စစ်တပ်၏ ရိုက်နှက်ခံရသည့် အုပ်ချုပ်ရေးမှူး ကျန်းမာရေး အခြေအနေ မကောင်းသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

တပ်မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ကျန်းမာရေး အခြေအနေမှာ ယနေ့ထိပုံမှန် ပြန်မဖြစ်သေးပဲ စိုးရိမ်ရဆဲဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းမှ ရွာသားများက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်မြို့ နယ်၊ ဟူးခင်းကျေးရွာအုပ်စု၊ မန်မိုင်မန်ကွမ်းကျေးရွာမှ ရွာသူ/သား ၆၀ ကျော်နှင့်အတူ အုပ်ချုပ်ရေးမှူးအား တပ်မတော်က နိုဝင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ရိုက်နှက်ခံခဲ့ရပြီး အတွင်းဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အခု သူက ခေါင်းတွေအရမ်းကိုက်နေတယ်၊ ထိထားတာများတယ်၊ နဖူးမှာရော ပါးမှာရော၊ ရင်ဘက်မှာရော အဲလိုမျိုး ကန်တာ နဖူးနဲ့ပါးမှာ သူတို့ဦးထုပ်နဲ့ရိုက်တယ်၊ အရမ်းလည်း ရောင်သွား တယ်။ အခုထိလည်း မပျောက်သေးဘူး။ နည်းနည်းပါးပါးတော့ ထနိုင်တယ်၊ ဒါပေမယ့် အကြာကြီးမထနိုင်ဘူး၊ ခဏလေးတော့ ထနိုင်တယ်” ဟု ပြောသည်။

ယနေ့အချိန်ထိ အတွင်းဒဏ်ရာများကြောင့် အစာ စား၍ မရသေးဟုလည်း ဆက်ပြောသည်။

“အစားအစာတွေ မစားနိုင်ဘူး၊ စားပြီးရင် ဝါးလို့မရဘူး။ ဝါးစားလို့မရတော့ မျိုချလိုက်တယ်၊ မျိုချတော့ လည်း ပြန်အန်လာတယ်။ မနေ့နေ့လည်ပိုင်းကတည်းကတော့ ရွာကနေ နမ့်ဆန်ဆေးရုံမှာ ဆေးကုသ နေတယ်၊ အခက်အခဲတွေတော့ရှိတယ်၊ အခုလောလောဆယ်ကတော့ ငွေရေးကြေးရေးအတွက် အဆင်မပြေဘူးပေ့ါ။”

နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီခန့် တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်ပြီးနောက် မွန်းလွှဲ ၂ နာရီ နောက်ပိုင်း ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထို့နောက် ရိုက်နှက်ခံခဲ့ရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး မိုင်းဖိုးညွှန့် အား နမ့်ဆန်ဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ခဲ့ရသည်ဟု ပြောသည်။

အရိုက်ခံခဲ့ရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးက မိုင်းဖိုးညွှန့်က “သူတို့ ကျနော့်ကိုဆွဲပြီး ဦးထုပ်တွေနဲ့ခေါင်း တွေ ရိုက်တယ်၊ ကျနော် ပါးတွေရိုက် ခြေထောက်တွေနဲ့ ကျနော်ရင်ဘက်တွေ ကန်တယ်၊ ကျနော် မေ့ လဲသွား တယ်၊ သူတို့က ရိုက်ပြီးတာနဲ့ မူးသွားရော၊ ပြီးတာနဲ့သူတို့ခေါ်သွားတယ်၊ ကျနော်တို့ကို ၆ ယောက်အရင် ခေါ်သွား တယ်။ နောက်မှ ရွာကလူတွေ ပါလာတာ အများကြီးပဲ။ ကျနော်က တစ်လမ်းလုံး အန်လာတယ်။ သူတို့က အန်လည်း မရဘူးတဲ့ ရပ်လို့လည်းမရဘူး၊ သူတို့က ကျနော့်ကို အရမ်းနှိပ်စက်တယ်၊ ကျနော့်ရဲ့ ခြေထောက်တွေ လက်တွေကိုချည်ထားတယ်” ဟု ပြောသည်။

“ကျောပိုးအိတ်တွေလည်း ပိုးခိုင်းတယ်၊ ကျနော် တစ်ယောက်ထဲကိုပဲ ပိုးခိုင်းတယ်၊ ကျနော်က ဆရာ မပိုးနိုင်တော့ဘူး အရမ်းလည်း ခေါင်းတွေမူးနေတယ်။ သူတို့အိတ်က ၁၅ ပိဿလောက် ရှိတယ်၊ အနားက ဦးလေးတွေကူခိုင်းတယ်၊ သူတို့က မပေးရဘူးတဲ့ နင်ဘဲ ပိုးရမှာတဲ့” ဟု မိုင်းဖိုးညွှန့်က နိုဝင်ဘာလ ၂၂ ရက်နေ့က သူကြုံခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြောပြသည်။

တပ်မတော်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဥက္ကဋ္ဌအား လမ်းကြောင်းအခြေအနေကိစ္စ ခေါ်ယူမေးမြန်းပြီး၊ နောက် တစ်ရက် နံနက်ပိုင်းတွင် တပ်မတော်မှ တပ်သားအချို့ ရွာမှအထွက် ရွာအပြင်ဘက်တွင် ပေါက်ကွဲမှု များ ဖြစ်ပေါ်ခဲ့သည့် အတွက် အရိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် မန်မိုင်မန်ကွမ်းကျေးရွာမှ ရွာသား ၆၃ ယောက်အားလမ်း ခရီးလမ်းလုံခြုံရေးအတွက် တပ်မတော် စစ်ကြောင်းက ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။

တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော် အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှ ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းများနှင့် ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်နေသည့်အပေါ် တအာင်းအရပ်ဘက် အဖွဲ့အစည်းများက ကန့်ကွက် လျက်ရှိသည်။

တအာင်း ဥပဒေ အထောက်အကူပြုကွန်ရက် အဖွဲ့မှ မိုင်းမျိုးအောင်က “တိုက်ပွဲအတွင်းမှာ အပြစ်မဲ့တဲ့ အရပ်သား ပြည်သူတွေကို ဓားစာခံအဖြစ် အသုံးချတာမျိုး လုံးဝမဖြစ်သင့်ဘူး။ ဒီလိုလုပ်ရပ်မျိုးကိုတော့ လုံးဝကန့်ကွက်ပါတယ်” ဟု ပြောသည်။

အဆိုပါဒေသအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

သို့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အင်တာနက် ဝက်ဆိုက် စာမျက်နှာတွင် နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာအနီးတဝှိုက်တွင် PSLF/TNLA အဖွဲ့၏ လေယာဉ်ပစ်လက်နက် တစ်လက်အပါအဝင်၊ အခြားသော လက်နက် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ရှမ်းမြောက်ဒေသရှိ TNLA ၏ တပ်စခန်းပေါင်း ၄၁ ခု ကိုလည်း သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

Zawgyi…

စစ္တပ္၏ ရိုက္ႏွက္ခံရသည့္ အုပ္ခ်ဳပ္ေရးမွဴး က်န္းမာေရး အေျခအေန မေကာင္းေသး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၅ ရက္။

တပ္မေတာ္၏ ဖမ္းဆီးေခၚေဆာင္ျခင္းခံခဲ့ရသည့္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး၏ က်န္းမာေရး အေျခအေနမွာ ယေန႔ထိပံုမွန္ ျပန္မျဖစ္ေသးပဲ စိုးရိမ္ရဆဲျဖစ္သည္ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႔နယ္အတြင္းမွ ရြာသားမ်ားက ေျပာသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ တအာင္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသျဖစ္သည့္ နမ့္ဆန္ၿမိဳ႕ နယ္၊ ဟူးခင္းေက်းရြာအုပ္စု၊ မန္မိုင္မန္ကြမ္းေက်းရြာမွ ရြာသူ/သား ၆၀ ေက်ာ္ႏွင့္အတူ အုပ္ခ်ဳပ္ေရးမွဴးအား တပ္မေတာ္က ႏိုဝင္ဘာလ ၂၂ ရက္ေန႔က ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီးေနာက္ အဆုိပါ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမွာ ရိုက္ႏွက္ခံခဲ့ရၿပီး အတြင္းဒဏ္ရာမ်ား ရရွိခဲ့ျခင္းျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။

အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက “အခု သူက ေခါင္းေတြအရမ္းကိုက္ေနတယ္၊ ထိထားတာမ်ားတယ္၊ နဖူးမွာေရာ ပါးမွာေရာ၊ ရင္ဘက္မွာေရာ အဲလိုမ်ိဳး ကန္တာ နဖူးနဲ႔ပါးမွာ သူတို ့ဦးထုပ္နဲ ့ရိုက္တယ္၊ အရမ္းလည္း ေရာင္သြား တယ္။ အခုထိလည္း မေပ်ာက္ေသးဘူး။ နည္းနည္းပါးပါးေတာ့ ထႏိုင္တယ္၊ ဒါေပမယ့္ အၾကာႀကီးမထႏိုင္ဘူး၊ ခဏေလးေတာ့ ထႏိုင္တယ္” ဟု ေျပာသည္။

ယေန႔အခ်ိန္ထိ အတြင္းဒဏ္ရာမ်ားေၾကာင့္ အစာ စား၍ မရေသးဟုလည္း ဆက္ေျပာသည္။

“အစားအစာေတြ မစားႏိုင္ဘူး၊ စားၿပီးရင္ ၀ါးလို႔မရဘူး။ ဝါးစားလို ့မရေတာ့ မ်ိဳခ်လိုက္တယ္၊ မ်ိဳခ်ေတာ့ လည္း ျပန္အန္လာတယ္။ မေန ့ေန႔လည္ပိုင္းကတည္းကေတာ့ ရြာကေန နမ့္ဆန္ေဆးရံုမွာ ေဆးကုသ ေနတယ္၊ အခက္အခဲေတြေတာ့ရွိတယ္၊ အခုေလာေလာဆယ္ကေတာ့ ေငြေရးေၾကးေရးအတြက္ အဆင္မေျပဘူးေပ့ါ။”

ႏိုဝင္ဘာလ ၂၂ ရက္ေန႔၊ နံနက္ပိုင္း ၉ နာရီခန္႔ တပ္မေတာ္မွ ဖမ္းဆီးေခၚေဆာင္ၿပီးေနာက္ မြန္းလႊဲ ၂ နာရီ ေနာက္ပိုင္း ျပန္လႊတ္ေပးခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။ ထို႔ေနာက္ ရိုက္ႏွက္ခံခဲ့ရသည့္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး မုိ္င္းဖိုးညႊန္႔ အား နမ့္ဆန္ေဆးရံုသို႔ ေဆးကုသမႈ ခံယူရန္ ပို႔ေဆာင္ခဲ့ရသည္ဟု ေျပာသည္။

အရို္က္ခံခဲ့ရသည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက မုိင္းဖိုးညြႊန္႔က “သူတို႔ က်ေနာ့္ကိုဆြဲၿပီး ဦးထုပ္ေတြနဲ ့ေခါင္း ေတြ ရိုက္တယ္၊ က်ေနာ္ ပါးေတြရိုက္ ေျခေထာက္ေတြနဲ ့ က်ေနာ္ရင္ဘက္ေတြ ကန္တယ္၊ က်ေနာ္ ေမ့ လဲသြား တယ္၊ သူတို ့က ရိုက္ၿပီးတာနဲ ့ မူးသြားေရာ၊ ၿပီးတာနဲ ့သူတို ့ေခၚသြားတယ္၊ က်ေနာ္တို႔ကို ၆ ေယာက္အရင္ ေခၚသြား တယ္။ ေနာက္မွ ရြာကလူေတြ ပါလာတာ အမ်ားႀကီးပဲ။ က်ေနာ္က တစ္လမ္းလံုး အန္လာတယ္။ သူတို႔က အန္လည္း မရဘူးတဲ့ ရပ္လို႔လည္းမရဘူး၊ သူတို႔က က်ေနာ့္ကို အရမ္းႏွိပ္စက္တယ္၊ က်ေနာ့္ရဲ႕ ေျခေထာက္ေတြ လက္ေတြကိုခ်ည္ထားတယ္” ဟု ေျပာသည္။

“ေက်ာပိုးအိတ္ေတြလည္း ပိုးခိုင္းတယ္၊ က်ေနာ္ တစ္ေယာက္ထဲကိုပဲ ပိုးခိုင္းတယ္၊ က်ေနာ္က ဆရာ မပိုးႏိုင္ေတာ့ဘူး အရမ္းလည္း ေခါင္းေတြမူးေနတယ္။ သူတို ့အိတ္က ၁၅ ပိႆေလာက္ ရွိတယ္၊ အနားက ဦးေလးေတြကူခိုင္းတယ္၊ သူတို ့က မေပးရဘူးတဲ့ နင္ဘဲ ပိုးရမွာတဲ့” ဟု မုိင္းဖိုးညြႊန္႔က ႏိုဝင္ဘာလ ၂၂ ရက္ေန႔က သူႀကံဳခဲ့ရသည့္ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ေျပာျပသည္။

တပ္မေတာ္မွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဥကၠ႒အား လမ္းေၾကာင္းအေျခအေနကိစၥ ေခၚယူေမးျမန္းၿပီး၊ ေနာက္ တစ္ရက္ နံနက္ပိုင္းတြင္ တပ္မေတာ္မွ တပ္သားအခ်ိဳ႕ ရြာမွအထြက္ ရြာအျပင္ဘက္တြင္ ေပါက္ကြဲမႈ မ်ား ျဖစ္ေပၚခဲ့သည့္ အတြက္ အရို္က္ခံခဲ့ရျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ထို႔ေနာက္ မန္မိုင္မန္ကြမ္းေက်းရြာမွ ရြာသား ၆၃ ေယာက္အားလမ္း ခရီးလမ္းလံုၿခံဳေရးအတြက္ တပ္မေတာ္ စစ္ေၾကာင္းက ေခၚေဆာင္သြားခဲ့သည္ဟု ေဒသခံမ်ား က ေျပာသည္။

တိုက္ပြဲမ်ား၊ စစ္ေရးတင္းမာမႈမ်ား ဆက္တုိက္ျဖစ္ပြားေနသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တပ္မေတာ္ အပါအဝင္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွ ေဒသခံျပည္သူမ်ားအား ဖမ္းဆီးေခၚေဆာင္သြားျခင္းမ်ားႏွင့္ ဖမ္းဆီးရိုက္ႏွက္ျခင္းမ်ား ျပဳလုပ္ေနသည့္အေပၚ တအာင္းအရပ္ဘက္ အဖြဲ႕အစည္းမ်ားက ကန္႔ကြက္ လ်က္ရွိသည္။

တအာင္း ဥပေဒ အေထာက္အကူျပဳကြန္ရက္ အဖြဲ႕မွ မိုင္းမ်ိဳးေအာင္က “တုိက္ပြဲအတြင္းမွာ အျပစ္မဲ့တဲ့ အရပ္သား ျပည္သူေတြကို ဓားစာခံအျဖစ္ အသံုးခ်တာမ်ိဳး လံုးဝမျဖစ္သင့္ဘူး။ ဒီလိုလုပ္ရပ္မ်ိဳးကိုေတာ့ လံုးဝကန္႔ကြက္ပါတယ္” ဟု ေျပာသည္။

အဆုိပါေဒသအတြင္း ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္က တစ္စံုတစ္ရာ ထုတ္ျပန္ထားျခင္းမရွိေပ။

သို႔ေသာ္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး၏ အင္တာနက္ ဝက္ဆုိက္ စာမ်က္ႏွာတြင္ နမ့္ဆန္ၿမိဳ႕နယ္ ဟူးခင္ေက်းရြာအုပ္စု၊ ဟိုမိန္းေက်းရြာအနီးတဝႈိက္တြင္ PSLF/TNLA အဖြဲ႕၏ ေလယာဥ္ပစ္လက္နက္ တစ္လက္အပါအဝင္၊ အျခားေသာ လက္နက္ ခဲယမ္းမ်ားကို သိမ္းဆည္းရရွိခဲ့ေၾကာင္းႏွင့္ ရွမ္းေျမာက္ေဒသရွိ TNLA ၏ တပ္စခန္းေပါင္း ၄၁ ခု ကိုလည္း သိမ္းပိုက္ခဲ့ၿပီးျဖစ္ေၾကာင္း ႏုိဝင္ဘာလ ၂၃ ရက္ေန႔က ထုတ္ျပန္ထားသည္။