တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အမှန်တရား ဖော်ထုတ်ရန် ကချင် အမျိုးသမီးအဖွဲ့ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ (၁၁) ရက်။

ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့် ရှမ်းမြောက်ဒေသအတွင်း တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ၊ ရာဇဝတ်မှုများနှင့်ပတ်သက်၍ အမှန်တရား ဖော်ထုတ်ခြင်း၊ အရေးယူခြင်း တစ်စုံတစ်ရာ မရှိကြောင်း ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့ က ပြောဆိုလိုက်သည်။

၂၀၁၉ ခုနှစ်အတွင်း ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အရပ်သားပစ်မှတ်များကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့မှုများ ၊ အဆိုပါ ပစ်ခတ်မှုများအတွင်း ကလေးငယ်များအပါ အဝင် ဒေသခံ ပြည်သူများ အသက်ဆုံးရှုံးခဲ့ရသည့် အခြေအနေများ၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ် စက် ညှင်းပမ်းမှုများ၊ သတ်ဖြတ်မှုများကို အစိုးရရော၊ တပ်မတော်ကပါ အမှန်တရား ဖော်ထုတ်ခြင်း မရှိဟု ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့က အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ပြီး ထောက်ပြထားသည်။

ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဆန်ထွယ် က “ကျမတို့ report ထဲမှာ ထည့်ထားသလိုပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တယ်။ အဲ့ဒီကွတ်ခိုင်ဘက်မှ အမျိုး သမီး တစ်ယောက်က ဆရာမနှစ်ဦးရဲ့ ဖြစ်စဉ်နဲ့ နည်းနည်းတူတယ်။ အဲ့ရွာမှာပဲ စစ်တပ်တွေ ရောက်လာတဲ့ အချိန်မှာ ညမှာ အသတ်ခံရတယ်။ ပြီးရင် သူများ rape လုပ်ခံရသလားဆိုတာ သံသယဖြစ်တယ်၊ အဲ့ဒါကို စစ်ဆေးထားတာလည်း သက်သေတွေက ကောင်းကောင်းမထွက်ဘူး။ ရဲတပ်ဖွဲ့က အဲ့ကိစ္စကို စုံစမ်းစစ်ဆေး မှုမလုပ်ပဲနဲ့ စစ်တပ်ကနေလုပ်နေတယ်။ အခုက အမှန်တရားကို မရှေးရှုပဲနဲ့ လစ်လျူရှုထားသလို ဖြစ်နေ တယ်။ အခု ကျူးလွန်တယ်လို့ ကျမတို့ စွတ်စွဲထားတဲ့လူတွေက အမှုကို ပြန်လုပ်တော့ ဘယ်လိုလုပ် အမှန် တရားက ပေါ်နိုင်မလဲ” ဟု ပြောသည်။

အဆိုပါအမှုဖြစ်စဉ်မှာ ကွတ်ခိုင်မြို့နယ်၊ ပိန်းပွန်ကျေးရွာအုပ်စု၊ နမ့်ဆောင်ကျဲကျေး ရွာရှိ နေအိမ်ဈေးဆိုင် အတွင်း ဇူလိုင်လ (၄) ရက်နေ့က အသတ်ခံခဲ့ရသည့် ဒေါ်နန်ထန်ကိစ္စအား ထောက်ပြခဲ့ခြင်းဖြစ်သည်။

၎င်းအသတ်ခံရမှုနှင့် ပတ်သက်၍ ရှမ်းမြောက်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၀ က ကျူးလွန်သူများ အား အမြန်ဆုံးဖော်ထုတ်ပေးရေးနှင့် ပဋိပက္ခဒေသအတွင်းက အမျိုးသမီးများ၏ လုံခြုံရေးကို အထူး အလေးထား တာဝန်ယူပေးဖို့ တောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ အမှုမှန်မပေါ်ပေါက်သေးပေ။

အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးကွန်ရက် (ရှမ်းမြောက်)အဖွ့ဲ က ဒေါ်ခေါင်နန်းက “ဒီလို မတရား သတ် ဖြတ်ခံရတဲ့ အမှုတွေ အမှုမှန်ပေါ်ပေါက်ဖို့အရေး ထုတ်ပြန်တောင်းဆိုရတာဖြစ်တယ်။ အမျိုးသမီးတွေ ရဲ့ လုံခြုံရေးကိစ္စကို အထူးအလေးထားသေချင်တယ်” ဟု သတင်းနှင့် မီဒီယာကွန်ရက် က ၂၀၁၉ ခုနှစ် ဇူလိုင်လတုန်းက ဆက်သွယ် မေးမြန်းစဉ် ဖြေကြားခဲ့သည်။

ရှမ်းမြောက်ဒေသက ပြည်သူများ၏ လုံခြုံရေး အခြေအနေနှင့် ပတ်သက်၍ ဥပဒေအထောက်အကူပြုကွန် ရက်အဖွဲ့ (Legal Aid Network)၏ စီမံခန့်ခွဲရေးအဖွဲ့ မှ အဖွဲ့ခေါင်းဆောင် ဒေါ်ဒွဲလိန်ကလည်း “လက်နက်ကိုင် ပဋိပက္ခ ဧရိယာမှာရှိတဲ့ ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ ပတ်သက်ရင် အဓိက ခြိမ်းခြောက်မှု က မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုဖြစ်တယ်။ အဲ့ဒီဧရိယာက အမျိုးသမီးတွေကို ခြိမ်းခြောက်တာက အဲ့ဒါ။ ပြီးရင် အစိုးရရဲ့စိုးမိုးမှုရှိတဲ့ ဒေသတွေမှာ ဆိုရင် အာဏာပိုင်တွေကနေ ဥပဒေနဲ့ ဖိနှိပ်မှု ၊ မတရားတရားစွဲဆိုမှု ဒါတွေက ဧရိယာနှစ်ခုမှ ရှိနေတဲ့ သူတို့တွေရဲ့ စိန်ခေါ်မှု ဖြစ်တယ်” ဟု ပြောသည်။

ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့၏ ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်လိုက် သည့် ရှင်းလင်းချက် စာတမ်းထဲတွင် ၂၀၁၉ ခုနှစ်အတွင်း ရှမ်းမြောက် ဒေသတွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို မှတ်တမ်းတင်ထားသည်။

စစ်တပ်အနေနဲ့ ဒီဒေသမှာ တခြားလူု့အခွင့်အရေးကျူးလွန်မှုတွေကိုလည်း အများကြီးရှိတယ် ဆိုတဲ့ဟာကို ထောက်ပြထားတာဖြစ်တယ်။ ဒီ report မှာ ရှမ်းမြောက်ကို အဓိက ဟိုက်လိုက်လုပ်ထား တယ်ပေါ့နော်။ သြဂုတ်လ စစ်ဖြစ်တုန်းကလည်း ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်။ ကလေးက အစ သေဆုံးခဲ့ တယ်။ အဲ့ဒါလည်း ဟိုလူကို အပြစ်တင်၊ ဒီလူကို အပြစ်တင်နဲ့ပဲ တကယ့်တကယ် ဒါတွေက ဘယ်သူတွေ ကျူးလွန် တာလဲ အရေးယူခြင်းလည်း ဘာမှမလ ုပ်ဘူး။ သေသွားတဲ့လူက သေသွားပြီ၊ လူ့အခွင့်အရေး လည်း ချိုးဖောက်ခံနေရတယ်။ ကချင်ပြည်နယ်ဘက်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရှိတယ်” ဟု ဒေါ်ဆန်ထွယ် က ပြောသည်။

အဆိုပါမှတ်တမ်းအရ ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့က ကွတ်ခိုင်မြို့ ၊ ရပ်ကွက် (၂) မှ အမျိုးသား တစ်ဦး ကို တပ်မ ၉၉ က ဖမ်းဆီး နှိပ်စက်ညှင်းပမ်းခဲ့ခြင်း၊ မေလ ၈ ရက်နေ့က ကွတ်ခိုင်မြို့ ၊ နောင်ဟိုင်ရွာမှ အမျိုး သားတစ်ဦးအား တပ်မ ၉၉ နှင့် ခလရ ၄၅ တို့က ဖမ်းဆီးညှင်းပမ်းခဲ့ခြင်း၊ သြဂုတ်လ ၃၁ ရက်နေ့က ကွတ် ခိုင်မြို့ ၊ မော်ဟစ် စုစည်းကျေးရွာတွင် တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကလေး ငယ် ၃ ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိခဲ့သူ ၃ ဦးရှိခဲ့ကြောင်းနှင့် ကွတ်ခိုင်ဒေသ အတွင်း ဖြစ်ပွားခဲ့ သည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ် ၆ ခုကို ဇယားဖြင့် မှတ်တမ်းတင်ထားသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ရှမ်းမြောက်ဒေသ၊ ကောင်းခါးကျေးရွာတွင် အသတ်ခံခဲ့ရသည့် ကချင် ဆရာမနှစ်ဦးကိစ္စ၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် ဆွတ်လွတ်ရွယ်ဂျာကိစ္စများ ယနေ့ချိန် ထိ အမှုမှန်မပေါ်ပေါက်ခြင်း၊ အထောက်အထားခိုင်လုံမှုမရှိဟုဆိုကာ ပယ်ချခံခဲ့ရခြင်းများသည် မြန်မာနိုင်ငံ ၏ တရားရေးစနစ်သည် စစ်တပ်အားကြောက်ရွံ့ နေခြင်း၊ အမှန်တရားကို ဖော်ဆောင်ရန် ကြောက်ရွံ့ နေ ခြင်းများကို KWAT က ထောက်ပြထားသည်။

အဆိုပါ ဖြစ်ရပ်များသည် တပ်မတော်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ၂၀၁၉ ဒီဇင်ဘာလ ၁၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောခဲ့သည်များနှင့် ဆန်ကျင်နေသည် ဟုလည်း ဒေါ်ဆန်ထွယ်က ဆက်ပြောသည်။

“အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဘက်မှာ ICJ ကို သွားတုန်းက သူတို့စစ်တပ်အနေနဲ့ ချိုးဖောက် မှုမရှိဘူး။ ချိုးဖောက်ပေမယ့်လည်း သူတိ့ုဘက်က စည်းကမ်းရှိတယ်လို့တော့ ပြောပြထားတယ်ပေါ့ နော်။ တကယ့် လက်တွေ့ မှာတော့ ကျမတို့ နိုင်ငံထဲမှာ အဓိက တိုင်းရင်းသား ဒေသတွေမှာ စစ်ဖြစ်တဲ့ဒေ သတွေ မှာက လူ့အခွင့်အရေးချိုးဖောက်မှုတွေက အခုထိ တောက်လျှောက်ဖြစ်နေတယ်။ ဒါပေမယ့် လူ့ အခွင့်အရေး ချိုးဖောက်မှုတိုင်းကလည်း သက်သေလည်းရှိတယ်။ ဒါပေမယ့် အမှန်တရားဖော်ဆောင် မှု မရှိဘူး။ အဲ့ဒါ ကြောင့် ကျမတို့က အဲ့ဒါကို ICJ မှာ သွားပြောတဲ့ဟာက ကျမတို့ တကယ့်လက်တွေ့ မှာ က ဆန့်ကျင်ဘက် ဖြစ်နေတယ်ဆိုတာကို အဓိက ထောက်ပြတယ်။ တချိန်တည်းမှာလည်း စစ်တပ်အနေနဲ့ လူ့ အခွင့်အရေးချိုး ဖောက်မှုတွေက အမှန်တရားဖော်ထုတ်မှု မရှိဘူးပေါ့နော်။”

တိုင်းရင်းသား ပြည်သူများအတွက် အသက်နှင့် ဘဝများ လုံခြုံမှု ရှိစေရေး၊ တန်းတူညီမျှမှု၊ တရားမျှ တမှု ရရှိရေး၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်တစ်ရပ် ပေါ်ပေါက်လာစေရေးတို့ အတွက် အစိုးရ၊ တပ်မ တော်၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံး က ကြိုးပမ်းကြဖို့ လိုအပ်သည်ဟု ပြောသည်။

ထို့အပြင် ကချင်အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံ သည် တန်းတူညီမျှမှု နှင့် တရားမျှတမှုကို အာမခံ နိုင်သော ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပေါ်ပေါက်လာစေရေးအတွက် အားလုံးပါဝင်သော နိုင်ငံရေး စေ့စပ်ညှိုနှိုင်းမှုများ စတင်နိုင်စေရန် နိုင်ငံတဝှမ်းတွင် စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများရပ်တန့်ပြီး တိုင်းရင်းသားဒေသများမှ တပ်ဖွဲ့များအားလုံး ပြန်လည် ရုတ်သိမ်းပေးရန် တပ်မတော်အား တောင်းဆိုထားသည်။