KNU နှင့် တပ်မတော်တို့ တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်။

ကရင့်အမျိုးသား အစည်းအရုံး (KNU) က တစ်နိုင်ငံလုံး ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆွေးနွေးဖြေရှင်းရန် သဘောတူညီချက် ရရှိရန်နှင့် အောက်ခြေတပ်ပိုင်း တင်းမာမှုများ ဖြေရှင်းရန် တပ်မတော်နှင့် ဆွေးနွေးသွားမည်ဟု ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် KNU နှင့် တပ်မတော် ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့တို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် ရိပ်သာတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး က ပြောသည်။

“အဓိကက တပ်ပိုင်းဆိုင်ရာ ကိစ္စပါပဲ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ အဓိက အရေးကြီးတဲ့ ပစ်ခတ်ရပ်စဲရေး အပိုင်းမှာ ကျနော်တို့ ရှေ့ဆက်ပြီးတော့ ဆွေးနွေးရေး လုပ်ငန်း အနေနဲ့ ဆက်ဆွေးနွေးရဖို့ လိုအပ်တယ်ဆိုတဲ့ သဘောတူညီမှု ရယူဖို့ဖြစ်ပါတယ်။”

ထို့အပြင် နှစ်ဖက် တင်းမာမှု ဖြစ်ပေါ်နေသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဟု ပဒိုစောတာဒိုမူး က ဆက်ပြောသည်။

“ဒီလမ်းဖောက်တဲ့ ကိစ္စက ကျနော်တို့ဖက်ကတော့ ဒါရိက္ခာပေးပို့လောက်ပဲဆိုရင်တော့ ပြဿနာ မရှိဘူး ရိက္ခာ ပို့ဖို့ထက် ပိုပြီး ကျော်လွန်ပြီး တော့ ဖောက်လုပ်တဲ့ ပုံစံမျိုး ကြားထဲမှာ ရှိနေတဲ့အခါကျတော့ ဒီလို ကိစ္စ မျိုးတွေ က ဒီ NCA အပေါ်မှာရှိတဲ့ ပေးထားတဲ့အချက်တွေအပေါ်မှာ နားလည်မှု မတူတဲ့ အခြေခံနဲ့ ဖြစ်နေလို့ ကျနော် တို့ ဖက်ကလည်း အဲလိုမျိုး ဇွတ်လုပ်တဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်ပေါ့နော ဒါကြောင့် ကျနော်တို့ ဒါကို ဆွေးနွေးဖို့ လိုအပ်တယ် ပေါ့ နော။ NCA ကပဲ အခြေခံရမှာ ဖြစ်တဲ့အတွက်ကြောင့် NCA ကို ကျနော်တို့ အဲဒီအထဲက အ ခန်း ၃ ထဲက ပေးထားချက်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်။”

မနက်ဖြန်တွင် ပြုလုပ်မည့် KNU နှင့် တပ်မတော်တို့ တွေ့ဆုံဆွေးနွေးပွဲတွင် KNU မှ ဒု-ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ဝင်း၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးတို့နှင့် အတူ အဖွဲ့ဝင် ၁၂ ဦးသွားရောက်မှာဖြစ်ပြီး တပ်မတော် ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့က ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်မည်ဖြစ်သည်ဟု သိရသည်။

ထိုဆွေးနွေးပွဲတွင် NCA စာချုပ် အခန်း ၃ တွင် ပါဝင်သော တပ်နေရာ ပြန်လည်ချထားရေး၊ ထိန်းချုပ် နယ်မြေသတ်မှတ်ရေး၊ အပစ်ရပ် နယ်မြေသတ်မှတ်ရေး၊ အရပ်သား ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် ဆက်သွယ်သည့် နည်းလမ်းသတ်မှတ်ရေး အစရှိသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆွေးနွေးမည်ဟု KNU က ပြောသည်။

အပစ်ရပ် သဘောတူညီချက်များနောက်ပိုင်း အချို့ ဒေသတွင် တပ်မတော်မှ တပ်အင်အား တိုးချဲ့ခြင်းများကို တွေ့ကြုံနေရပြီး အောက်ခြေတွင် တင်းမာမှုအချို့ ရင်ဆိုင်နေရကာ၊ အထူးသဖြင့် တပ်မဟာ ၃ ဒေသ တပ်မ ဟာ ၅ ဒေသတို့အတွင်း ကား လမ်း တိုးချဲ့ဖောက်လုပ်ခြင်းတို့သည် NCA ပါ အချက်များနှင့် ကွဲလွဲ လျှက်ရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် တွင် စိန်ခေါ်ချက်ကြီးတရပ်အသွင် ရင်ဆိုင်ကြုံ တွေ့နေ ရပါသည်ဟု KNU ၏ ဒီဇင်ဘာလ ၉ ရက်နေ့(ယနေ့) ထုတ်ပြန် ချက်ထဲတွင် ဖော်ပြထားသည်။

ပဒိုစောတာဒိုမူးက “အခုကတော့ သူတို့ လမ်းဖောက်ဖို့ကိစ္စ အပြင် တပ်အင်အားတိုးချဲ့တာ ဖြစ်လာ တာပေါ့နော်။ ကျနော်တို့ဖက်ကလည်း စိုးရိမ်ပါတယ်။ ဖြစ်လာပြီးတော့ အောက်ခြေမှာ နည်းနည်း တင်းတင်း မာမာလေးတွေ တစ်ချို့ နေရာ ဖြစ်လာတဲ့မျိုးတွေ ဖြစ်တဲ့အခါကျတော့ ဒါတွေကို ကျနော်တို့ ထိန်းထိန်းသိမ်း သိမ်းလေးနဲ့ ဖြစ်အောင် နောက်ဒီဟာတွေရဲ့ အခြေခံက NCA မှာ ကျနော်တို့ အဓိပ္ပာယ်တူညီတဲ့ ပုံစံနဲ့ ဆွေး နွေးနိုင်တဲ့ ပုံစံမျိုး မရခဲ့သေးဘူးနော်။ အဲလိုမျိုး တစ်ဖက်ကလုပ်တဲ့ ပုံစံမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို ဆွေးနွေးရမှာ ဖြစ်ပါတယ်” ဟုပြောသည်။

ကာလ အတန်ကြာရပ်ဆိုင်းနေသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိုနှိုင်း အစည်းအဝေး JICM ကျင်းပနိုင်ရေးမှာ ဤ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်မှု သည် အရေးပါသော အဆင့်တစ် ဆင့်ဖြစ် သည်ဟု KNU ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

KNU အနေဖြင့် လက်မှတ်ရေးထိုးပြီးသည်မှ စ၍ NCA တွင် ရေးသားထားသည့် ဖော်ပြချက်များကို နားလည်မှု တစ်ခုတည်း ဖြစ်စေရန် အစိုးရ၊ တပ်မတော်နှင့် ထပ်မံတွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်နိုင်သည့်အတွက် NCA အကောင်အထည်ဖော်သည့် နေရာတွင် သော်လည်းကောင်း၊ အပစ်အခတ် ရပ်စဲရေး ခိုင်မာမှုဆိုင်ရာ အပိုင်း တွင် အောက်ခြေတပ်များအချင်း ချင်း ယုံကြည်မှု တည်ဆောက်ရာတွင် များစွာ ထိခိုက်မှုရှိခဲ့သည်ဟု ပဒိုစော တာဒိုမူး က ပြောသည်။

“ကျနော်တို့ အများကြီး မျှော်လင့်ပါတယ်။ အဓိက ကျနော်တို့ ပြဿနာက ဆွေးနွေးရေး လုပ်ငန်းစဉ် မရှိ တာ ပြဿနာလေ အဲဒီတော့ ဆွေးနွေးရေး လုပ်ငန်းစဉ်တွေ ဖြစ်ပေါ်လာအောင် ကျနော်တို့ ကြိုးစားနေတာဖြစ် ပါတယ်။ အဲတော့ ဒီဆွေးနွေးရေး လုပ်ငန်းစဉ် မရှိပဲနဲ့ ကျနော်တို့ ဘယ်လိုမှ ရှေ့ဆက်သွားဖို့ ဆိုတာက ဒီလိုပဲ လိပ်ခဲတည်းလဲ တွေ ဖြစ်နေတာပေါ့နော နောက်ဆုံးကျနော်တို့ ဘယ်လိုမှ ခရီး မရောက်တဲ့အတွက် အဲဒါ ကြောင့် ကျနော်တို့က ရှင်းရှင်းလင်းလင်းနဲ့ တစ်ဆင့်ချင်း တစ်ဆင့်ချင်းသွားနေတာ ဖြစ်ပါတယ်။”

ကရင်အမျိုးသား အစည်းအရုံး KNU သည် အခြားတိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့ဖြစ်သည့် ချင်းအမျိုး သားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ် မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့နှင့်အတူ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

Zawgyi…

KNU ႏွင့္ တပ္မေတာ္တို႔ တပ္ပိုင္းဆုိင္ရာ ကိစၥမ်ား ေဆြးေႏြးမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၉ ရက္။

ကရင့္အမ်ဳိးသား အစည္းအရံုး (KNU) က တစ္ႏိုင္ငံလံုး ဆိုင္ရာ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ပါ တပ္ပိုင္းဆိုင္ရာ ကိစၥရပ္မ်ား ဆက္လက္ေဆြးေႏြးေျဖရွင္းရန္ သေဘာတူညီခ်က္ ရရွိရန္ႏွင့္ ေအာက္ေျခတပ္ပိုင္း တင္းမာမႈမ်ား ေျဖရွင္းရန္ တပ္မေတာ္ႏွင့္ ေဆြးေႏြးသြားမည္ဟု ေျပာသည္။

ဒီဇင္ဘာလ ၁၀ ရက္ေန႔တြင္ KNU ႏွင့္ တပ္မေတာ္ ညွိႏႈိင္း ေဆြးေႏြးေရး အဖြဲ႔တို႔ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ ရိပ္သာတြင္ ေတြ႕ဆံုေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း KNU အေထြေထြအတြင္းေရးမွဴး ပဒိုေစာတာဒိုမူး က ေျပာသည္။

“အဓိကက တပ္ပိုင္းဆိုင္ရာ ကိစၥပါပဲ ဘာေၾကာင့္လဲဆိုေတာ့ NCA ရဲ႕ အဓိက အေရးႀကီးတဲ့ ပစ္ခတ္ရပ္စဲေရး အပိုင္းမွာ က်ေနာ္တို႔ ေရွ႕ဆက္ၿပီးေတာ့ ေဆြးေႏြးေရး လုပ္ငန္း အေနနဲ႔ ဆက္ေဆြးေႏြးရဖို႔ လိုအပ္တယ္ဆိုတဲ့ သေဘာတူညီမႈ ရယူဖို႔ျဖစ္ပါတယ္။”

ထို႔အျပင္ ႏွစ္ဖက္ တင္းမာမႈ ျဖစ္ေပၚေနသည့္ တပ္ပိုင္းဆိုင္ရာ ကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးသြားမည္ဟု ပဒိုေစာတာဒိုမူး က ဆက္ေျပာသည္။

“ဒီလမ္းေဖာက္တဲ့ ကိစၥက က်ေနာ္တို႔ဖက္ကေတာ့ ဒါရိကၡာေပးပို႔ေလာက္ပဲဆိုရင္ေတာ့ ျပႆနာ မရွိဘူး ရိကၡာ ပို႔ဖို႔ထက္ ပိုၿပီး ေက်ာ္လြန္ၿပီး ေတာ့ ေဖာက္လုပ္တဲ့ ပံုစံမ်ိဳး ၾကားထဲမွာ ရွိေနတဲ့အခါက်ေတာ့ ဒီလို ကိစၥ မ်ိဳးေတြ က ဒီ NCA အေပၚမွာရွိတဲ့ ေပးထားတဲ့အခ်က္ေတြအေပၚမွာ နားလည္မႈ မတူတဲ့ အေျခခံနဲ႔ ျဖစ္ေနလို႔ က်ေနာ္ တို႔ ဖက္ကလည္း အဲလိုမ်ိဳး ဇြတ္လုပ္တဲ့ ပံုစံမ်ိဳးေတြ ျဖစ္ေနတယ္ေပါ့ေနာ ဒါေၾကာင့္ က်ေနာ္တို႔ ဒါကို ေဆြးေႏြးဖို႔ လိုအပ္တယ္ ေပါ့ ေနာ။ NCA ကပဲ အေျခခံရမွာ ျဖစ္တဲ့အတြက္ေၾကာင့္ NCA ကို က်ေနာ္တို႔ အဲဒီအထဲက အ ခန္း ၃ ထဲက ေပးထားခ်က္ေတြကို ေဆြးေႏြးမွာျဖစ္ပါတယ္။”

မနက္ျဖန္တြင္ ျပဳလုပ္မည့္ KNU ႏွင့္ တပ္မေတာ္တို႔ ေတြ႕ဆံုေဆြးေႏြးပြဲတြင္ KNU မွ ဒု-ဥကၠ႒ ပဒိုေစာကြယ္ထူး ၀င္း၊ အေထြေထြအတြင္းေရးမွဴး ပဒိုေစာတာဒိုမူးတို႔ႏွင့္ အတူ အဖြဲ႔၀င္ ၁၂ ဦးသြားေရာက္မွာျဖစ္ၿပီး တပ္မေတာ္ ညွိႏႈိင္း ေဆြးေႏြးေရး အဖြဲ႔က ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ဦးေဆာင္မည္ျဖစ္သည္ဟု သိရသည္။

ထိုေဆြးေႏြးပြဲတြင္ NCA စာခ်ဳပ္ အခန္း ၃ တြင္ ပါ၀င္ေသာ တပ္ေနရာ ျပန္လည္ခ်ထားေရး၊ ထိန္းခ်ဳပ္ နယ္ေျမသတ္မွတ္ေရး၊ အပစ္ရပ္ နယ္ေျမသတ္မွတ္ေရး၊ အရပ္သား ကာကြယ္ေရး ဆိုင္ရာ ကိစၥရပ္မ်ား ႏွင့္ ဆက္သြယ္သည့္ နည္းလမ္းသတ္မွတ္ေရး အစရွိသည့္ တပ္ပိုင္းဆိုင္ရာ ကိစၥရပ္မ်ားကို အဓိက ေဆြးေႏြးမည္ဟု KNU က ေျပာသည္။

အပစ္ရပ္ သေဘာတူညီခ်က္မ်ားေနာက္ပိုင္း အခ်ိဳ႕ ေဒသတြင္ တပ္မေတာ္မွ တပ္အင္အား တိုးခ်ဲ႕ျခင္းမ်ားကို ေတြ႕ၾကံဳေနရၿပီး ေအာက္ေျခတြင္ တင္းမာမႈအခ်ိဳ႕ ရင္ဆိုင္ေနရကာ၊ အထူးသျဖင့္ တပ္မဟာ ၃ ေဒသ တပ္မ ဟာ ၅ ေဒသတို႔အတြင္း ကား လမ္း တိုးခ်ဲ႕ေဖာက္လုပ္ျခင္းတို႔သည္ NCA ပါ အခ်က္မ်ားႏွင့္ ကြဲလြဲ လွ်က္ရွိၿပီး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အေပၚ တြင္ စိန္ေခၚခ်က္ႀကီးတရပ္အသြင္ ရင္ဆိုင္ၾကံဳ ေတြ႕ေန ရပါသည္ဟု  KNU ၏ ဒီဇင္ဘာလ ၉ ရကေ္န႔ (ယေန႔) ထုတ္ျပန္ ခ်က္ထဲတြင္ ေဖာ္ျပထားသည္။

ပဒိုေစာတာဒိုမူးက “အခုကေတာ့ သူတို႔ လမ္းေဖာက္ဖို႔ကိစၥ အျပင္ တပ္အင္အားတိုးခ်ဲ႕တာ ျဖစ္လာ တာေပါ့ေနာ္။ က်ေနာ္တို႔ဖက္ကလည္း စိုးရိမ္ပါတယ္။ ျဖစ္လာၿပီးေတာ့ ေအာက္ေျခမွာ နည္းနည္း တင္းတင္း မာမာေလးေတြ တစ္ခ်ိဳ႕ ေနရာ ျဖစ္လာတဲ့မ်ိဳးေတြ ျဖစ္တဲ့အခါက်ေတာ့ ဒါေတြကို က်ေနာ္တို႔ ထိန္းထိန္းသိမ္း သိမ္းေလးနဲ႔ ျဖစ္ေအာင္ ေနာက္ဒီဟာေတြရဲ႕ အေျခခံက NCA မွာ က်ေနာ္တို႔ အဓိပၸာယ္တူညီတဲ့ ပံုစံနဲ႔ ေဆြး ေႏြးႏိုင္တဲ့ ပံုစံမ်ိဳး မရခဲ့ေသးဘူးေနာ္။ အဲလိုမ်ိဳး တစ္ဖက္ကလုပ္တဲ့ ပံုစံမ်ိဳးေတြ ျဖစ္တဲ့အတြက္ေၾကာင့္ ဒါေတြကို ေဆြးေႏြးရမွာ ျဖစ္ပါတယ္” ဟုေျပာသည္။

ကာလ အတန္ၾကာရပ္ဆိုင္းေနသည့္ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညိႈႏိႈင္း အစည္းအေ၀း JICM က်င္းပႏိုင္ေရးမွာ ဤ အစည္းအေ၀းကို ေအာင္ျမင္စြာ က်င္းပႏိုင္မႈ သည္ အေရးပါေသာ အဆင့္တစ္ ဆင့္ျဖစ္ သည္ဟု KNU ၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

KNU အေနျဖင့္ လက္မွတ္ေရးထိုးၿပီးသည္မွ စ၍ NCA တြင္ ေရးသားထားသည့္ ေဖာ္ျပခ်က္မ်ားကို နားလည္မႈ တစ္ခုတည္း ျဖစ္ေစရန္ အစိုးရ၊ တပ္မေတာ္ႏွင့္ ထပ္မံေတြ႕ဆံုေဆြးေႏြးမႈမ်ား မျပဳလုပ္ႏိုင္သည့္အတြက္ NCA အေကာင္အထည္ေဖာ္သည့္ ေနရာတြင္ ေသာ္လည္းေကာင္း၊ အပစ္အခတ္ ရပ္စဲေရး ခိုင္မာမႈဆိုင္ရာ အပိုင္း တြင္ ေအာက္ေျခတပ္မ်ားအခ်င္း ခ်င္း ယံုၾကည္မႈ တည္ေဆာက္ရာတြင္ မ်ားစြာ ထိခိုက္မႈရွိခဲ့သည္ဟု ပဒိုေစာ တာဒိုမူး က ေျပာသည္။

“က်ေနာ္တို႔ အမ်ားႀကီး ေမွ်ာ္လင့္ပါတယ္။ အဓိက က်ေနာ္တို႔ ျပႆနာက ေဆြးေႏြးေရး လုပ္ငန္းစဥ္ မရွိ တာ ျပႆနာေလ အဲဒီေတာ့ ေဆြးေႏြးေရး လုပ္ငန္းစဥ္ေတြ ျဖစ္ေပၚလာေအာင္ က်ေနာ္တို႔ ႀကိဳးစားေနတာျဖစ္ ပါတယ္။ အဲေတာ့ ဒီေဆြးေႏြးေရး လုပ္ငန္းစဥ္ မရွိပဲနဲ႔ က်ေနာ္တို႔ ဘယ္လိုမွ ေရွ႕ဆက္သြားဖို႔ ဆိုတာက ဒီလိုပဲ လိပ္ခဲတည္းလဲ ေတြ ျဖစ္ေနတာေပါ့ေနာ ေနာက္ဆံုးက်ေနာ္တို႔ ဘယ္လိုမွ ခရီး မေရာက္တဲ့အတြက္ အဲဒါ ေၾကာင့္ က်ေနာ္တို႔က ရွင္းရွင္းလင္းလင္းနဲ႔ တစ္ဆင့္ခ်င္း တစ္ဆင့္ခ်င္းသြားေနတာ ျဖစ္ပါတယ္။”

ကရင္အမ်ိဳးသား အစည္းအရံုး KNU သည္ အျခားတိုင္းရင္းသား လက္နက္ကိုင္ ၉ ဖြဲ႔ျဖစ္သည့္ ခ်င္းအမ်ိဳး သားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္း သားမ်ား ဒီမိုကရက္တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္း ေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳး သား လြတ္ ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမိုကေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ႏွင့္အတူ NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားသည့္ အဖြဲ႔ျဖစ္သည္။