ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၇၁)

COVID-19 ကာလအတွင်း အစိုးရအနေနဲ့ ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ အခြေအနေတွေကိုကြည့်ပြီး လက်ရှိကျင့်သုံးနေတဲ့ ကျန်းမာရေးမူဝါဒက ဖက်ဒရယ်စနစ်ကို အခြေခံသလား ပြန်လည်းသုံးသပ်နေကြပါတယ်။ ကျန်းမာရေးမူဝါဒကို အရင်အစိုးရအဆက်ဆက်ကလိုပဲ ဗဟိုကပဲ ချုပ်ကိုင် ထားတယ်လို့ ဆိုပါတယ်။ မေလထဲမှာ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်ရုံးတာဝန်ရှိသူတွေက KIO အပါ အဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံပြီး COVID-19 ကာ ကွယ် တားဆီး နှိမ်နှင်းအတွက် လိုအပ်တဲ့ ပစ္စည်းတချို့ကို ပေးအပ်ခဲ့ပါတယ်။ တဖက်မှာလည်း အပစ်ရပ် ကြေညာထားပေးမယ့် တိုက်ပွဲတွေရှိနေပါတယ်။ တပ်မတော်အနေနဲ့လည်း COVID- 19 ကပ်ရောဂါ ကာ ကွယ် ထိန်းချုပ်ခြင်း ထက် တိုင်းရင်းသား နယ်မြေဒေသတွေမှာ နယ်မြေစိုးမိုးရေးကိုသာ ဦးတည်ဆောင် ရွက် နေတယ်လို့လည်း တိုင်းရင်းသားခေါင်းဆောင်တချို့က ထောက်ပြနေကြပါတယ်။ ဒီအခြေအနေတွေကို ဒီတပတ်ရဲ့ “ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်အစီအစဉ်” မှာ စုစည်းတင်ဆက်ထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈း၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂း၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။