ရှမ်းနီပါတီ အွန်လိုင်းမှ မဲဆွယ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံံ့ ဖြိုးတိုးတက်ရေးပါတီ (TNDP) သည် COVID-19 ကာလအတွင်း လူငယ်များ ဦးဆောင်ပြီး အွန်လိုင်းမှ မဲဆွယ်စည်းရုံးသွားမည်ဟု ပြောသည်။

ပါတီအနေဖြင့် ၂၀၂၀ ပြည်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ကချင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့အတွင်း ရွေးကောက်ပွဲဝင်သွားမည်ဟု လည်း သိရသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ စိုင်းဌေးအောင် က “COVID-19 က တော့ မဲဆွယ်စည်းရုံးရေးက လူစုလူဝေးမလုပ်ရတို့ ဘာတို့ဖြစ်လာမှာပေါ့ဗျာ။ ဒါနဲ့ပတ်သက်ပြီး ကော်မရှင်နဲ့ တွေ့တော့ ပါတီတွေ တော်တော်များများက တင်ပြကြပါတယ်။ ကော်မရှင်ကတော့ ညွန်ကြားစာတွေ ထွက်ပေး မယ်ပေါ့ဗျာ။ ဥပမာ လူ ၃၀ ထက် မစုရ၊ ၅၀ ထက်မစုရဆိုရင် တော်တော်လေး မဲဆွယ်စည်းရုံးရေးက ခက်လာ မှာပေါ့နော်။ အဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ကျနော်တို့ ပြင်ထားပါတယ်။ အွန်လိုင်းမီဒီယာကနေ မဲဆွယ် စည်းရုံးဖို့ရှိပါတယ်။ ကျနော်တို့ ထိုင်းနိုင်ငံရဲ့ လူငယ်ပါတီကို အတုယူပြီးတော့မှပေါ့ အွန်လိုင်းကနေ သွားဖို့ ပြင် ဆင်ထားပါတယ်” ဟု ပြောသည်။

ပါတီအနေဖြင့် အွန်လိုင်းအသုံးပြု၍ မဲဆွယ်စည်းရုံးမည့်ကိစ္စ အသေးစိတ်ကိုတော့ စည်းရုံးမဲဆွယ်ရေး ကာလ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်များအပေါ် မူတည်၍ အသေးစိတ်ထုတ်ပြန်သွားမည် ဟု ပြောသည်။

“နောက်တစ်ခု ကျနော်တို့ ဒေသထဲမှာ ဘာတွေရှိလဲဆိုတော့ ရွာလည်တဲ့စနစ်ရှိတယ်။ ရေနွေးကြမ်းလေးနဲ့ စကားပြောတယ်။ ကောက်စိုက် စပါးရိတ်ရင်းပြောတယ်။ အဲ့မှာ လက်ကမ်းစာစောင်တွေ များများရောက်အောင် ထည့်ပေးဖို့ စီစဉ်ထားတယ်။ ဒါကတော့ ရောက်တဲ့အချိန်မှာ မဲဆွယ်စည်းရုံးမှုပုံစံကိုတော့ ပြောင်းလဲရတာပေါ့ ဗျာ။ ကိုယ့်ပါတီနိုင်ချင်တာကိုး။ ဘယ်လိုလုပ်ရမလဲဆိုတာ ပြင်ဆင်ရတာပေါ့ဗျာ။ နည်းလမ်းရှာထားရတာ ပေါ့ဗျာ။”

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံံ့ ဖြိုးတိုးတက်ရေးပါတီ (TNDP)သည် ကချုင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်း ဒေသကြီးတို့အတွင်းရှိ မြို့နယ်ပေါင်း ၁၅ မြို့နယ်အတွင်း ရွေးကောက်ပွဲ ဝင်သွားမည်ဟု စိုင်းဌေးအောင် က ဆက်ပြောသည်။

“ကျနော်တို့က ၁၅ မြို့နယ်မှာ ယှဉ်ပြိုင်သွားမယ်။ ကချင်ပြည်နယ်မှာ ၉ မြို့နယ်ဆိုတာကတော့ မိုးညှင်းခရိုင်မှာ တော့ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်ပေါ့၊ မြစ်ကြီးနားခရိုင်မှာတော့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်ခရိုင် မှာ က တော့ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွေကူ အဲ့ ၉ မြို့နယ်မှာ ပြိုင်မယ်။ စစ်ကိုင်းတိုင်းမှာတော့ ၆ မြို့နယ် ပြိုင်မယ်။ အင်းတော်၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ ဟုမ္မလင်း၊ ခန္တီး၊ တမူးပေါ့ အဲ့ ၆ မြို့နယ်မှာ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထား တာပေါ့နော်။”

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံံ့ ဖြိုးတိုးတက်ရေးပါတီ (TNDP)အတွင်း ယခုနှစ် ၂၀၁၅ ရွေးကောက် ပွဲပြီး နောက်မှစတင်၍ လူငယ်များပါဝင်လာမှုအပေါ် အားရကျေနပ်မှုရှိသော်လည်း၊ အမျိုးသမီးများပါဝင်မှုမှာ အလွန် နည်းပါးနေသည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံံ့ ဖြိုးတိုးတက်ရေးပါတီ (TNDP)အနေဖြင့် လက်ရှိငြိမ်းချမ်းရေး အခြေအနေ များ အရ နယ်မြေကန့်သတ်ပြီး ၎င်းတို့ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည့် မြို့နယ်အချို့တွင် ကျင်းပခွင့် မရမှာ ကို စိုးရိမ် မှုရှိနေသည့်အပြင် COVID-19 ကြောင့် ပါတီစည်းရုံးရေး ကိစ္စ၊ နယ်မြေ လုံခြုံရေး၊ လွတ်လပ်စွာ စည်း ရုံးဟောပြောပိုင်ခွင့်၊ လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်လာရေးတို့အတွက် စိုးရိမ်မှုရှိသည် ဟု ပြောသည်။

ထို့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား အစိုးရ၊ တပ်မတော်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ အနေ ဖြင့် မှန်မှန်ကန်ကန်နှင့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကို လုပ်ပေးစေချင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံံ့ ဖြိုးတိုးတက်ရေးပါတီ (TNDP) က ပြောသည်။

Zawgyi…

ရွမ္းနီပါတီ အြန္လိုင္းမွ မဲဆြယ္မည္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၂၈ ရက္။

တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံံ႕ ၿဖိဳးတိုးတက္ေရးပါတီ (TNDP) သည္ COVID-19 ကာလအတြင္း လူငယ္မ်ား ဦးေဆာင္ၿပီး အြန္လိုင္းမွ မဲဆြယ္စည္းရံုးသြားမည္ဟု ေျပာသည္။

ပါတီအေနျဖင့္ ၂၀၂၀ ျပည္ႏွစ္ ႏုိဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲတြင္ ကခ်င္ ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္း ေဒသႀကီးတို႔အတြင္း ေရြးေကာက္ပြဲဝင္သြားမည္ဟု လည္း သိရသည္။

တုိင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (TNDP) ဥကၠ႒ စိုင္းေဌးေအာင္ က “COVID-19 က ေတာ့ မဲဆြယ္စည္းရံုးေရးက လူစုလူေဝးမလုပ္ရတို႔ ဘာတို႔ျဖစ္လာမွာေပါ့ဗ်ာ။ ဒါနဲ႔ပတ္သက္ၿပီး ေကာ္မရွင္နဲ႔ ေတြ႕ေတာ့ ပါတီေတြ ေတာ္ေတာ္မ်ားမ်ားက တင္ျပၾကပါတယ္။ ေကာ္မရွင္ကေတာ့ ညြန္ၾကားစာေတြ ထြက္ေပး မယ္ေပါ့ဗ်ာ။ ဥပမာ လူ ၃၀ ထက္ မစုရ၊ ၅၀ ထက္မစုရဆုိရင္ ေတာ္ေတာ္ေလး မဲဆြယ္စည္းရံုးေရးက ခက္လာ မွာေပါ့ေနာ္။ အဲ့စိန္ေခၚမႈေတြကို ရင္ဆုိင္ဖုိ႔အတြက္ က်ေနာ္တို႔ ျပင္ထားပါတယ္။ အြန္လိုင္းမီဒီယာကေန မဲဆြယ္ စည္းရံုးဖုိ႔ရွိပါတယ္။ က်ေနာ္တို႔ ထုိင္းႏုိင္ငံရဲ႕ လူငယ္ပါတီကို အတုယူၿပီးေတာ့မွေပါ့ အြန္လိုင္းကေန သြားဖုိ႔ ျပင္ ဆင္ထားပါတယ္” ဟု ေျပာသည္။

ပါတီအေနျဖင့္ အြန္လိုင္းအသံုးျပဳ၍ မဲဆြယ္စည္းရံုးမည့္ကိစၥ အေသးစိတ္ကိုေတာ့ စည္းရံုးမဲဆြယ္ေရး ကာလ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္၏ ထုတ္ျပန္ခ်က္မ်ားအေပၚ မူတည္၍ အေသးစိတ္ထုတ္ျပန္သြားမည္ ဟု ေျပာသည္။

“ေနာက္တစ္ခု က်ေနာ္တို႔ ေဒသထဲမွာ ဘာေတြရွိလဲဆုိောတ့ ရြာလည္တဲ့စနစ္ရွိတယ္။ ေရေႏြးၾကမ္းေလးနဲ႔ စကားေျပာတယ္။ ေကာက္စိုက္ စပါးရိတ္ရင္းေျပာတယ္။ အဲ့မွာ လက္ကမ္းစာေစာင္ေတြ မ်ားမ်ားေရာက္ေအာင္ ထည့္ေပးဖုိ႔ စီစဥ္ထားတယ္။ ဒါကေတာ့ ေရာက္တဲ့အခ်ိန္မွာ မဲဆြယ္စည္းရံုးမႈပံုစံကိုေတာ့ ေျပာင္းလဲရတာေပါ့ ဗ်ာ။ ကိုယ့္ပါတီႏုိင္ခ်င္တာကိုး။ ဘယ္လိုလုပ္ရမလဲဆုိတာ ျပင္ဆင္ရတာေပါ့ဗ်ာ။ နည္းလမ္းရွာထားရတာ ေပါ့ ဗ်ာ။”

တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံံ႕ ၿဖိဳးတိုးတက္ေရးပါတီ (TNDP)သည္ ကခ်ုင္ျပည္နယ္ႏွင့္ စစ္ကိုင္း တုိင္း ေဒသႀကီးတို႔အတြင္းရွိ ၿမိဳ႕နယ္ေပါင္း ၁၅ ၿမိဳ႕နယ္အတြင္း ေရြးေကာက္ပြဲ ဝင္သြားမည္ဟု စိုင္းေဌးေအာင္ က ဆက္ေျပာသည္။

“က်ေနာ္တုိ႔က ၁၅ ၿမိဳ႕နယ္မွာ ယွဥ္ၿပိဳင္သြားမယ္။ ကခ်င္ျပည္နယ္မွာ ၉ ၿမိဳ႕နယ္ဆုိတာကေတာ့ မိုးညွင္းခရိုင္မွာ ေတာ့ မိုးညွင္း၊ မိုးေကာင္း၊ ဖားကန္႔ေပါ့၊ ျမစ္ႀကီးနားခရိုင္မွာေတာ့ ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊ ဗန္းေမာ္ခရိုင္ မွာ က ေတာ့ ဗန္းေမာ္၊ မိုးေမာက္၊ မံစီ၊ ေရြကူ အဲ့ ၉ ၿမိဳ႕နယ္မွာ ၿပိဳင္မယ္။ စစ္ကိုင္းတုိင္းမွာေတာ့ ၆ ၿမိဳ႕နယ္ ၿပိဳင္မယ္။ အင္းေတာ္၊ ဗန္းေမာက္၊ ပင္လယ္ဘူး၊ ဟုမၼလင္း၊ ခႏၱီး၊ တမူးေပါ့ အဲ့ ၆ ၿမိဳ႕နယ္မွာ ယွဥ္ၿပိဳင္ဖုိ႔ ဆံုးျဖတ္ထား တာေပါ့ေနာ္။”

တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံံ႕ ၿဖိဳးတိုးတက္ေရးပါတီ (TNDP)အတြင္း ယခုႏွစ္ ၂၀၁၅ ေရြးေကာက္ ပြဲၿပီး ေနာက္မွစတင္၍ လူငယ္မ်ားပါဝင္လာမႈအေပၚ အားရေက်နပ္မႈရွိေသာ္လည္း၊ အမ်ိဳးသမီးမ်ားပါဝင္မႈမွာ အလြန္ နည္းပါးေနသည္ဟု ပါတီတာဝန္ရွိသူမ်ားက ေျပာသည္။

တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံံ႕ ၿဖိဳးတိုးတက္ေရးပါတီ (TNDP)အေနျဖင့္ လက္ရိွၿငိမ္းခ်မ္းေရး အေျခအေန မ်ား အရ နယ္ေျမကန႔္သတ္ၿပီး ၎တို႔ပါတီအေနျဖင့္ ေ႐ြးေကာက္ပြဲဝင္မည့္ ၿမိဳ႕နယ္အခ်ိဳ႕တြင္ က်င္းပခြင့္ မရမွာ ကို စိုးရိမ္ မႈရွိေနသည့္အျပင္ COVID-19 ေၾကာင့္ ပါတီစည္း႐ုံးေရး ကိစၥ၊ နယ္ေျမ လုံၿခဳံေရး၊ လြတ္လပ္စြာ စည္း ႐ုံးေဟာေျပာပိုင္ခြင့္၊ လြတ္လပ္ၿပီးတရားမွ်တမႈရွိသည့္ ေ႐ြးေကာက္ပြဲ ျဖစ္လာေရးတို႔အတြက္ စိုးရိမ္မႈရွိသည္ ဟု ေျပာသည္။

ထို႔ေၾကာင့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအား အစိုးရ၊ တပ္မေတာ္ႏွင့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္တို႔ အေန ျဖင့္ မွန္မွန္ကန္ကန္ႏွင့္ လြတ္လပ္ၿပီး တရားမွ်တမႈရွိသည့္ ေ႐ြးေကာက္ပြဲကို လုပ္ေပးေစခ်င္ေၾကာင္း တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံံ႕ ၿဖိဳးတိုးတက္ေရးပါတီ (TNDP) က ေျပာသည္။