သယံဇာတကို အခြေမခံတဲ့ ဖက်ဒရယ်ဖြစ်ရန်လို

ဖက်ဒရယ်စနစ်မှာ သယံဇာတခွဲဝေသုံးစွဲမှုကြောင့် ဘယ်သူတွေမှာ အကျိုးအမြတ်ရှိလာနိုင်ပါသလဲ၊ တခြား နိုင်ငံတွေက ကျင့်သုံးနေတဲ့ သယံဇာတ ခွဲဝေမှုအပိုင်းက ဘယ်လိုရှိနေပါသလဲ၊ ဖက်ဒရယ်ဆိုတာ ဘာလဲ စတဲ့ အ ကြောင်းအရာတွေကို Another Development မှ Strategic Advisor ဦးမော်ထွန်းအောင် ကို သတင်းနှင့် မီဒီယာ ကွန်ရက် တွေ့ဆုံမေးမြန်းထားပါတယ်။

“ဖက်ဒရယ်ကို သွားမယ်ဆိုရင်တော့ ကျနော်က သယံဇာတလို့ ပြောတာထက် ကျနော် က ခုနပြောသလို recourse ပေါ့နော ရင်းမြစ် recourse ထဲမှာ ဘာတွေပါသလဲဆိုရင် Human Recourse တွေလည်းပါ တယ်။ Financial တွေ ဘဏ္ဍာရေး ရင်းမြစ်တွေလည်းပါတယ်။ အဲတော့ အခုကြည့်လိုက်ရင် တော့ ကချင်တို့ ရှမ်းတို့ ကတော့ သယံဇာတနဲ့ ကြွယ်ဝတဲ့နေရာ စစ်ကိုင်းတို့ပေါ့နော သယံဇာတ ကြွယ်၀ တယ်လို့ ကျနော် တို့ ယူဆပေမယ့် တကယ်ရေရှည်မှာတော့ လူ့အရင်းအမြစ်နဲ့ ဘဏ္ဍာရေး အရင်းအမြစ် ရှိတဲ့ တိုင်းနဲ့ပြည် နယ်တွေက ပိုပြီးတော့တောင် တိုးတက်နိုင်တယ်။ အဲတော့ဖက်ဒရယ် ဖြစ်လို့ ရင်းမြစ်တွေကိုပေါ့ မိမိဖာသာ မိမိစီမံခန့်ခွဲမှု ရမယ်ဆိုရင် သူတို့ထင်နေသလိုမျိုး ပြည်နယ်တွေကပဲ ချမ်းသာသွားမယ်ဆိုတာ မှားတယ် တကယ်တမ်းကျတော့ ရေရှည်မှာ ဖက်ဒရယ်လုပ်ရင် က အကျိုးအမြတ်အများဆုံး ရနိုင်တာက တိုင်းတွေ ပေါ့နော” (ဦးမော်ထွန်းအောင် Strategic Advisor – Another Development)

Zawgyi…

