နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းကို ရင်ဆိုင်ဖြေရှင်းတာဟာ တာဝန်ယူမှု တာဝန်ခံမှုကို ပြသခြင်းဖြစ်ပြီး အမှန်တရား နဲ့ တရားမျှတမှုကို ဖော်ထုတ်ခြင်းဖြစ်တယ်လို့ NCA အပစ်ရပ်အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၉ သောင်းကျော်အထိ ရှိလာနေပြီလို့ စစ်ဘေးရှောင်စာရင်းတွေကို တစိုက်မတ်မတ် ကောက်ယူထုတ်ပြန်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ပြောပါတယ်။

ရှမ်းပြည်နယ်မှာတော့ နမ္မတူမြစ်ပေါ် အထက်ရဲရွာ ရေကာတာ တည်ဆောက်ဖို့ ရွာသူရွာသားနဲ့ လာရောက်တွေ့ဆုံမယ့် လျှပ်စစ်ဝန်ကြီးနဲ့အဖွဲ့ကို တာ့လုံရွာသူ၊ရွာသားတွေက တားဆီးဆန္ဒပြခဲ့ကြပါတယ်။

zawgyi

တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၉ – ၁၂ – ၂၀၁၉။


