လမ်းလုံခြုံရေးအတွက် အရပ်သားများ ဖမ်းဆီးခေါ်ဆောင်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ မန်မိုင်မန်ကွမ်းကျေးရွာတွင် မြန်မာ့တပ်မတော်ဘက်မှ ဒေသခံ ၆၃ ဦးကို ခရီးလမ်း လုံခြုံရေးအတွက် ခေါ်ဆောင်သွားခဲ့ကြောင်း မန်မိုင်ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

“သူတို့က မိုင်းခွဲခံရမှာကြောက်လို့ရွာသားတွေကို ခေါ်ဆောင်သွားတယ်၊ မိုင်းလွတ်တဲ့ နေရာရောက်ချိန်မှာ သူတို့က ပြန်လွတ်ပေးတယ်၊ လွတ်တဲ့အချိန်က ဖမ်းသွားတာ စာရင်းအတိအကျမရှိဘူး ပြန်လာတဲ့အခါကျတော့ ၄၀ ကျော်ပဲရောက်တယ်၊ နောက်မှ အကုန်လုံးပြန်လွတ်လာတယ်” ဟု လုံခြုံရေး အရ အမည်မဖော်လိုသော ရွာသားက ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တပ်မတော်မှ ဟူးခင်ကျေးရွာအုပ်စု ၊ မန်မိုင်မန်ကွမ်းရွာ ရှိ ဒေသခံများအား အစည်းအဝေးရှိသည်ဟုဆိုကာ အမျိုးသမီး ၄၂ ဦး အမျိုးသား ၂၁ ဦး အားလုံးပေါင်း ၆၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု မန်မိုင်ကျေးရွာမှ ဒေသခံက ပြောသည်။

“ ၉ နာရီဝန်းကျင်ချိန်မှာ တပ်မတော်ကပေါ့နော် ရွာသားတွေကို အစည်းဝေးရှိတယ် အစည်းဝေး လုပ်ရအောင် ဆိုပြီးမှ ရွာသားတွေကို ခေါ်သွားလိုက်တယ်၊ ခေါ်လိုက်တဲ့အခါတော့ ရွာသားတွေရော ကျောင်းဆရာ/ ဆရာမ တွေရော သက်ကြီးရွယ်အိုကအစ အဲဘက်ကိုတက်လာတယ်၊ တက်လာတဲ့ခါကျတော့ တပ်မတော်က အကုန် လုံးဖမ်းသွားလိုက်တယ်၊ ဖမ်းသွားပြီးမှ စစ်သားတစ်ယောက် ရွာသားတစ်ယောက်ပေါ့ အဲလို ကြားညှပ်သွား တယ်၊”

သို့သော် ဖမ်းဆီးခေါ်ဆောင်သွားခံရသူများမှ တစ်ချို့ကို နေ့လည် ၂ နာရီကျော်အချိန်တွင် တပ်မတော်မှ ပြန်လည် လွတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် အားလုံးမှာ ပြန်လွတ်လာသည်ဟု အဆိုပါ ဒေသခံက ဆက်ပြော သည်။

တပ်မတော်၏ ဖမ်းဆီးခေါ်ဆောင်ခံရစဉ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အရိုက်ခံရသည်ဟု ဆိုသည်။

တပ်မတော်မှ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများမှ ဒေသခံများအား ယခု ကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် ကန့်ကွက်ကြောင်း တအာင်းဥပဒေအ ထောက်အကူပြု အဖွဲ့က ပြောသည်။

တအာင်းဦးပဒေ အထောက်အကူပြု မိုင်းမျိုးအောင် က “ပြောချင်တာကတော့ တိုက်ပွဲအတွင်းမှာ အပြစ်မဲ့ အရပ်သား ပြည်သူတွေကို ဓားစားခံအဖြစ် အသုံးချခြင်းဟာ လုံးဝမဖြစ်သင့်ဘူး၊ ကျောင်းသား/ကျောင်းသူများ ၊ အမျိုးသမီး ၊သက်ကြီးရွယ်အိုတွေပါတော့ ပိုဆိုးတယ်၊ဒါမျိုး လုပ်ရပ်မျိုးကိုတော့ လုံးဝကန့်ကွက်ပါတယ်” ဟု ပြောသည်။

ဒေသခံများ ဖမ်းဆီးခေါ်ဆောင်သွားခြင်း မခံရမှီ အဆိုပါဒေသတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲကြောင့် ၎င်းဒေသအနီးတစ်ဝိုက်သို့ တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုများရှိသည်ဟု ဒေသခံများ က ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ ယနေ့တွင် နမ့်ဆန်မြို့နယ်အတွင်း တပ်မတော်နှင့် တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေ အနေ နှင့်ပတ်သက်၍ PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ယခု လိုပြော သည်။

“တိုက်ပွဲက ဒီနေ့ ၂ နေရာဖြစ် တယ်၊ နမ့်ဆန်မြို့နယ်ထဲမှာပဲ တစ်နေရာကတော့ ကိုက်တန်ကျေးရွာဘက် ပေါ့ နော် ဒီမနက် ၆ နာရီကျော် လောက်စဖြစ်တယ်၊ ဒီညနေထိပေါ့နော်၊ ဒီညနေမှာတော့ ရဟတ်ယာဉ် ၂ စီးနဲ့လာပြီး တော့ ပစ်ခတ်တာတော့ ရှိတယ်၊ နောက်တနေရာကတော့ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာနဲ့မန်မိုင်မိန်းကမ်းရွာ လမ်းခွဲမှာ မနက်က ၇နာရီ ၄၀ လောက် အဲမှာဖြစ်တယ်၊”

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ဒေသခံများမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုး မျိုးခံနေရသည့်အတွက် ပဋိပက္ခများကို အမြန်ဆုံး အဆုံးသတ်ရန်နှင့် တိုက်ပွဲဖြစ်ပွား နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်း အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးရန် လူ့အခွင့်အ ရေး လှုပ်ရှားနေသည့် အဖွဲ့များက တောင်းဆိုထားသည်။

Zawgyi…

လမ္းလံုၿခံဳေရးအတြက္ အရပ္သားမ်ား ဖမ္းဆီးေခၚေဆာင္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၃ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ ့နယ္ရွိ မန္မိုင္မန္ကြမ္းေက်းရြာတြင္ ျမန္မာ့တပ္မေတာ္ဘက္မွ ေဒသခံ ၆၃ ဦးကို ခရီးလမ္း လံုုၿခံဳေရးအတြက္ ေခၚေဆာင္သြားခဲ့ေၾကာင္း မန္မိုင္ေက်းရြာ ေဒသခံ တစ္ဦးက ေျပာသည္။

“သူတို ့က မိုင္းခြဲခံရမွာေၾကာက္လို ့ရြာသားေတြကို ေခၚေဆာင္သြားတယ္၊ မိုင္းလြတ္တဲ့ ေနရာေရာက္ခ်ိန္မွာ သူတို႔က ျပန္လြတ္ေပးတယ္၊ လြတ္တဲ့အခ်ိန္က ဖမ္းသြားတာ စာရင္းအတိအက်မရွိဘူး ျပန္လာတဲ့အခါက်ေတာ့ ၄၀ ေက်ာ္ပဲေရာက္တယ္၊ ေနာက္မွ အကုန္လံုးျပန္လြတ္လာတယ္” ဟုု လံုၿခံဳေရး အရ အမည္မေဖာ္လိုေသာ ရြာသားက ေျပာသည္။

ႏို၀င္ဘာလ ၂၂ ရက္ေန ့ နံနက္ ၉း၀၀ နာရီအခ်ိန္တြင္ တပ္မေတာ္မွ ဟူးခင္ေက်းရြာအုပ္စု ၊ မန္မိုင္မန္ကြမ္းရြာ ရွိ ေဒသခံမ်ားအား အစည္းအေ၀းရွိသည္ဟုဆိုကာ အမ်ိဳးသမီး ၄၂ ဦး အမ်ိဳးသား ၂၁ ဦး အားလံုးေပါင္း ၆၃ ဦးကို ဖမ္းဆီး ေခၚေဆာင္သြားခဲ့သည္ဟု မန္မိုင္ေက်းရြာမွ ေဒသခံက ေျပာသည္။

“ ၉ နာရီ၀န္းက်င္ခိ်န္မွာ တပ္မေတာ္ကေပါ့ေနာ္ ရြာသားေတြကို အစည္းေ၀းရွိတယ္ အစည္းေ၀း လုပ္ရေအာင္ ဆိုၿပီးမွ ရြာသားေတြကို ေခၚသြားလိုက္တယ္၊ ေခၚလိုက္တဲ့အခါေတာ့ ရြာသားေတြေရာ ေက်ာင္းဆရာ/ ဆရာမ ေတြေရာ သက္ႀကီးရြယ္အိုကအစ အဲဘက္ကိုတက္လာတယ္၊ တက္လာတဲ့ခါက်ေတာ့ တပ္မေတာ္က အကုန္ လံုးဖမ္းသြားလိုက္တယ္၊ ဖမ္းသြားၿပီးမွ စစ္သားတစ္ေယာက္ ရြာသားတစ္ေယာက္ေပါ့ အဲလို ၾကားညွပ္သြား တယ္၊”

သို႔ေသာ္ ဖမ္းဆီးေခၚေဆာင္သြားခံရသူမ်ားမွ တစ္ခ်ိဳ႕ကို ေန႔လည္ ၂ နာရီေက်ာ္အခ်ိန္တြင္ တပ္မေတာ္မွ ျပန္လည္ လြတ္ေပးခဲ့ၿပီး ေနာက္ပိုင္းတြင္ အားလံုးမွာ ျပန္လြတ္လာသည္ဟု အဆိုပါ ေဒသခံက ဆက္ေျပာ သည္။

တပ္မေတာ္၏ ဖမ္းဆီးေခၚေဆာင္ခံရစဥ္အတြင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးတစ္ဦး အ႐ိုက္ခံရသည္ဟု ဆိုသည္။

တပ္မေတာ္မွ ေဒသခံမ်ားအား ဖမ္းဆီးေခၚေဆာင္သြားသည့္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးမွ တစ္စံုတစ္ရာ ထုတ္ျပန္ထားျခင္း မရွိေပ။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တပ္မေတာ္အပါအ၀င္ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားမွ ေဒသခံမ်ားအား ယခု ကဲ့သို႔ ဖမ္းဆီးေခၚေဆာင္သြားသည့္အေပၚ ကန္႔ကြက္ေၾကာင္း တအာင္းဥပေဒအ ေထာက္အကူျပဳ အဖြဲ႔က ေျပာသည္။

တအာင္းဦးပေဒ အေထာက္အကူျပဳ မိုင္းမ်ိဳးေအာင္ က “ေျပာခ်င္တာကေတာ့ တိုက္ပြဲအတြင္းမွာ အျပစ္မဲ့ အရပ္သား ျပည္သူေတြကို ဓားစားခံအျဖစ္ အသံုးခ်ျခင္းဟာ လံုး၀မျဖစ္သင့္ဘူး၊ ေက်ာင္းသား/ေက်ာင္းသူမ်ား ၊ အမ်ိဳးသမီး ၊သက္ႀကီးရြယ္အိုေတြပါေတာ့ ပိုဆိုးတယ္၊ဒါမ်ိဳး လုပ္ရပ္မိ်ဳးကိုေတာ့ လံုး၀ကန္႔ကြက္ပါတယ္” ဟု ေျပာသည္။

ေဒသခံမ်ား ဖမ္းဆီးေခၚေဆာင္သြားျခင္း မခံရမွီ အဆိုပါေဒသတြင္ မိုင္းေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္။ အဆိုပါ ေပါက္ကြဲေၾကာင့္ ၎ေဒသအနီးတစ္ဝိုက္သို႔ တပ္မေတာ္မွ လက္နက္ႀကီး ပစ္ခတ္မႈမ်ားရွိသည္ဟု ေဒသခံမ်ား က ေျပာသည္။

ႏို၀င္ဘာလ ၂၂ ရက္ေန ယေန႔တြင္ နမ့္ဆန္ၿမိဳ ့နယ္အတြင္း တပ္မေတာ္ႏွင့္ တအန္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA တို ့ၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တိုက္ပြဲျဖစ္ပြားခဲ့သည့္ အေျခ အေန ႏွင့္ပတ္သက္၍ PSLF/TNLA သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ယခု လိုေျပာ သည္။

“တိုက္ပြဲက ဒီေန ့ ၂ ေနရာျဖစ္ တယ္၊ နမ္ ့ဆန္ၿမိဳ ့နယ္ထဲမွာပဲ တစ္ေနရာကေတာ့ ကိုက္တန္ေက်းရြာဘက္ ေပါ့ ေနာ္ ဒီမနက္ ၆ နာရီေက်ာ္ ေလာက္စျဖစ္တယ္၊ ဒီညေနထိေပါ့ေနာ္၊ ဒီညေနမွာေတာ့ ရဟတ္ယာဥ္ ၂ စီးနဲ ့လာၿပီး ေတာ့ ပစ္ခတ္တာေတာ့ ရွိတယ္၊ ေနာက္တေနရာကေတာ့ နမ့္ဆန္ၿမိဳ႕နယ္ ဟူးခင္ေက်းရြာနဲ ့မန္မိုင္မိန္းကမ္းရြာ လမ္းခြဲမွာ မနက္က ၇နာရီ ၄၀ ေလာက္ အဲမွာျဖစ္တယ္၊”

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ လက္နက္ကိုင္ ပဋိပကၡအတြင္း ေဒသခံမ်ားမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အမ်ိဳး မ်ိဳးခံေနရသည့္အတြက္ ပဋိပကၡမ်ားကို အျမန္ဆံုး အဆံုးသတ္ရန္ႏွင့္ တိုက္ပြဲျဖစ္ပြား ေနသည့္ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ား အခ်င္းခ်င္း အျမန္ဆံုး ေတြ႕ဆံုေဆြးေႏြးၿပီး ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ေပးရန္ လူ႔အခြင့္အ ေရး လႈပ္ရွားေနသည့္ အဖြဲ႔မ်ားက ေတာင္းဆိုထားသည္။