မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတရုတ်နိုင်ငံတွင် တွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဒီဇင်ဘာလ ၁၅ ရက် (ယနေ့)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးနေကြသည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တွင် ပါဝင်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “အလွတ်သဘောတွေ့မယ်လို့ကြားပါတယ်။ တွေ့ရင်တော့ ဒီနေ့ပဲဖြစ်မှာပါ။ ဒီနေ့တွေ့တာ ဖြစ်မှာပါ တနင်္ဂနွေနေ့ပေါ့နော။တွေ့တာကတော့ တရုတ်ပြည်ဖက်မှာ ထင်တယ် အတိအကျ သူတို့လည်းဘာမှ ပြောမထားဘူး” ဟုပြောသည်။

အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကချင်လွတ်လပ်ရေးအဖွဲ့၏ကိုယ်စား နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဦးလနန် ဦးဆောင်သွားသည်ဟု သိရသည်။

တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ KIO က ယခုလိုပြောသည်။

“ရှေ့ဆက်ပြီးမှ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးဖို့ဖြစ်စဉ်ကို ဘယ်လိုအောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းတွေကို ဆွေးနွေးဖို့ပဲထင်တယ်။ တစ်ခြားအချက်အလက်တွေ ဆွေးနွေးဖို့တော့ မဟုတ်လောက်ပါဘူး။ အလွတ်သဘောတွေ့တဲ့ ဆွေးနွေးပွဲပဲဖြစ်တယ်ဆိုတော့” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့အကြား ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း နှစ်ဖက် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူထားသော်လည်း တွေ့ဆုံ ဆွေးနွေးမည့် နေရာ ညှိနှိုင်းရာတွင် နှစ်ဖက် ပြေလည်မှု မရရှိသည့်အတွက် ဆွေးနွေးပွဲမှာ ပြတ်တောက်ခဲ့ရ သည်။

ယခုပြုလုပ်သည့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲမှ အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့အကြား ပြတ် တောက်နေသည့် တရားဝင်ဆွေးနွေးပွဲသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက် ကျိင်းတုံဆွေးနွေးပွဲတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ အချက် ၇ ချက်ကို သဘောတူညီခဲ့ကြပြီး အဆိုပါအချက်များမှာ Bilateral လက်မှတ်ရေးထိုးရေးနှင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ လုံးဝချုပ်ငြိမ်းသွားရေး ဆက်လက်ဆွေးနွေးရန်၊ တပ်နေရာချထားရေး၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး၊ နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်း စည်းများကို တပ်မ တော်နှင့် ဆက်လက်ဆွေးနွေးရန်၊ တိုက်ပွဲမဖြစ်ပွားအောင် ဆက်သွယ်နိုင်ရေးအတွက် ဆက်ဆံရေးရုံးများ ထားရှိရန်၊ NCA လက်မှတ်ရေးထိုးနိုင်ရေး နှစ်ဖက်လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆွေးနွေးရန်၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်နေရာချထားရေး ပြန်လည်ထူထောင်ရေးကိစ္စ ဆက်လက်ဆွေးနွေးရန် တို့ဖြစ် သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ် ရေး ထိုးနိုင်ရန် တစ်ဆို့နေသည့် အဓိက အခက်အခဲမှာ တပ်နေရာချထားရေးကိစ္စရပ်နှင့် လက်မှတ်ရေး ထိုးပြီးပါက ပဋိပက္ခဖြေ ရှင်းရာတွင် ကြားနေစောင့်ကြည့်မည့် အဖွဲ့ဖွဲ့စည်းရေးတို့ဖြစ်သည်ဟု သိရသည်။

တပ်မတော်ဘက်က မြောက်ပိုင်း မဟာမိတ်အဖွဲ့များ၏ တပ်တည်နေရာများ နောက်ဆုတ်ရန် တောင်းဆိုထားပြီး မဟာမိတ် ၄ ဖွဲ့ဘက်မှ အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့တွင် တရုတ် ကိုယ်စားလှယ်ပါဝင်ရန် တောင်းဆိုထားသည်။

၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။

Zawgyi…

ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ႏွင့္ အစိုးရတရုတ္ႏိုင္ငံတြင္ ေတြ႔ဆံု

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၅ ရက္။

ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ႏွင့္ အစိုးရ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖြဲ႔တို႔ ဒီဇင္ဘာလ ၁၅ ရက္ (ယေန႔)တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတြင္ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးေနၾကသည္။

ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔တြင္ ပါ၀င္သည့္ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO မွ သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴးႀကီး ေနာ္ဘူက “အလြတ္သေဘာေတြ႕မယ္လို႔ၾကားပါတယ္။ ေတြ႕ရင္ေတာ့ ဒီေန႔ပဲျဖစ္မွာပါ။ ဒီေန႔ေတြ႕တာ ျဖစ္မွာပါ တနဂၤေႏြေန႔ေပါ့ေနာ။ေတြ႕တာကေတာ့ တ႐ုတ္ျပည္ဖက္မွာ ထင္တယ္ အတိအက် သူတို႔လည္းဘာမွ ေျပာမထားဘူး” ဟုေျပာသည္။

အစိုးရ၊ တပ္မေတာ္တိုု႔ႏွင့္ Bilateral အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ရန္ ညႇိႏႈိင္းလ်က္ရွိသည့္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕မွာ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA၊ ရကၡိဳင့္တပ္ေတာ္ ULA/AA၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္ တစ္ တပ္ေပါင္းစု တပ္မေတာ္ (MNTJP/ MNDAA- ကိုးကန႔္အဖြဲ႕)၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ ေျမာက္ေရး တပ္မေတာ္ PSLF/ TNLA တို႔ ျဖစ္ၾကသည္။

ေတြ႕ဆံုေဆြးေႏြးပြဲသို႔ ကခ်င္လြတ္လပ္ေရးအဖြဲ႔၏ကိုယ္စား ႏိုင္ငံေရး ေတြ႕ဆံုေဆြးေႏြးေရးအဖြဲ႔ ေခါင္းေဆာင္ အေထြေထြ အတြင္းေရးမွဴး ဦးလနန္ ဦးေဆာင္သြားသည္ဟု သိရသည္။

ေတြ႕ဆံုေဆြးေႏြးမည့္ အေၾကာင္းအရာမ်ားႏွင့္ ပတ္သက္၍ KIO က ယခုလိုေျပာသည္။

“ေရွ႕ဆက္ၿပီးမွ က်ေနာ္တို႔ ႏိုင္ငံေရး ေဆြးေႏြးဖို႔ျဖစ္စဥ္ကို ဘယ္လိုေအာင္ျမင္ေအာင္ ဘယ္လိုလုပ္မလဲဆိုတဲ့ အပိုင္းေတြကို ေဆြးေႏြးဖို႔ပဲထင္တယ္။ တစ္ျခားအခ်က္အလက္ေတြ ေဆြးေႏြးဖို႔ေတာ့ မဟုတ္ေလာက္ပါဘူး။ အလြတ္သေဘာေတြ႕တဲ့ ေဆြးေႏြးပြဲပဲျဖစ္တယ္ဆိုေတာ့” ဟု ဗိုလ္မွဴးႀကီး ေနာ္ဘူက ေျပာသည္။

ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ႏွင့္ အစိုးရတို႔အၾကား ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၇ ရက္ေန႔က က်ိဳင္းတံုတြင္ ေတြ႕ဆံုေဆြးေႏြးမႈေနာက္ပိုင္း ႏွစ္ဖက္ ထပ္မံေတြ႕ဆံုေဆြးေႏြးရန္ သေဘာတူထားေသာ္လည္း ေတြ႕ဆံု ေဆြးေႏြးမည့္ ေနရာ ညွိႏိႈင္းရာတြင္ ႏွစ္ဖက္ ေျပလည္မႈ မရရွိသည့္အတြက္ ေဆြးေႏြးပြဲမွာ ျပတ္ေတာက္ခဲ့ရ သည္။

ယခုျပဳလုပ္သည့္ အလြတ္သေဘာေတြ႕ဆံုေဆြးေႏြးပြဲမွ အစိုးရႏွင့္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔အၾကား ျပတ္ ေတာက္ေနသည့္ တရား၀င္ေဆြးေႏြးပြဲသို႔ ျပန္လည္ေရာက္ရွိရန္ ေမွ်ာ္လင့္သည္ဟု ဗိုလ္မွဴးႀကီးေနာ္ဘူက ေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၇ ရက္ က်ိင္းတံုေဆြးေႏြးပြဲတြင္ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕ ၄ ဖြဲ႕ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ အခ်က္ ၇ ခ်က္ကို သေဘာတူညီခဲ့ၾကၿပီး အဆိုပါအခ်က္မ်ားမွာ Bilateral လက္မွတ္ေရးထိုးေရးႏွင့္ လက္ရွိျဖစ္ပြားေနသည့္ တိုက္ပြဲမ်ား လုံးဝခ်ဳပ္ၿငိမ္းသြားေရး ဆက္လက္ေဆြးေႏြးရန္၊ တပ္ေနရာခ်ထားေရး၊ တိုက္ပြဲမ်ား ထပ္မံမျဖစ္ပြားေရး၊ ႏွစ္ဖက္လိုက္နာရမည့္ စည္းမ်ဥ္း စည္းမ်ားကို တပ္မ ေတာ္ႏွင့္ ဆက္လက္ေဆြးေႏြးရန္၊ တိုက္ပြဲမျဖစ္ပြားေအာင္ ဆက္သြယ္ႏိုင္ေရးအတြက္ ဆက္ဆံေရး႐ုံးမ်ား ထားရွိရန္၊ NCA လက္မွတ္ေရးထိုးႏိုင္ေရး ႏွစ္ဖက္လက္ခံႏိုင္သည့္ လုပ္ငန္းစဥ္ကို ေဆြးေႏြးရန္၊ ေနရပ္စြန႔္ခြာ တိမ္းေရွာင္သူမ်ား ျပန္လည္ေနရာခ်ထားေရး ျပန္လည္ထူေထာင္ေရးကိစၥ ဆက္လက္ေဆြးေႏြးရန္ တို႔ျဖစ္ သည္။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ ၄ ဖြဲ႕ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral လက္မွတ္ ေရး ထိုးႏိုင္ရန္ တစ္ဆို႔ေနသည့္ အဓိက အခက္အခဲမွာ တပ္ေနရာခ်ထားေရးကိစၥရပ္ႏွင့္ လက္မွတ္ေရး ထိုးၿပီးပါက ပဋိပကၡေျဖ ရွင္းရာတြင္ ၾကားေနေစာင့္ၾကည့္မည့္ အဖြဲ႕ဖြဲ႕စည္းေရးတို႔ျဖစ္သည္ဟု သိရသည္။

တပ္မေတာ္ဘက္က ေျမာက္ပိုင္း မဟာမိတ္အဖြဲ႔မ်ား၏ တပ္တည္ေနရာမ်ား ေနာက္ဆုတ္ရန္ ေတာင္းဆိုထားၿပီး မဟာမိတ္ ၄ ဖြဲ႔ဘက္မွ အပစ္ရပ္ ေစာင့္ၾကည့္ေရးအဖြဲ႔တြင္ တရုတ္ ကုိယ္စားလွယ္ပါ၀င္ရန္ ေတာင္းဆိုထားသည္။

၎ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႕သည့္ ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႕ဝင္မ်ားလည္းျဖစ္သည္။