြီဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ(NMSP) အမှတ် ၅ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး M စိုက်ချမ်းက ပြောသည်။

ယင်းသဘောတူ ဆုံးဖြတ်ထားချက်အတိုင်း နှစ်ဖွဲ့ပူးပေါင်းကာ ကွင်းဆင်းစိစစ်မှုပြုလုပ်၍ နယ်မြေရှိ ပြည်သူလူထုများအား ပြန်လည်နေရာချထားခြင်း၊ မပေါက်ကျည်များ ရှင်းလင်းခြင်း၊ နှစ်ဘက်ရွာသားများအား ရှင်းလင်းဆွေးနွေးမှုပြုလုပ်ပြီးစီး၍ နယ်မြေတည်ငြိမ်အေးချမ်းနေပြီဟု ဒု-ဗိုလ်မှူးကြီး M စိုက်ချမ်းက ဆက်ပြောသည်။

ထို့အပြင် ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း ယခင်အတိုင်း ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်ဟု မွန်ပြည်သစ်ပါတီက ဆက်ပြောသည်။

အောက်တိုဘာ ၁၇ ရက်နေ့က ဘုရားသုံးဆူမြို့ နယ် ပလဲ့ဒွန်ဖိုက်နှင့် ထားဝယ်ခရိုင် ရေးချောင်းဖျားဒေသ၊ အောက်တိုဘာ ၂၀ ရက်နေ့က ရေးမြို့ နယ် ငါးကလေးချောင်းကျေးရွာအနီတွင် မွန်ပြည်နယ်သစ်ပါတီနှင့် KNU အောက်ခြေတပ်ဖွဲ့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဘုရားသုံးဆူမြို့ ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့ရွာနေရာတွင် ဖြစ်ပွားခဲ့သည့် NMSP နှင့် KNU အကြား ပစ်ခတ်မှုကြောင့် ဒေသခံ မွန်နှင့် ကရင်တိုင်းရင်းသား ၁၀၀ ကျော် ဘုရားသုံးဆူမြို့ပေါ် ထွက်ပြေးတိန်းရှောင်ခဲ့ကြ ရသည်။

NMSP နှင့် KNU တို့အကြား ညီညွတ်မှုနှင့် ယုံကြည်ခိုင်မာမှု ဖြစ်စေရန်အတွက် သင့်လျော်သောဒေသများတွင်လည်း လူထုရှင်းလင်းဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် ညှိနှိုင်းလျက်ရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဘုရားသုံးဆူမြို့ တာဝန်ခံက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာမျညး ပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်မှစကာ တစ်ဖန် နယ်မြေအငြင်းပွားသည့်ကိစ္စ သစ်ခိုးထုတ်သည့်ကိစ္စကြောင်းများကြောင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်ဘက်နှင့် ရေးမြို့ နယ်အတွင်း၌ နှစ်ဖက်ကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြခြင်းများ ရှိခဲ့သည်။

Zawgyi…

နယ္ေျမေအးခ်မ္းၿပီျဖစ္ေၾကာင္း မြန္ႏွင့္ ကရင္ ပူးတြဲ ေၾကညာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္။

တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည့္ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး KNU တို႔အၾကား ပဋိပကၡျဖစ္ပြားခဲ့သည့္ နယ္ေျမတြင္ ေအးခ်မ္းတည္ၿငိမ္ေနၿပီျဖစ္ေၾကာင္း ႏွစ္ဖြဲ႔ပူးတြဲ ေၾကညာခ်က္ကို ေအာက္တိုဘာ ၃၀ ရက္ေန႔က ထုတ္ျပန္ခဲ့သည္။

ေအာက္တိုဘာ ၁၇ ရက္ေန႔မွစတင္၍ ႏွစ္ဘက္တပ္ဖြဲ႔အၾကား ပဋိပကၡျဖစ္ေပၚလာမႈအေပၚ NMSP ႏွင့္ KNU ေခါင္းေဆာင္တို႔ ေအာက္တိုဘာ ၂၃ ရက္ေန႔တြင္ ေတြ႔ဆံုေဆြးေႏြးၾကၿပီး သေဘာတူ ဆံုးျဖတ္ခ်က္မ်ား ခ်ႏုိ္င္ခဲ့ျခင္းျဖစ္ေၾကာင္း မြန္ျပည္သစ္ပါတီဗဟိုဝန္းက်င္ေဒသႏွင့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး ဒူးပလာယာခ႐ုိင္ တပ္မဟာ ၆ တို႔ ပူးတြဲ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

“သေဘာတူ ဆံုးျဖတ္ထားတဲ့အတိုင္းကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ထားၿပီျဖစ္တယ္။ ကြင္းဆင္းစစ္ေဆးတယ္၊ မေပါက္က်ည္ေတြကို ဖယ္ရွားတာတို႔ ျပည္သူလူထုကို ျပန္လည္ေနရာခ်တာတို႔ ဆယ္သြယ္ေရးလမ္းေၾကာင္းေတြကိုလည္း အရင္လိုပဲ ျပန္ဖြင့္ထားၿပီျဖစ္တယ္” ဟု မြန္ျပည္သစ္ပါတီ(NMSP) အမွတ္ ၅ တပ္ရင္းမွဴး ဒု-ဗိုလ္မွဴးႀကီး M စိုက္ခ်မ္းက ေျပာသည္။

ယင္းသေဘာတူ ဆံုးျဖတ္ထားခ်က္အတိုင္း ႏွစ္ဖြဲ႔ပူးေပါင္းကာ ကြင္းဆင္းစိစစ္မႈျပဳလုပ္၍ နယ္ေျမရွိ ျပည္သူလူထုမ်ားအား ျပန္လည္ေနရာခ်ထားျခင္း၊ မေပါက္က်ည္မ်ား ရွင္းလင္းျခင္း၊ ႏွစ္ဘက္ရြာသားမ်ားအား ရွင္းလင္းေဆြးေႏြးမႈျပဳလုပ္ၿပီးစီး၍ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေနၿပီဟု ဒု-ဗိုလ္မွဴးႀကီး M စိုက္ခ်မ္းက ဆက္ေျပာသည္။

ထို႔အျပင္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားကိုလည္း ယခင္အတိုင္း ျပန္လည္ ဖြင့္လွစ္ႏိုင္ခဲ့ၿပီျဖစ္ပါသည္ဟု မြန္ျပည္သစ္ပါတီက ဆက္ေျပာသည္။

ေအာက္တိုဘာ ၁၇ ရက္ေန႔က ဘုရားသံုးဆူၿမိဳ႕ နယ္ ပလဲ့ဒြန္ဖိုက္ႏွင့္ ထားဝယ္ခ႐ုိင္ ေရးေခ်ာင္းဖ်ားေဒသ၊ ေအာက္တိုဘာ ၂၀ ရက္ေန႔က ေရးၿမိဳ႕ နယ္ ငါးကေလးေခ်ာင္းေက်းရြာအနီတြင္ မြန္ျပည္နယ္သစ္ပါတီႏွင့္ KNU ေအာက္ေျခတပ္ဖြဲ႔အၾကား ထိေတြ႔ပစ္ခတ္မႈျဖစ္ပြားခဲ့သည္။

ဘုရားသံုးဆူၿမိဳ႕ ဗလဲ့ဒြန္ဖိုက္ရြာႏွင့္ ထီးဝါးဒို႔ရြာေနရာတြင္ ျဖစ္ပြားခဲ့သည့္ NMSP ႏွင့္ KNU အၾကား ပစ္ခတ္မႈေၾကာင့္ ေဒသခံ မြန္ႏွင့္ ကရင္တိုင္းရင္းသား ၁၀၀ ေက်ာ္ ဘုရားသံုးဆူၿမိဳ႕ေပၚ ထြက္ေျပးတိန္းေရွာင္ခဲ့ၾက ရသည္။

NMSP ႏွင့္ KNU တို႔အၾကား ညီၫြတ္မႈႏွင့္ ယံုၾကည္ခိုင္မာမႈ ျဖစ္ေစရန္အတြက္ သင့္ေလ်ာ္ေသာေဒသမ်ားတြင္လည္း လူထုရွင္းလင္းေဆြးေႏြးပြဲမ်ား ဆက္လက္ျပဳလုပ္သြားရန္ ၫွိႏႈိင္းလ်က္ရွိသည္ဟု ကရင္အမ်ဳိးသားအစည္းအ႐ုံး KNU ဘုရားသံုးဆူၿမိဳ႕ တာဝန္ခံက ေျပာသည္။

မြန္ျပည္သစ္ပါတီႏွင့္ KNU တို႔သည္ ၁၉၈၈ ခုႏွစ္က နယ္ေျမအျငင္းပြားမႈ ျပႆနာေၾကာင့္ စစ္ေရး ပဋိပကၡျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း စစ္ေရးျပႆနာမ်ညး ေျပလည္လာခဲ့ရာမွ ၂၀၁၆ ခုႏွစ္မွစကာ တစ္ဖန္ နယ္ေျမအျငင္းပြားသည့္ကိစၥ သစ္ခိုးထုတ္သည့္ကိစၥေၾကာင္းမ်ားေၾကာင့္ တနသၤာရီတိုင္းေဒသႀကီး ေရျဖဴၿမိဳ႕ နယ္ဘက္ႏွင့္ ေရးၿမိဳ႕ နယ္အတြင္း၌ ႏွစ္ဖက္ၾကား ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၾကျခင္းမ်ား ရွိခဲ့သည္။