ကျောက်မဲ စစ်ရှောင် ၁၀၀၀ ကျော်သွားပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်သွားပြီဖြစ်ပြီး အရေးပေါ်အကူအညီများလည်း လိုအပ်နေသည်။

တအာင်းအမျိုးသမီး အဖွဲ့ TWO ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါး က “ကျမတို့ လောလော ဆယ်တော့ ဒုက္ခသည်တွေက ၁၀၀၀ ကျော် ရှိလာတယ်ပေါ့။ ကျောက်မဲနယ် မန်ခေါက်မှာ တချို့ ရှိတယ်။ တချို့ကတော့ နမ့်ဆန် ကျောက်ဖြူလေးရွာ မှာ ရောက်နေတယ်။ ပြေးရတာက ကိုက်တန်ရှိမယ်။ နားလွေးရှိမယ်။ မန်ကန်ရှိတယ်။ အာပြောင်ရွာက တချို့ ရှိမယ်။ လေးရွာလောက်ရှိမယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ ကျောက်မဲမြိ့နယ်အတွင်းက မန်ခေါက်ကျေးရွာ၊ ပန်နင်းကျေးရွာ နှင့် နမ့်ဆန်မြို့နယ် အတွင်း က ကျောက်ဖြူလေးကျေးရွာတို့တွင် ထွက်ပြေးခိုလှုံလျှက်ရှိသည်ဟု TWO က ပြောသည်။

၎င်းတိ့ုအတွက် အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု TWO က ဆက်ပြောသည်။

“လောလောဆယ်တော့ သိရသလောက် ဘယ်အဖွဲ့အစည်းမှာ ကူညီတာတော့ မရှိဘူး။ ဒေသခံ လူမှုကူညီရေးအသင်းတွေက နည်းနည်းပါးပါးကူညီတာပဲရှိတယ်။ တခြားအဖွဲ့အစည်းကြီးကြီးမားမား ဘယ်သူမှ ကူညီတာ မရှိဘူး။ လောလောဆယ်တော့ အစားအ သောက်နဲ့ စောင် အဝတ်အထည်တို့ ရှိတယ်။”

ကျောက်မဲမြို့နယ်အတွင်းက အာဗြောင်ကျေးရွာ၊ ကိုက်တန်ကျေးရွာတို့က ဒေသခံများမှာ နမ့်ဆန်မြို့နယ် ကျောက်ဖြူေ လး ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ပြီး ကျောက်မဲမြို့နယ် နားလွေးရွာနှင့် မန်ကန်ကျေးရွာမှ ဒေသခံများမှာ မန်ခေါက်ကျေးရွာသို့ ထွက်ပြေးတိန်းရှောင်နေကြရသည်။

ထို့အပြင် ပန်နင်းကျေးရွာတွင် ခွန်ကော်ရွာ၊ တော့ဖယ်ရွာနှင့် အုံအွီးရွာ စသည့် ကျေးရွာပေါင်း ၃ ရွာမှ စစ်ဘေးရှောင် ၃၀၀ ကျော် ရှိနေပြီး ၎င်းတို့အတွက်လည်း အကူအညီများ လိုအပ်နေသည်ဟု ပန်နင်းဒေသခံ တစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေက ၃ ရွာရှိပါတယ်။ အုံအွီးရယ်၊ ခွန်ကော်ရယ်၊ တော့ဖယ်ရယ် အခုလောလောဆယ် သူတို့ အယောက်ပေါင်း ၃၀၀ လောက် ရှိပါတယ်၊ အစားအသောက်တွေ လိုအပ်နေပါတယ်၊ ဒီစောင်တွေ လိုအပ်တယ်” ဟု ပန်နင်း ဒေသခံ က ပြောသည်။

အဆိုပါ စစ်ဘေးရှောင် အယောက် ၃၀၀ မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ကတည်းက ပန်နင်းကျေးရွာ သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသလို မြို့ နှင့် အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲ့သည့်အတွက် စစ်ဘေးရှောင်ပြည်သူများအား သွားရောက်ကူညီရန် အခက်အခဲများလည်းရှိနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောက်မဲဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ (ယနေ့)တွင် တပ်မတော်နှင့် တအန်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့အကြား နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ ပြီး လေယာဉ်ဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့သည်ဟု PSLT/TNLA က ပြောသည်။

PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က “ဒီနေ့တော့ တိုက်ပွဲက ဒီနမ့်ဆန်မြို့ နယ်၊ ဒီစခန်းသာရွာအနီးမှာ မနက် ၆ နာရီ ၂၀ လောက်မှာ ၁ကြိမ်ဖြစ်တယ်၊ အဲမှာကတော့ ၁၅ မိနစ်လောက် တော့ ကြာတယ်၊ နောက်တစ်ကြိမ်က နေ့လည် ၁ နာရီခွဲကနေစပြီးမှ ခုထိ ဖြစ်နေတုန်း။ အဲဟာလည်း နမ့်ဆန်မြို့ နယ် ကိုက်တန်ကျေးရွာ အစပ်နားမှာဖြစ်တယ်။ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်မှာတော့ ဒီရဟတ်ယာဉ် ၂ စီးနဲ့ အဲဘက်မှာ ဝင်ရောက်ပစ်သွားတာလည်း ရှိတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်၍့နိုဝင်ဘာလ ၂၀ ရက်နေ့ (ယနေ့) အချိန်ထိ တပ်မတော် နှင့် PSLF/TNLA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိသည်။

အဆိုပါတိုက်ပွဲများကြေင့် ကျေးရွာများထဲအထိ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများလည်း ရှိနေသည့်အတွက် နေအိမ်များနှင့် ကျောင်းအချို့ ထိခိုက်ပျက်ဆီးခြင်းနှင့် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေသည်ဟု ဒေသခံများနှင့် လိုက်ပါကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

Zawgyi…

ေက်ာက္မဲ စစ္ေရွာင္ ၁၀၀၀ ေက်ာ္သြားၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္ ႏို၀င္ဘာလ ၂၀ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ ့နယ္တြင္ တို္က္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး စစ္ေဘးေရွာင္ဦးေရ ၁၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး အေရးေပၚအကူအညီမ်ားလည္း လိုအပ္ေနသည္။

တအာင္းအမ်ဳိးသမီး အဖြဲ႔ TWO ေျပာေရးဆိုခြင့္ရွိသူ ေလြးခ်ိဆငါး က “က်မတို ့ ေလာေလာဆယ္ေတာ့ ဒုကၡသည္ေတြက ၁၀၀၀ ေက်ာ္ ရွိလာတယ္ေပါ့။ ေက်ာက္မဲနယ္ မန္ေခါက္မွာ တခ်ိဳ႕ ရွိတယ္။ တခ်ိဳ႕ကေတာ့ နမ့္ဆန္ ေက်ာက္ျဖဴေလးရြာ မွာ ေရာက္ေနတယ္။ ေျပးရတာက ကိုက္တန္ရွိမယ္။ နားေလြးရွိမယ္။ မန္ကန္ရွိတယ္။ အာေျပာင္ရြာက တခ်ိဳ႕ ရွိမယ္။ ေလးရြာေလာက္ရွိမယ္” ဟု ေျပာသည္။

စစ္ေဘးေရွာင္မ်ားမွာ ေက်ာက္မဲၿမိ႕နယ္အတြင္းက မန္ေခါက္ေက်းရြာ၊ ပန္နင္းေက်းရြာ ႏွင့္ နမ့္ဆန္ၿမိဳ႕နယ္ အတြင္း က ေက်ာက္ျဖဴေလးေက်းရြာတို႔တြင္ ထြက္ေျပးခိုလံႈလ်ွက္ရွိသည္ဟု TWO က ေျပာသည္။

၎တိ႔ုအတြက္ အေရးေပၚ အကူအညီမ်ားလိုအပ္ေနသည္ဟု TWO က ဆက္ေျပာသည္။

“ေလာေလာဆယ္ေတာ့ သိရသေလာက္ ဘယ္အဖြဲ႕အစည္းမွာ ကူညီတာေတာ့ မရွိဘူး။ ေဒသခံ လူမႈကူညီေရးအသင္းေတြက နည္းနည္းပါးပါးကူညီတာပဲရွိတယ္။ တျခားအဖြဲ႕အစည္းႀကီးႀကီးမားမား ဘယ္သူမွ ကူညီတာ မရွိဘူး။ ေလာေလာဆယ္ေတာ့ အစားအေသာက္နဲ႔ ေစာင္ အဝတ္အထည္တုိ႔ ရွိတယ္။”

ေက်ာက္မဲၿမိဳ႕နယ္အတြင္းက အာေျဗာင္ေက်းရြာ၊ ကိုက္တန္ေက်းရြာတို႔က ေဒသခံမ်ားမွာ နမ့္ဆန္ၿမိဳ႕နယ္ ေက်ာက္ျဖဴေ လး ေက်းရြာသို႔ ထြက္ေျပးတိမ္းေရွာင္ၿပီး ေက်ာက္မဲၿမိဳ႕နယ္ နားေလြးရြာႏွင့္ မန္ကန္ေက်းရြာမွ ေဒသခံမ်ားမွာ မန္ေခါက္ေက်းရြာသို႔ ထြက္ေျပးတိန္းေရွာင္ေနၾကရသည္။

ထုိ႔အျပင္ ပန္နင္းေက်းရြာတြင္ ခြန္ေကာ္ရြာ၊ ေတာ့ဖယ္ရြာႏွင့္ အံုအြီးရြာ စသည့္ ေက်းရြာေပါင္း ၃ ရြာမွ စစ္ေဘးေရွာင္ ၃၀၀ ေက်ာ္ ရွိေနၿပီး ၎တို႔အတြက္လည္း အကူအညီမ်ား လိုအပ္ေနသည္ဟု ပန္နင္းေဒသခံ တစ္ဦးက ေျပာသည္။

“စစ္ေဘးေရွာင္ေတြက ၃ ရြာရွိပါတယ္။ အံုအီြးရယ္၊ ခြန္ေကာ္ရယ္၊ ေတာ့ဖယ္ရယ္ အခုေလာေလာဆယ္ သူတို ့ အေယာက္ေပါင္း ၃၀၀ ေလာက္ ရွိပါတယ္၊ အစားအေသာက္ေတြ လိုအပ္ေနပါတယ္၊ ဒီေစာင္ေတြ လိုအပ္တယ္” ဟု ပန္နင္း ေဒသခံ က ေျပာသည္။

အဆုိပါ စစ္ေဘးေရွာင္ အေယာက္ ၃၀၀ မွာ ႏိုဝင္ဘာလ ၁၇ ရက္ေန႔ကတည္းက ပန္နင္းေက်းရြာ သို႔ ေရာက္ရွိေနျခင္းျဖစ္သည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ား ဆက္တုိက္ျဖစ္ပြားေနသလို ၿမိဳ႕ ႏွင့္ အလွမ္းေဝးၿပီး လမ္းပန္းဆက္သြယ္ေရးလည္း ခက္ခဲ့သည့္အတြက္ စစ္ေဘးေရွာင္ျပည္သူမ်ားအား သြားေရာက္ကူညီရန္ အခက္အခဲမ်ားလည္းရွိေနသည္ဟု အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ေက်ာက္မဲေဒသခံမ်ားက ေျပာသည္။

ႏိုဝင္ဘာလ ၂၀ ရက္ေန႔ (ယေန႔)တြင္ တပ္မေတာ္ႏွင့္ တအန္း(ပေလာင္)အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ PSLF/TNLA တို႔အၾကား နမ့္ဆန္ၿမိဳ႕နယ္အတြင္း တုိ္က္ပြဲမ်ားဆက္လက္ျဖစ္ပြားေန ၿပီး ေလယာဥ္ျဖင့္ပါ လာေရာက္ပစ္ခတ္ခဲ့သည္ဟု PSLT/TNLA က ေျပာသည္။

PSLF/TNLA သတင္းႏွင့္ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္ က “ဒီေန ့ေတာ့ တိုက္ပြဲက ဒီနမ့္ဆန္ၿမိဳ႕ နယ္၊ ဒီစခန္းသာရြာအနီးမွာ မနက္ ၆ နာရီ ၂၀ ေလာက္မွာ ၁ႀကိမ္ျဖစ္တယ္၊ အဲမွာကေတာ့ ၁၅ မိနစ္ေလာက္ ေတာ့ ၾကာတယ္၊ ေနာက္တစ္ႀကိမ္က ေန ့လည္ ၁ နာရီခြဲကေနစၿပီးမွ ခုထိ ျဖစ္ေနတုန္း။ အဲဟာလည္း နမ့္ဆန္ၿမိဳ႕ နယ္ ကိုက္တန္ေက်းရြာ အစပ္နားမွာျဖစ္တယ္။ ဒီေန႔ ေန႔လည္္ ၁ နာရီ၀န္းက်င္မွာေတာ့ ဒီရဟတ္ယာဥ္ ၂ စီးနဲ ့ အဲဘက္မွာ ၀င္ေရာက္ပစ္သြားတာလည္း ရွိတယ္” ဟု ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ႏို၀င္ဘာလ ၁၁ ရက္ေန ့မွစတင္၍ ့ႏို၀င္ဘာလ ၂၀ ရက္ေန႔ (ယေန႔) အခ်ိန္ထိ တပ္မေတာ္ ႏွင့္ PSLF/TNLA တို႔အၾကား တုိက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားလ်ွက္ရွိသည္။

အဆိုပါတို္က္ပြဲမ်ားေၾကင့္ ေက်းရြာမ်ားထဲအထိ လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲမႈမ်ားလည္း ရွိေနသည့္အတြက္ ေနအိမ္မ်ားႏွင့္ ေက်ာင္းအခ်ိဳ႕ ထိခိုက္ပ်က္ဆီးျခင္းႏွင့္ ေဒသခံျပည္သူအခ်ိဳ႕ ထိခိုက္ဒဏ္ရာ ရရွိမႈမ်ားလည္း ရွိေနသည္ဟု ေဒသခံမ်ားႏွင့္ လိုက္ပါကူညီေဆာင္ရြက္ေပးေနသူမ်ားက ေျပာသည္။