AA ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးနှင့် ကလေးများ တတိယနိုင်ငံသို့ ထွက်ခွာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်။

ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားခဲ့ရသော ရက္ခိုင် တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးနှင့် သားသမီးနှစ်ဦးတို့ ဆွစ်ဇာလန် နိုင်ငံသို့ ထွက်ခွာခွင့် ရရှိခဲ့သည်။

AA ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး ဖြစ်သူ မနှင်းဇာဖြူနှင့် ကလေးနှစ်ဦးမှာ ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက် ထိုင်းစံတော်ချိန် နေ့လည် ၁ နာရီ ခွဲခန့်တွင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အကူအညီဖြင့် ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။

နှင်းဇာဖြူနှင့် ကလေးနှစ်ဦးကို လွန်ခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့က ဗီဇာသက်တမ်းလာရောက်တိုးချိန်တွင် ချင်းမိုင်မြို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးရုံးတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

သူတို့သုံးဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရန် ပြင်ဆင်ခဲ့သော်လည်း လူ့အခွင့်အရေး အဖွဲ့များ၏ တောင်းဆိုချက်များကြောင့် ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး ယခုအခါ တတိယ နိုင်ငံသို့ ထွက်ခွာခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

မနှင်းဇာဖြူနှင့် အတူ အသက် ၁၁ နှစ်အရွယ် သမီးစောပြည့်ရှင်နှင့် ၁ နှစ်သားအရွယ် သားဖြစ်သူ မြတ်လင်းဇင် တို့လည်း လိုက်ပါသွားခဲ့သည်။

ZawGyi

AA ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္၏ ဇနီးႏွင့္ ကေလးမ်ား တတိယႏိုင္ငံသို႔ ထြက္ခြာ

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၆ ရက္။

ထိုင္းႏိုင္ငံတြင္ ထိန္းသိမ္းခံထားခဲ့ရေသာ ရကၡိဳင္ တပ္ေတာ္ (AA) စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏုိင္၏ ဇနီးႏွင့္ သားသမီးႏွစ္ဦးတို႔ ဆြစ္ဇာလန္ ႏိုင္ငံသို႔ ထြက္ခြာခြင့္ ရရွိခဲ့သည္။

AA ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္၏ ဇနီး ျဖစ္သူ မႏွင္းဇာျဖဴႏွင့္ ကေလးႏွစ္ဦးမွာ ယမန္ေန႔ ေဖေဖာ္၀ါရီ ၂၅ ရက္ ထိုင္းစံေတာ္ခ်ိန္ ေန႔လည္ ၁ နာရီ ခြဲခန္႔တြင္ ကုလသမဂၢ ဒုကၡသည္မ်ား ဆိုင္ရာ မဟာမင္းႀကီးရံုး (UNHCR) ၏ အကူအညီျဖင့္ ထြက္ခြာ သြားခဲ့ျခင္း ျဖစ္သည္။

ႏွင္းဇာျဖဴႏွင့္ ကေလးႏွစ္ဦးကို လြန္ခဲ့သည့္ ဒီဇင္ဘာလ ၄ ရက္ေန႔က ဗီဇာသက္တမ္းလာေရာက္တိုးခ်ိန္တြင္ ခ်င္းမိုင္ၿမိဳ႔ ထိုင္းလူ၀င္မႈ ႀကီးၾကပ္ေရးရံုးတြင္ ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္း ျဖစ္သည္။

သူတို႔သံုးဦးကို ျမန္မာႏိုင္ငံသို႔ ျပန္လည္ ပို႔ေဆာင္ရန္ ျပင္ဆင္ခဲ့ေသာ္လည္း လူ႔အခြင့္အေရး အဖြဲ႔မ်ား၏ ေတာင္းဆိုခ်က္မ်ားေၾကာင့္ ဆက္လက္ထိန္းသိမ္းထားခဲ့ၿပီး ယခုအခါ တတိယ ႏိုင္ငံသို႔ ထြက္ခြာခြင့္ ျပဳခဲ့ျခင္း ျဖစ္သည္။

မႏွင္းဇာျဖဴႏွင့္ အတူ အသက္ ၁၁ ႏွစ္အရြယ္ သမီးေစာျပည့္ရွင္နွင့္ ၁ ႏွစ္သားအရြယ္ သားျဖစ္သူ ျမတ္လင္းဇင္ တို႔လည္း လိုက္ပါသြားခဲ့သည္။