တိုက်ပွဲများ ရှိနေသော်လည်း NCA အတိုင်း ဆက်သွားမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၂ ရက်နေ့၊ ၂၀၂၀ ခုနှစ်။

ပစ်ခတ်တိုက်ခိုက်မှုများ ရှိသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း ညှိနှိုင်း အဖြေရှာသွားမည် ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။

ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ၉ ကြိမ်မြောက် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ” NCA လက်မှတ်ရေးထားတဲ့ အဖွဲ့အချို့နဲ့ တပ်မတော်အကြားမှာ မတော်တဆ ထိတွေ့ ပစ်ခတ်မှုလေးတွေ ရှိပါတယ်၊ ဒါတွေကို NCA အတိုင်း ဆွေးနွေးညှိနှိုင်းခြင်းနဲ့ ဆွေးနွေးအဖြေရှာ သွားမှာ ဖြစ်ပါတယ်။ ” ဟု ထည့်သွင်း ပြောဆိုသွားသည်။

NCA လက်မှတ်ရေးထိုးထားသည့် ကရင့်အမျိုးသား အစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တပ်ဖွဲ့များနှင့် အစိုးရ တပ်မတော်တို့အကြား မကြာသေးမီက တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တဆက်တည်းမှာပင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ” ပြဿနာ အသေးအမွှား ၊ နားလည်မှု လွဲခြင်းတွေကြောင့် လက်ရှိ ချောမွေ့စွာ ရှေ့သို့ တဖြည်းဖြည်းချင်း ချီတက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထိအခိုက် အပွန်းအပဲ့ မခံစေရပါဘူး၊ မိမိတို့ဟာ NCA ပူးတွဲပိုင်ရှင်တွေဖြစ်လို့ NCA အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမယ်။” ဟု ပြောဆိုသွားခဲ့သည်။

မတ်လ ၃ ရက်နေ့အထိ ကျင်းပမည့် ယခု အစည်းအဝေးတွင် ၈ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM မှ သဘောတူညီချက် ၈ ချက် ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများအတွက် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများမှ ရရှိလာသော ရလာဒ်များကို အဓိက ဆွေးနွေးသွားရန် ရှိသည်ဟုလည်း သိရသည်။

ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေး ကြိုတင်ပြင်ဆင်ထားမှုကိစ္စ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အစည်းအဝေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင်လည်း မျက်စိဖွင့်နာစွင့်ထားကြရန် ဗိုလ်ချုပ်ကြီး ယွက်စစ် က ” လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး အခြေအနေ တို့နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးပမ်း ချမှတ်ဖို့ လိုအပ်ပါတယ်၊ လက်ရှိ လွှတ်တော်အတွင်းမှာ ဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ကိုလည်း နားစွင့်ထားဖို့ လိုအပ်ပါတယ်။” ဟု သတိပေး ပြောဆိုသွားခဲ့သည်။

ဒီကနေ့ စတင်ကျင်းပတဲ့ PPST အစည်းအဝေးကိုတော့ NCA လက်မှတ်ရေးထိုးထားကြသည့် ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ် မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့များမှ ခေါင်းဆောင်ကိုယ်စားလှယ် ၅၀ ခန့် တက်ရောက်နေကြသည်။

ZawGyi

တိုက္ပြဲမ်ား ရွိေနေသာ္လည္း NCA အတိုင္း ဆက္သြားမည္ဟု ဗိုလ္ခ်ဳပ္ၾကီး ယြက္စစ္ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
မတ္လ ၂ ရက္ေန႔၊ ၂၀၂၀ ခုႏွစ္။

ပစ္ခတ္တိုုက္ခိုုက္မႈမ်ား ရွိေသာ္လည္း တစ္ႏိုုင္ငံလံုုး ပစ္ခတ္တိုုက္ခိုုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA အတိုင္း ညႇိႏႈိင္း အေျဖရွာသြားမည္ ဟု ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ က ေျပာသည္။

ယေန႔ နံနက္ပိုင္းက ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္က်င္းပသည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST ၏ ၉ ႀကိမ္ေျမာက္ အစည္းအေဝး အဖြင့္မိန႔္ခြန္းတြင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ က ” NCA လက္မွတ္ေရးထားတဲ့ အဖြဲ႕အခ်ိဳ႕နဲ႔ တပ္မေတာ္အၾကားမွာ မေတာ္တဆ ထိေတြ႕ ပစ္ခတ္မႈေလးေတြ ရွိပါတယ္၊ ဒါေတြကို NCA အတိုင္း ေဆြးေႏြးညႇိႏႈိင္းျခင္းနဲ႔ ေဆြးေႏြးအေျဖရွာ သြားမွာ ျဖစ္ပါတယ္။ ” ဟု ထည့္သြင္း ေျပာဆိုသြားသည္။

NCA လက္မွတ္ေရးထိုုးထားသည့္ ကရင့္အမ်ဳိးသား အစည္းအရံုုး KNU၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS တပ္ဖြဲ႔မ်ားနွင့္ အစိုုးရ တပ္မေတာ္တိုု႔အၾကား မၾကာေသးမီက တိုုက္ပြဲမ်ား ျဖစ္ပြားခဲ့သည္။

တဆက္တည္းမွာပင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ က ” ျပႆနာ အေသးအမႊား ၊ နားလည္မႈ လြဲျခင္းေတြေၾကာင့္ လက္ရွိ ေခ်ာေမြ႕စြာ ေရွ႕သို႔ တျဖည္းျဖည္းခ်င္း ခ်ီတက္ေနတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို အထိအခိုက္ အပြန္းအပဲ့ မခံေစရပါဘူး၊ မိမိတို႔ဟာ NCA ပူးတြဲပိုင္ရွင္ေတြျဖစ္လို႔ NCA အေပၚ တာဝန္ယူမႈ၊ တာဝန္ခံမႈ ရွိရပါမယ္။” ဟု ေျပာဆိုသြားခဲ့သည္။

မတ္လ ၃ ရက္ေန႔အထိ က်င္းပမည့္ ယခု အစည္းအေဝးတြင္ ၈ ႀကိမ္ေျမာက္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး JICM မွ သေဘာတူညီခ်က္ ၈ ခ်က္ ၏ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မႈမ်ားအတြက္ အစိုးရႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွ ရရွိလာေသာ ရလာဒ္မ်ားကို အဓိက ေဆြးေႏြးသြားရန္ ရွိသည္ဟုလည္း သိရသည္။

ထို႔အျပင္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လုံ စတုတၳအစည္းအေဝးက်င္းပေရး ႀကိဳတင္ျပင္ဆင္ထားမႈကိစၥ၊ အမ်ိဳးသားအဆင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ား က်င္းပႏိုင္ေရး ကိစၥ၊ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲေကာ္မတီ UPDJC ႏွင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ JMC အစည္းအေဝး ကိစၥရပ္မ်ားကို ထည့္သြင္းေဆြးေႏြးသြားရန္ ရွိသည္ဟု သိရသည္။

အစည္းအေဝးမွ ေရွ႕လုပ္ငန္းစဥ္မ်ား ခ်မွတ္ရာတြင္လည္း မ်က္စိဖြင့္နာစြင့္ထားၾကရန္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ က ” လက္ရွိ ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရး၊ စစ္ေရး အေျခအေန တို႔နဲ႔ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ႀကိဳးပမ္း ခ်မွတ္ဖို႔ လိုအပ္ပါတယ္၊ လက္ရွိ လႊတ္ေတာ္အတြင္းမွာ ေဆာင္႐ြက္ေနတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ျပင္ဆင္ေရး ေဆာင္႐ြက္ျခင္း လုပ္ငန္းစဥ္ကိုလည္း နားစြင့္ထားဖို႔ လိုအပ္ပါတယ္။” ဟု သတိေပး ေျပာဆိုသြားခဲ့သည္။

ဒီကေန႔ စတင္က်င္းပတဲ့ PPST အစည္းအေဝးကိုေတာ့ NCA လက္မွတ္ေရးထိုးထားၾကသည့္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္း သားမ်ား ဒီမိုကရက္တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳး သား လြတ္ ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမိုကေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU အဖြဲ႕မ်ားမွ ေခါင္းေဆာင္ကိုယ္စားလွယ္ ၅၀ ခန္႕ တက္ေရာက္ေနၾကသည္။