ပူတာအို စစ်ရှောင်များ နေရာသစ်ချထားပေးရန် တောင်းဆို

“မူလဒေသကို ပြန်ဖို့ကလည်း တော်တော် လေးခက် နေတယ်။ ပြန်ဖို့ကလည်း ရေကြောင်းလမ်းတစ်ခုပဲ ရှိတာ။ အဲ့ဒီမှာ ဒီစက်လှေဆိပ်မှာ တပ်စခန်းတည်ထားတာ သိပ် မကြာသေးဘူး။ အဲ့ဒီ တပ်စခန်းကလည်း ပြန်ရုပ်ဖို့ ပြန်ဖယ်ပေးမယ့်ပုံမပေါ်ဘူးလေနော်။ အဲ့ဒါကြောင့် သူတို့ က ပြန်ဖို့တော့ ခက်နေတယ်။ ဒါကြောင့် ကျနော်တို့က သူတို့အတွက် ပြန်လည်နေရာချထားရေး လုပ်ဖို့ အတွက်ပေါ့ မြေတောင်းထားတာ ရှိတယ်။ ဒီလ ပထမအပတ် ကြာသပတေးနေ့က KBC ကို စာပို့ထား တယ်”