မြောက်ပိုင်းမဟာမိတ်များတွင် လေယာဉ်ပစ်ဒုံးများ ရှိသော်လည်း အသုံးမပြုသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA အနေဖြင့် လေယာဉ်ပစ်ဒုံးများ ရှိနေပြီဖြစ်သော်လည်း မြောက်ပိုင်းတိုက်ပွဲများအတွင်း အသုံးပြုခဲ့ခြင်း မရှိသေးဟု ပြောသည်။

“လေယာဉ်ပစ်ဒုံးကိစ္စကတော့ ဒီ အဲ့မှာကြည့်ရင်တော့ လေယာဉ်ပစ်ဒုံးလည်းပါတယ်။ လက်နက် အသစ်တွေ လည်းပါတယ်။ အသစ်အများစုကတော့ ကျနော်တို့ဟာ ဟုတ်တယ်။ အဟောင်းတချို့နဲ့ အဲ့ ပုံတွေထဲက လက်နက်တချို့ အမျိုးအစားတွေကတော့ ကျနော်တို့ဆီမှာ မရှိဘူး။” ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

တိုက်ပွဲများအတွင်း တပ်မတော်မှ လေယာဉ်ဖြင့် အကြိမ်ကြိမ် တိုက်ခိုက်မှုများရှိခဲ့သော်လည်း TNLA အနေဖြင့် လေယာဉ်ပစ်ဒုံးများကို အသုံးပြုခဲ့ခြင်း မရှိသေးကြောင်းလည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အင်တာနက် ဝက်ဆိုက် စာမျက်နှာတွင် နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာအနီးတဝှိုက်တွင် PSLF/TNLA အဖွဲ့၏ လေယာဉ်ပစ်လက်နက် တစ်လက်အပါအဝင် အခြားသော လက်နက်ခဲယမ်းများ တပ်မတော် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားခဲ့သည်။

လေယာဉ်ပစ်ဒုံး လက်နက် တစ်လက်အပါအဝင် အခြားသော လက်နက် ခဲယမ်းများကို သိမ်းဆည်း ရရှိခဲ့ ကြောင်းနှင့် ရှမ်းမြောက်ဒေသရှိ TNLA ၏ တပ်စခန်းပေါင်း ၄၁ ခု ကိုလည်း သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က တပ်မတော်က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

PSLF/TNLA အပါအဝင် မြောက်ပိုင်းရှိ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များတွင် လေယာဉ် ပစ်ဒုံးများ လွန်ခဲ့သည့် နှစ်နှစ်ကျော် အချိန် ကတည်းက ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောသည်။

“ဒီလေယာဉ်ပစ်ဒုံးကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေမှာ ရှိနေတာ ကြာပါပြီ။ သိပ်ထူးဆန်းတဲ့ ကိစ္စ တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်ကစပြီး ရှိနေပြီလို့ပဲ ကျနော်တို့ ဒေသခံတွေ၊ စစ်မြေပြင် သတင်းတွေ အရဆိုပါတယ်။ ဒီ “ဝ” တပ်ဖွဲ့ နှစ် ၃၀ ပြည့် အခမ်းအနားမှာလည်း လေယာဉ်ပစ်ဒုံး အမြောက် အမြားကို ထုတ်ပြသွားတာ တွေ့ရပါတယ်။ အဲ့တော့ မြောက်ပိုင်းအဖွဲ့တွေမှာ ဒီလက်နက် လေယာဉ်ပစ်ဒုံးရှိတာ သိပ်ဆန်းတဲ့ကိစ္စတော့မဟုတ်ဘူး။”

PSLF/TNLA အဖွ့ဲတွင် လေယာဉ်ပစ်ဒုံးလက်နက် မည်မျှရှိကြောင်းမေးမြန်းရာ စစ်ရေးကိစ္စဖြစ်သောကြောင့် အတိအကျဖြေရန် အခက်အခဲရှိကြောင်း၊ သို့သော်လည်း ၎င်းတို့အဖွဲ့အနေဖြင့် မြောက်ပိုင်းတိုက်ပွဲများတွင် အသုံးပြုခဲ့ခြင်း မရှိသေးကြောင်းသာ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

တိုက်ပွဲများတွင်း လေယာဉ်ပစ်ဒုံး အသုံးပြုခြင်း မပြုခြင်းကိစ္စနှင့် ပတ်သက်၍ ဦးမောင်မောင်စိုးက“နှစ်မျိုး ဖြစ်နိုင်တယ်၊ တစ်မျိုးကတော့ တိုက်ပွဲတွေမှာ ပစ်ခတ်ခဲ့သော်လည်း မှန်တာမရှိလို့လည်း ဖြစ်နိုင်ပါ တယ်။ နောက်တစ်မျိုးကတော့ လေယာဉ်ပစ်ဒုံးကျည်တန်ဖိုးက သိပ်ဈေးကြီးတဲ့အတွက် မလိုအပ်ပဲနဲ့ မပစ်တာမျိုး၊ သိပ်အခက်အခဲအကြပ်အတည်းမဟုတ်လို့ မဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလက်နက်တွေကို သုံးမယ်ဆိုရင် တိုက်ပွဲတွေက ပိုပြီး ပြင်းထန်လာနိုင်တယ်။ အရပ်သားထိခိုက်မှုတွေလည်း အခုထက်ပိုပြီး ရှိလာမယ်လို့ သုံးသပ်လို့တော့ ရတယ်” ဟု သုံးသပ်သည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က နမ့်ဆန်မြို့ နယ်၊ ဟူးခင်းကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာအနီးရှိ နေရာ ၃ နေရာအား ရှာဖွေရာ FN-6 ပခုံးထမ်း လေယာဉ်ပစ်လက်နက် ၁ လက်အပါအဝင် လက်နက်မျိုးစုံ ၁၇၀ လက်၊ ခဲယမ်းမျိုးစုံ ၈ မျိုး (ကျည်မျိုးစုံ ၄၆၂၆၅ တောင့်)၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဗူး ၈၈၅ ဗူး) နှင့် ယူနီဖောင်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“တရုတ်နိုင်ငံလုပ် လက်နက်တော်တော်များများ ပါနေတာကို တွေ့ ရှိရမှာဖြစ်ပါတယ်။ ဥပမာ FN-6 ပေါ့နော်၊ FN-6 ဆိုလို့ရှိရင် မြေပြင်ကနေ ဝေဟင်ကိုပစ်တဲ့ လေယာဉ်ပစ်လက်နက်မျိုးဖြစ်ပါတယ်။ FN-6 က Third Generation လက်နက်မျိုးဖြစ်တာပေါ့နော်။ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှ ထွက်လာတဲ့ လက်နက်အမျိုး အစားဖြစ်ပါတယ်။ ဥပမာ FN-6 တစ်လက်ဆိုလို့ရှိရင်ပဲ ၂၀၀၉ ခုနှစ် ဈေးနှုန်း၊ ဒါလည်း နိုင်ငံတကာမှာ ဈေးနှုန်းတွေက အမျိုးမျိုးဖြစ်တာကိုး။ ၂၀၀၉ ခုနှစ်မှာ ရှိခဲ့တဲ့ ဈေးနှုန်းလောက်ဆိုရင်တော့ တစ်လက်ကို ဒေါ်လာ ၇၅၀၀၀ ကနေ ၉၀၀၀၀ ပတ်ဝန်းကျင်လောက်အထိ ရှိတယ်လို့ ကျနော်တို့ တွေ့ ရှိရပါတယ်” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ (ယမန်နေ့) က ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်က ထုတ်ပြန်ထားသည့် ဖမ်းဆီးရမိသည့် သတင်းမှာ မှန်ကန်သော်လည်း ဖမ်းဆီးရမိသွားသည့် အရေအတွက်မှာ မှန်ကန်ခြင်းမရှိဟု PSLF/TNLA က ပြောသည်။

“ဒီလက်နက်ကတွေ သိမ်းဆည်းရမိတာတော့ မှန်တယ်။ ဒါပေမယ့် သူတို့ပြောတဲ့ပမာဏတော့မဟုတ်ဘူး။ ကျနော်တို့ ပြန်စီစစ်တော့ ၅၀ ကျော်လောက်ရှိတယ်။ တချို့ လက်နက်အဟောင်းတွေကတော့ ပုံထဲမှာလည်း တွေ့မှာပါ။ အဲ့ဒါတွေက ကျနော်တို့ဆီမှာမရှိဘူး။” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“သိမ်းဆည်းရမိသွားတဲ့အကြောင်းအရင်း ကတော့ တလောက တိုက်ပွဲတွေကပြင်းထန်တယ်။ တချို့ ယာယီစခန်းတွေမှာ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့တာတွေ ပြုလုပ်တယ်။ အဲ့ဒါကြောင့် ကျနော်တို့ ဒီလက်နက်တချို့ကို မရွှေ့လိုက်နိုင်ဘူး။ မရွှေ့လိုက်နိုင်တာတွေကို သိမ်းဆည်းရမိသွားတာဖြစ်တယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

ထို့အပြင် TNLA ၏ တပ်စခန်းပေါင်း ၄၁ ခုကို သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည့် ကိစ္စနှင့် ပတ်သက် ၍လည်း “ဒီနောက်ပြီး စခန်းတွေသိမ်းပိုက်နိုင်တယ်ဆိုတာကတော့ တချို့က တစ်ရက်နှစ်ရက်၊ တချို့က တစ်ပတ်နှစ်ပတ်၊ တချို့နေရာက တစ်လလောက်ပေါ့ လနဲ့ချီနေတာလည်း ရှိတယ်။ သူတို့ကဘယ်လို တွက် တာလဲတော့ မသိဘူး။ ကျနော်တို့ အခိုင်အမာစခန်းလုပ်ထားတာလည်း မရှိဘူး။ အကုန်လုံးက မိုဘိုင်း(လှုပ်ရှား) စခန်း တွေပဲ။ ယာယီစခန်းတွေပဲ ဖြစ်တယ်။ အဲ့ဒါတွေကို ပြောတာဆိုရင်တော့ သူတို့ ထုတ်ပြန်တဲ့ ပမာဏလည်း ဖြစ်ရင်လည်း ဖြစ်နိုင်တယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ ၁၈ ရက်နေ့အထိ ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် တိုက်ပွဲ များ နေ့စဉ်ရက်ဆက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်က ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီး များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ အနည်းဆုံး အကြိမ်ရေ ၅၀၀ ကျော်ရှိသည်ဟု ပြောသည်။

ထို့အပြင် အဆိုပါတိုက်ပွဲများတွင် တပ်မတော်က လေယာဉ်များဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ဝေဟင်ထိုးစစ်များ ရှိနေသည်ဟု PSLF/TNLA က ပြောသည်။

Zawgyi…

ေျမာက္ပိုင္းမဟာမိတ္မ်ားတြင္ ေလယာဥ္ပစ္ဒံုးမ်ား ရွိေသာ္လည္း အသံုးမျပဳေသး

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၅ ရက္။

တအန္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA အေနျဖင့္ ေလယာဥ္ပစ္ဒံုးမ်ား ရွိေနၿပီျဖစ္ေသာ္လည္း ေျမာက္ပိုင္းတိုက္ပြဲမ်ားအတြင္း အသံုးျပဳခဲ့ျခင္း မရွိေသးဟု ေျပာသည္။

“ေလယာဥ္ပစ္ဒံုးကိစၥကေတာ့ ဒီ အဲ့မွာၾကည့္ရင္ေတာ့ ေလယာဥ္ပစ္ဒံုးလည္းပါတယ္။ လက္နက္ အသစ္ေတြ လည္းပါတယ္။ အသစ္အမ်ားစုကေတာ့ က်ေနာ္တုိ႔ဟာ ဟုတ္တယ္။ အေဟာင္းတခ်ိဳ႕နဲ႔ အဲ့ ပံုေတြထဲက လက္နက္တခ်ိဳ႕ အမ်ိဳးအစားေတြကေတာ့ က်ေနာ္တုိ႔ဆီမွာ မရွိဘူး။” ဟု PSLF/TNLA သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မွဴးမုိင္းအိုက္ေက်ာ္ က ေျပာသည္။

တိုက္ပြဲမ်ားအတြင္း တပ္မေတာ္မွ ေလယာဥ္ျဖင့္ အၾကိမ္ၾကိမ္ တိုက္ခိုက္မႈမ်ားရွိခဲ့ေသာ္လည္း TNLA အေနျဖင့္ ေလယာဥ္ပစ္ဒံုးမ်ားကို အသံုးျပဳခဲ့ျခင္း မရွိေသးေၾကာင္းလည္း ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ေျပာသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး၏ အင္တာနက္ ဝက္ဆုိက္ စာမ်က္ႏွာတြင္ နမ့္ဆန္ၿမိဳ႕နယ္ ဟူးခင္ေက်းရြာအုပ္စု၊ ဟိုမိန္းေက်းရြာအနီးတဝႈိက္တြင္ PSLF/TNLA အဖြဲ႕၏ ေလယာဥ္ပစ္လက္နက္ တစ္လက္အပါအဝင္ အျခားေသာ လက္နက္ခဲယမ္းမ်ား တပ္မေတာ္ သိမ္းဆည္းရမိေၾကာင္း ထုတ္ျပန္ထားခဲ့သည္။

ေလယာဥ္ပစ္ဒံုး လက္နက္ တစ္လက္အပါအဝင္ အျခားေသာ လက္နက္ ခဲယမ္းမ်ားကို သိမ္းဆည္း ရရွိခဲ့ ေၾကာင္းႏွင့္ ရွမ္းေျမာက္ေဒသရွိ TNLA ၏ တပ္စခန္းေပါင္း ၄၁ ခု ကိုလည္း သိမ္းပိုက္ခဲ့ၿပီးျဖစ္ေၾကာင္း ႏုိဝင္ဘာလ ၂၃ ရက္ေန႔က တပ္မေတာ္က ထုတ္ျပန္ထားျခင္း ျဖစ္သည္။

PSLF/TNLA အပါအဝင္ ေျမာက္ပိုင္းရွိ တိုင္းရင္းသားေတာ္လွန္ေရး လက္နက္ကို္င္အဖြဲ႕မ်ားတြင္ ေလယာဥ္ ပစ္ဒံုးမ်ား လြန္ခဲ့သည့္ ႏွစ္ႏွစ္ေက်ာ္ အခ်ိန္ ကတည္းက ရွိေနၿပီ ျဖစ္ေၾကာင္း ႏုိင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုး က ေျပာသည္။

“ဒီေလယာဥ္ပစ္ဒံုးကေတာ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြမွာ ရွိေနတာ ၾကာပါၿပီ။ သိပ္ထူးဆန္းတဲ့ ကိစၥ ေတာ့ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ သံုးႏွစ္ေလာက္ကစၿပီး ရွိေနၿပီလို႔ပဲ က်ေနာ္တုိ႔ ေဒသခံေတြ၊ စစ္ေျမျပင္ သတင္းေတြ အရဆိုပါတယ္။ ဒီ “ဝ” တပ္ဖြဲ႕ ႏွစ္ ၃၀ ျပည့္ အခမ္းအနားမွာလည္း ေလယာဥ္ပစ္ဒံုး အေျမာက္ အျမားကို ထုတ္ျပသြားတာ ေတြ႕ရပါတယ္။ အဲ့ေတာ့ ေျမာက္ပို္င္းအဖြဲ႕ေတြမွာ ဒီလက္နက္ ေလယာဥ္ပစ္ဒံုးရွိတာ သိပ္ဆန္းတဲ့ကိစၥေတာ့မဟုတ္ဘူး။”

PSLF/TNLA အဖြ႕ဲတြင္ ေလယာဥ္ပစ္ဒံုးလက္နက္ မည္မ်ွရွိေၾကာင္းေမးျမန္းရာ စစ္ေရးကိစၥျဖစ္ေသာေၾကာင့္ အတိအက်ေျဖရန္ အခက္္အခဲရွိေၾကာင္း၊ သို႔ေသာ္လည္း ၎တို႔အဖြဲ႕အေနျဖင့္ ေျမာက္ပိုင္းတိုက္ပြဲမ်ားတြင္ အသံုးျပဳခဲ့ျခင္း မရွိေသးေၾကာင္းသာ ဗုိလ္မွဴးမိုင္းအိုက္ေက်ာ္က ေျပာသည္။

တို္က္ပြဲမ်ားတြင္း ေလယာဥ္ပစ္ဒံုး အသံုးျပဳျခင္း မျပဳျခင္းကိစၥႏွင့္ ပတ္သက္၍ ဦးေမာင္ေမာင္စိုးက“ႏွစ္မ်ိဳး ျဖစ္ႏုိင္တယ္၊ တစ္မ်ိဳးကေတာ့ တုိက္ပြဲေတြမွာ ပစ္ခတ္ခဲ့ေသာ္လည္း မွန္တာမရွိလို႔လည္း ျဖစ္ႏို္င္ပါ တယ္။ ေနာက္တစ္မ်ိဳးကေတာ့ ေလယာဥ္ပစ္ဒံုးက်ည္တန္ဖိုးက သိပ္ေစ်းႀကီးတဲ့အတြက္ မလိုအပ္ပဲနဲ႔ မပစ္တာမ်ိဳး၊ သိပ္အခက္အခဲအၾကပ္အတည္းမဟုတ္လို႔ မျဖစ္တာလည္း ျဖစ္ႏုိင္ပါတယ္။ ဒီလက္နက္ေတြကို သံုးမယ္ဆုိရင္ တုိက္ပြဲေတြက ပိုၿပီး ျပင္းထန္လာႏုိင္တယ္။ အရပ္သားထိခိုက္မႈေတြလည္း အခုထက္ပိုၿပီး ရွိလာမယ္လို႔ သံုးသပ္လို႔ေတာ့ ရတယ္” ဟု သံုးသပ္သည္။

ႏိုဝင္ဘာလ ၂၂ ရက္ေန႔က နမ့္ဆန္ၿမိဳ႕ နယ္၊ ဟူးခင္းေက်းရြာအုပ္စု၊ ဟိုမိန္းေက်းရြာအနီးရွိ ေနရာ ၃ ေနရာအား ရွာေဖြရာ FN-6 ပခံုးထမ္း ေလယာဥ္ပစ္လက္နက္ ၁ လက္အပါအဝင္ လက္နက္မ်ိဳးစံု ၁၇၀ လက္၊ ခဲယမ္းမ်ိဳးစံု ၈ မ်ိဳး (က်ည္မ်ိဳးစံု ၄၆၂၆၅ ေတာင့္)၊ ဗံုးသီးမ်ိဳးစံု ၂၄၆ လံုး၊ ယမ္းဗူး ၈၈၅ ဗူး) ႏွင့္ ယူနီေဖာင္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို သိမ္းဆည္းရမိခဲ့သည္ဟု ႏုိဝင္ဘာလ ၂၃ ရက္ေန႔က ထုတ္ျပန္ခဲ့သည္။

“တရုတ္ႏုိင္ငံလုပ္ လက္နက္ေတာ္ေတာ္မ်ားမ်ား ပါေနတာကို ေတြ႕ ရွိရမွာျဖစ္ပါတယ္။ ဥပမာ FN-6 ေပါ့ေနာ္၊ FN-6 ဆိုလို႔ရွိရင္ ေျမျပင္ကေန ေဝဟင္ကိုပစ္တဲ့ ေလယာဥ္ပစ္လက္နက္မ်ိဳးျဖစ္ပါတယ္။ FN-6 က Third Generation လက္နက္မ်ိဳးျဖစ္တာေပါ့ေနာ္။ ၂၀၀၀ ခုႏွစ္ ေနာက္ပိုင္းမွ ထြက္လာတဲ့ လက္နက္အမ်ိဳး အစားျဖစ္ပါတယ္။ ဥပမာ FN-6 တစ္လက္ဆုိလို႔ရွိရင္ပဲ ၂၀၀၉ ခုႏွစ္ ေစ်းႏႈန္း၊ ဒါလည္း ႏုိင္ငံတကာမွာ ေစ်းႏႈန္းေတြက အမ်ိဳးမ်ိဳးျဖစ္တာကိုး။ ၂၀၀၉ ခုႏွစ္မွာ ရွိခဲ့တဲ့ ေစ်းႏႈန္းေလာက္ဆုိရင္ေတာ့ တစ္လက္ကို ေဒၚလာ ၇၅၀၀၀ ကေန ၉၀၀၀၀ ပတ္ဝန္းက်င္ေလာက္အထိ ရွိတယ္လို႔ က်ေနာ္တို႔ ေတြ႕ ရွိရပါတယ္” ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒု-ဥကၠ႒ ဗုိလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာသည္။

ႏိုဝင္ဘာလ ၂၄ ရက္ေန႔ (ယမန္ေန႔) က ျပဳလုပ္သည့္ တပ္မေတာ္သတင္းမွန္ျပန္ၾကားရးအဖြဲ႕၏ သတင္းစာ ရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

တပ္မေတာ္က ထုတ္ျပန္ထားသည့္ ဖမ္းဆီးရမိသည့္ သတင္းမွာ မွန္ကန္ေသာ္လည္း ဖမ္းဆီးရမိသြားသည့္ အေရအတြက္မွာ မွန္ကန္ျခင္းမရွိဟု PSLF/TNLA က ေျပာသည္။

“ဒီလက္နက္ကေတြ သိမ္းဆည္းရမိတာေတာ့ မွန္တယ္။ ဒါေပမယ့္ သူတို႔ေျပာတဲ့ပမာဏေတာ့မဟုတ္ဘူး။ က်ေနာ္တုိ႔ ျပန္စီစစ္ေတာ့ ၅၀ ေက်ာ္ေလာက္ရွိတယ္။ တခ်ိဳ႕ လက္နက္အေဟာင္းေတြကေတာ့ ပံုထဲမွာလည္း ေတြ႕မွာပါ။ အဲ့ဒါေတြက က်ေနာ္တို႔ဆီမွာမရွိဘူး။” ဟုု ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ေျပာသည္။

“သိမ္းဆည္းရမိသြားတဲ့အေၾကာင္းအရင္း ကေတာ့ တေလာက တုိက္ပြဲေတြကျပင္းထန္တယ္။ တခ်ိဳ႕ ယာယီစခန္းေတြမွာ လက္နက္ႀကီးေတြ ေလယာဥ္ေတြနဲ႔ ေတာက္ေလ်ွာက္ပစ္ခတ္ခဲ့တာေတြ ျပဳလုပ္တယ္။ အဲ့ဒါေၾကာင့္ က်ေနာ္တုိ႔ ဒီလက္နက္တခ်ိဳ႕ကို မေရႊ႕လိုက္ႏိုင္ဘူး။ မေရႊ႕လိုက္ႏုိင္တာေတြကို သိမ္းဆည္းရမိသြားတာျဖစ္တယ္” ဟု ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္ က ေျပာသည္။

ထို႔အျပင္ TNLA ၏ တပ္စခန္းေပါင္း ၄၁ ခုကို သိမ္းပိုက္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည့္ ကိစၥႏွင့္ ပတ္သက္ ၍လည္း “ဒီေနာက္ၿပီး စခန္းေတြသိမ္းပိုက္ႏုိင္တယ္ဆိုတာကေတာ့ တခ်ိဳ႕က တစ္ရက္ႏွစ္ရက္၊ တခ်ိဳ႕က တစ္ပတ္ႏွစ္ပတ္၊ တခ်ိဳ႕ေနရာက တစ္လေလာက္ေပါ့ လနဲ႔ခ်ီေနတာလည္း ရွိတယ္။ သူတို႔ကဘယ္လို တြက္ တာလဲေတာ့ မသိဘူး။ က်ေနာ္တုိ႔ အခုိင္အမာစခန္းလုပ္ထားတာလည္း မရွိဘူး။ အကုန္လံုးက မိုဘုိင္း(လႈပ္ရွား) စခန္း ေတြပဲ။ ယာယီစခန္းေတြပဲ ျဖစ္တယ္။ အဲ့ဒါေတြကို ေျပာတာဆုိရင္ေတာ့ သူတို႔ ထုတ္ျပန္တဲ့ ပမာဏလည္း ျဖစ္ရင္လည္း ျဖစ္ႏိုင္တယ္” ဟု ဗို္လ္မွဴးမိုင္းအိုက္ေက်ာ္က ဆက္ေျပာသည္။

ႏိုဝင္ဘာလ ၁၁ ရက္ေန႔မွ စတင္၍ ၁၈ ရက္ေန႔အထိ ေက်ာက္မဲၿမိဳ႕နယ္ႏွင့္ နမ့္ဆန္ၿမိဳ႕နယ္တို႔တြင္ တုိက္ပြဲ မ်ား ေန႔စဥ္ရက္ဆက္ျဖစ္ပြားခဲ့သည့္ တုိက္ပြဲမ်ားတြင္ တပ္မေတာ္က ၁၂၀ မမ၊ ၁၀၅ မမ လက္နက္ႀကီး မ်ားျဖင့္ ဆက္တုိက္ပစ္ခတ္ခဲ့ရာ အနည္းဆံုး အႀကိမ္ေရ ၅၀၀ ေက်ာ္ရွိသည္ဟု ေျပာသည္။

ထို႔အျပင္ အဆုိပါတိုက္ပြဲမ်ားတြင္ တပ္မေတာ္က ေလယာဥ္မ်ားျဖင့္ပါ လာေရာက္ပစ္ခတ္ခဲ့ေၾကာင္း၊ ႏိုဝင္ဘာလ ၂၄ ရက္ေန႔အထိ ေဝဟင္ထုိးစစ္မ်ား ရွိေနသည္ဟု PSLF/TNLA က ေျပာသည္။