ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၅၈)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် ခရိုင်၊ ကောင်းခါးကျေးရွာမှာ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရတဲ့ စေတ နာ့ဝန်ထမ်း ကချင်ဆရာမလေးနှစ်ဦး အသတ်ခံခဲ့ရတာ အခုဆိုရင် ၅ နှစ်ပြည့်သွားပါပြီ။ ဒါပေမယ့်လည်း အမှုမှန်ကတော့ မပေါ်ပေါက် သေးပဲ တရားခံတွေဟာ လွတ်မြောက်နေစဲပါ။ သူ့တို့ရဲ့ မိသားစုဝင်တွေ၊ ကချင်ပြည်သူတွေနဲ့ အမှုမှန်ပေါ် ပေါက်ရေး ကော်မတီကတော့ ဒီအမှုမှန် အမြန်ဆုံး ပေါ်ပေါက်ပြီး တရားခံတွေကိုလည်း ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ လိုလားနေကြတာပါ။

တပ်မတော်အပါအဝင် အခြားသော လက်နက်ကိုင်များ၊ အာဏာရအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များရဲ့ လူထု အပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ၊ ရာဇဝတ်မှု ကျူးလွန်နေခြင်းများနဲ့ ပတ်သက်ပြီး အမှန် တရား ဖော်ထုတ်ပေးခြင်း၊ တစ်စုံတစ်ရာ အပြစ်ပေးအရေးယူခြင်း မရှိခဲ့တာကြောင့် ချိုးဖောက်မှုများ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အခွင့်ပေးနေတဲ့ အနေအထားဖြစ်နေရတယ်လို့လည်း ထောက်ပြနေတာ တွေ ရှိနေပါတယ်။

လက်ရှိ နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းချင်တယ် ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးဟာ အင်မတန်မှ အရေးကြီးတယ်လို့ ဆိုကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိဖို့ဟာလည်း မြန်မာနိုင်ငံနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အရောက်သွားနိုင်မှသာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားနိုင်မယ်လို့ ထောက်ပြထားကြပါတယ်။

ဒီအကြောင်းအရာတွေကို တင်ဆက်ထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ၈း၁၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာင်္နေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။