ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်အစီအစဉ် အပိုင်း (၄၉)။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးခဲ့တာ လေးနှစ်ရှိပြီဖြစ်ပါတယ်။ တစ်ဆို့မှုတွေ၊ ကွဲလွှဲမှုတွေ၊ ညှိနှိုင်းမရသေးတဲ့အချက်တွေ၊ NCA စာချုပ်ပါ အချက်တွေကို ချိုးဖောက်နေတာတွေ ရှိနေကြပေမယ့်လည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရော၊ အစိုးရ၊ တပ်မတော်အားလုံးဟာ NCA စာချုပ်ပါ အချက်တွေကို အကောင်အထည်ဖော်သွားပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဆက်လက်ကြိုးပမ်းသွားကြမယ်လို့ ပြောဆိုနေကြဆဲဖြစ်ပါတယ်။ ဒီ အခြေအနေတွေကို တင်ဆက်ပေးသွားမှာပါ။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။