TNLA နှင့် တပ်မတော် ယခုလအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

တအန်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် တပ်မတော်တို့အကြားတွင် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။

PSLF/TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “အများဆုံးကတော့ ကွတ်ခိုင်မြို့ နယ်ပေါ့နော်။ ဒီနမ့်ဆန်လည်း ဖြစ်တယ်၊ နမ့်ခမ်းဘက်လည်း ဖြစ်တယ်။ ဒီကျနော်တို့ရှိတဲ့နေရာကို တဖက်က လာရောက်ပစ် ခတ်တဲ့အတွက် တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်း နမ့်ခမ်း၊ ကွတ်ခိုင်နှင့် နမ့်ဆန်မြို့နယ်များတွင် တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွား ခဲ့သည်ဟု ပြောသည်။

လက်ရှိ အချိန်တွင်လည်း တပ်မတော်ဖက်မှ ၎င်းတို့ လှုပ်ရှားရာ ဒေသများဖြစ်သည့် ကျောက်မဲ၊ မန် တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ဆန် စသည့် မြို့နယ်များအတွင်းသို့ တပ်အင်အား တိုးချဲ့မှုများ ရှိနေသည့်အတွက် တိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်သည့် အနေအထားတွင် ရှိနေသည်ဟု PSLF/TNLA က ပြော သည်။

“ကျနော်တို့နဲ့သိပ်ပြီး အဝေးကြီးမရှိဘူးပေါ့၊ ပြောမယ်ဆိုရင်တော့ ကျနော်တို့က ဒီတိုက်ပွဲမလုပ်လို့သာ သူက ဒီတိုင်းပဲ ရပ်နေပေါ့။ တကယ်လို့ကျနော်တို့တစ်ခါတစ်လေ ပစ်မယ်ဆိုရှင်တော့ တိုက်ပွဲအချိန်ပြည့် ဖြစ်လာနိုင်တယ်ပေါ့။”

ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါက မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအာင်းတပ်မတော် PSLF/TNLA၊ ကိုးကန့်တပ်မတော် MNTJP/MNDAA၊ ရက္ခိုင့်တပ်မတော် ULA/AA၊ တို့နှင့် အစိုးရ၊ တပ်မတော် တို့အကြား ပဏာမ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်အတွက် တွေ့ ဆုံဆွေးနွေးမှုများတွင် အခက်အခဲ ဖြစ်စေနိုင်သည်ဟု PSLF/TNLA က ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အခြားတစ်ဖက်တွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ နှစ်ဖက်သဘောတူ ပဏာမ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသော်လည်း ယနေ့အချိန်အထိ ပြေ လည်မှု မရရှိ သေးပေ။ တွေ့ဆုံဆွေးနွေးမှုများမှာလည်း အချိန်နှင့် နေရာ ညှိနှိုင်းမှု အဆင်မပြေသည့်အတွက် ရပ်တန့် နေသည်။

“ဒီတိုက်ခိုက်မှုကတော့ အဖြေမဟုတ်ဘူးလေ၊ ဒီတွေ့ဆုံဆွေးနွေးမှုက ပြီးတော့မှပဲ ဒီ ဒါပေမယ့် တွေ့ဆုံဆွေးနွေးမှုက နည်းလို့တိုက်ပွဲကများတာပေါ့နော်၊ တွေ့ဆုံဆွေးနွေးမှုက များပြီးမှ ဖွံ့ဖြိုးမှု တိုးတက်မှု ရှိလိုရှိရင်တော့ တိုက်ပွဲက နည်းသွားမယ်။ တွေ့ဆုံဆွေး နွေးမှုက မရှိလို့ပေါ့ မဖြစ်လိုပေါ့” ဟု PSLF/TNLA က ပြောသည်။

သို့သော် နိုဝင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးကြရန် သဘောတူထားကြပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်းမှုများကို လုပ်ဆောင်နေသည်ဟု သိရသည်။

အစိုးရ၊ တပ်မတော်နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ ရက္ခိုင့်တပ်တော် ULA/AA၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

၎င်းတို့လေးဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့အကြား ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေး ထိုးနိုင်ရန် တစ်ဆို့နေသည့် အဓိက အခက်အခဲမှာ တပ်နေရာချထားရေးကိစ္စရပ်နှင့် လက်မှတ်ရေး ထိုးပြီးပါကပဋိပက္ခဖြေ ရှင်းရာတွင် ကြားနေစောင့်ကြည့်မည့် အဖွဲ့ဖွဲ့စည်းရေးတို့ဖြစ်သည်ဟု မြောက်ပိုင်း မဟာမိတ် အဖွဲ့က ပြောသည်။

Zawgyi…

TNLA ႏွင့္ တပ္မေတာ္ ယခုလအတြင္း တိုက္ပြဲ ၅ ၾကိမ္ ျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ နို၀င္ဘာလ ၉ ရက္။

တအန္း(ပေလာင္)အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA ႏွင့္ တပ္မေတာ္တို႔အၾကားတြင္ ႏို၀င္ ဘာလအတြင္း တိုက္ပြဲ ၅ ႀကိမ္ျဖစ္ပြားခဲ့သည္ဟု PSLF/TNLA က ေျပာသည္။

PSLF/TNLA သတင္းႏွင့္ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က “အမ်ားဆံုးကေတာ့ ကြတ္ခိုင္ၿမိဳ႕ နယ္ေပါ့ေနာ္။ ဒီနမ့္ဆန္လည္း ျဖစ္တယ္၊ နမ့္ခမ္းဘက္လည္း ျဖစ္တယ္။ ဒီက်ေနာ္တို ့ရွိတဲ့ေနရာကို တဖက္က လာေရာက္ပစ္ ခတ္တဲ့အတြက္ တိုက္ပြဲျဖစ္ပြားတာျဖစ္တယ္” ဟု ေျပာသည္။

ႏို၀င္ဘာလ ၁ ရက္ေန႔မွ ၆ ရက္ေန႔အတြင္း နမ့္ခမ္း၊ ကြတ္ခိုင္ႏွင့္ နမ့္ဆန္ၿမိဳ႕နယ္မ်ားတြင္ တိုက္ပြဲ ၅ ႀကိမ္ျဖစ္ပြား ခဲ့သည္ဟု ေျပာသည္။

လက္ရွိ အခ်ိန္တြင္လည္း တပ္မေတာ္ဖက္မွ ၎တို႔ လႈပ္ရွားရာ ေဒသမ်ားျဖစ္သည့္ ေက်ာက္မဲ၊ မန္ တံု၊ နမၼတူ၊ နမ့္ခမ္း၊ ကြတ္ခိုင္၊ မူဆယ္၊ နမ့္ဆန္ စသည့္ ၿမိဳ႕နယ္မ်ားအတြင္းသို႔ တပ္အင္အား တိုးခ်ဲ႕မႈမ်ား ရွိေနသည့္အတြက္ တိုက္ပြဲထပ္မံျဖစ္ပြားလာႏိုင္သည့္ အေနအထားတြင္ ရွိေနသည္ဟု PSLF/TNLA က ေျပာ သည္။

“က်ေနာ္တို ့နဲ ့သိပ္ၿပီး အေ၀းႀကီးမရွိဘူးေပါ့၊ ေျပာမယ္ဆိုရင္ေတာ့ က်ေနာ္တို႔က ဒီတိုက္ပြဲမလုပ္လို႔သာ သူက ဒီတိုင္းပဲ ရပ္ေနေပါ့။ တကယ္လို ့က်ေနာ္တို ့တစ္ခါတစ္ေလ ပစ္မယ္ဆိုရွင္ေတာ့ တိုက္ပြဲအခ်ိန္ျပည့္ ျဖစ္လာႏိုင္တယ္ေပါ့။”

ယခုကဲ့သို႔ တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနပါက ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ ့ျဖစ္သည့္ တအာင္းတပ္မေတာ္ PSLF/TNLA၊ ကိုးကန္ ့တပ္မေတာ္ MNTJP/MNDAA၊ ရကၡိဳင့္တပ္မေတာ္ ULA/AA၊ တို ့ႏွင့္ အစိုးရ၊ တပ္မေတာ္ တို႔အၾကား ပဏာမ အပစ္ရပ္စဲေရး လက္မွတ္ေရးထိုးႏိုင္ရန္အတြက္ ေတြ႕ ဆံုေဆြးေႏြးမႈမ်ားတြင္ အခက္အခဲ ျဖစ္ေစႏိုင္သည္ဟု PSLF/TNLA က ေျပာသည္။

တိုက္ပြဲျဖစ္ပြားေနသည့္ အျခားတစ္ဖက္တြင္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ ႏွစ္ဖက္သေဘာတူ ပဏာမ အပစ္ရပ္ လက္မွတ္ေရးထိုးႏိုင္ရန္ ညွိႏႈိင္းေနေသာ္လည္း ယေန႔အခ်ိန္အထိ ေျပ လည္မႈ မရရွိ ေသးေပ။ ေတြ႕ဆံုေဆြးေႏြးမႈမ်ားမွာလည္း အခ်ိန္ႏွင့္ ေနရာ ညွိႏႈိင္းမႈ အဆင္မေျပသည့္အတြက္ ရပ္တန္႔ ေနသည္။

“ဒီတိုက္ခိုက္မႈကေတာ့ အေျဖမဟုတ္ဘူးေလ၊ ဒီေတြ႕ဆံုေဆြးေႏြးမႈက ၿပီးေတာ့မွပဲ ဒီ ဒါေပမယ့္ ေတြ႕ဆံုေဆြးေႏြးမႈက နည္းလို ့တိုက္ပြဲကမ်ားတာေပါ့ေနာ္၊ ေတြ ့ဆံုေဆြးေႏြးမႈက မ်ားၿပီးမွ ဖြံ ့ၿဖိဳးမႈ တိုးတက္မႈ ရွိလိုရွိရင္ေတာ့ တိုက္ပြဲက နည္းသြားမယ္။ ေတြ ့ဆံုေဆြး ေႏြးမႈက မရွိလို ့ေပါ့ မျဖစ္လိုေပါ့” ဟု PSLF/TNLA က ေျပာသည္။

သို႔ေသာ္ ႏို၀င္ဘာလအတြင္း ေတြ႕ဆံုေဆြးေႏြးၾကရန္ သေဘာတူထားၾကၿပီး ႏွစ္ဖက္ေတြ႕ဆံုေဆြးေႏြးႏိုင္ရန္ ညွိႏႈိင္းမႈမ်ားကို လုပ္ေဆာင္ေနသည္ဟု သိရသည္။

အစိုးရ၊ တပ္မေတာ္ႏွင့္ Bilateral အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ရန္ ညႇိႏႈိင္းလ်က္ရွိသည့္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕မွာ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္တစ္ တပ္ေပါင္းစု တပ္မေတာ္ (MNTJP/ MNDAA- ကိုးကန႔္အဖြဲ႕)၊ ရကၡိဳင့္တပ္ေတာ္ ULA/AA၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/ TNLA တို႔ ျဖစ္ၾကသည္။

၎တို႔ေလးဖြဲ႕ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔အၾကား ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral လက္မွတ္ေရး ထိုးႏိုင္ရန္ တစ္ဆို႔ေနသည့္ အဓိက အခက္အခဲမွာ တပ္ေနရာခ်ထားေရးကိစၥရပ္ႏွင့္ လက္မွတ္ေရး ထိုးၿပီးပါကပဋိပကၡေျဖ ရွင္းရာတြင္ ၾကားေနေစာင့္ၾကည့္မည့္ အဖြဲ႕ဖြဲ႕စည္းေရးတို႔ျဖစ္သည္ဟု ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕က ေျပာသည္။