ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၆၄)

မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နဲ့ ပတ်သက်ပြီး လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)မှာ ပါရှိ တဲ့ “အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း” ဆိုတဲ့စကားရပ်ကို “အနည်းဆုံးရက်ပေါင်း ၉၀ ထက် မနည်း” ဆိုတဲ့ စကားရပ်နဲ့ အစားထိုးပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော်မှာ မဲခွဲအတည်ပြုလိုက်တာကြောင့် ကချင်ပြည်နယ်လို ရွှေ့ပြောင်းလုပ်သားတွေများတဲ့ ဒေသကအတွက်တော့ စိန်ခေါ်မှုတွေ အများကြီးရှိတယ်လို့ ဆိုကြပါတယ်။

ဒီနည်းဥပဒေဟာ တိုင်းရင်းသား ပြည်နယ် အသီးသီးက ဒေသခံတွေအတွက် နိုင်ငံရေး အရသော်လည်း ကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော် လည်းကောင်း ထိခိုက်နစ်နာမှုကို ဖြစ် ပေါ်စေသလို လွှတ်တော်ရွေးကောက် ပွဲနည်းဥပဒေ ပုဒ်မ(၁၀) ပါ အတိုင်း ဆန္ဒမဲပေးခွင့်ပြုလိုက်ရင် ရွေး ကောက်ပွဲ ရလာဒ် အပြောင်းအလဲဖြစ်စေသောကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ်ရဲ့ ကိုယ်စားပြုမှာက လည်း စစ်မှန်တဲ့ ကိုယ်စားပြုမှု မဖြစ်ဘူးလို့လည်း တိုင်းရင်းသားပါတီခေါင်ဆောင်တွေက ထောက်ပြထား ကြပါတယ်။ ဒါ့ကြောင့် ဒီဥပဒေကို တိုင်းရင်းသားပါတီတွေက ကန့်ကွက်ထားကြပါတယ်။ ဒီအကြောင်းအရာ တွေကို စုစည်းတင်ဆက်ထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၆:၄၅ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေး နေပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို တနင်္လာနေ့ မနက်ပိုင်း-၇:၄၅ နာရီမှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသ ပေးသွားမှာ ဖြစ်ပါတယ်။