မြေသိမ်းမှုနှင့် အကြီးစား စီမံကိန်းများ ဖော်ဆောင်မှုများ ရပ်တန့်ရန် တအာင်းကျောင်းသားများ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။

COVID- 19 ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြေယာသိမ်းဆည်းမှုများနှင့် အကြီးစား စီမံကိန်း များ အကောင်အထည်ဖော်မှုများကို ကန့်ကွက်ကြောင်းနှင့် ရပ်တန့်ပေးရန် တအာင်း အရပ်ဖက် အဖွဲ့အ စည်းများက တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် COVID- 19 ကာလအတွင်း ကုမ္ပဏီများက ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်တွင် စီမံကိန်း လုပ်ငန်းများကို လုပ်ဆောင်နေသကဲ့သို့ အာဏာပိုင်များကလည်း ဒေသခံများအား မြေလွတ် မြေ လတ် မြေရိုင်း ဥပဒေဖြင့် မြေယာများကို ပုံစံ ၇ ပြန်လည်လျှောက်ယူရန် ပြောဆိုမှုအပေါ် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ TSYU မှ အထွေထွေအတွင်းရေးမှူး လွေးလှားရှိန်း က ပြောသည်။

“ပထမတစ်ချက်က ဒီကပ်ရောဂါကာလအတွင်းမှာ ပြည်သူပိုင် မြေသိမ်းမှုတို့ ပြီးလို့ရှိရင် စီမံကိန်းလုပ်ငန်းတို့ အဲဒါတွေကို ဖော်ဆောင်တာ ကျမတို့ရဲ့ ရပ်တန့်ပေးဖို့ ဒါကလည်း အစိုးရကလည်း သက်ဆိုင်မှာပေါ့နော။ အစိုးရလည်း ခွင့်မပြုရဘူး ပြီးရင် ကုမ္ပဏီတွေလည်း ဒီကာလမှာ မလုပ်သင့်ဘူးလို့ ကျမတို့က သုံးသပ်တယ်ပေါ့နော်။”

ဇူလိုင်လ ၂၉ ရက်နေ့ တွင် ထုတ်ပြန်ထားသည့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲ တွင် ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်သူလူထုများ စားဝတ်နေရေးနှင့် အခြားအခက်အခဲ ကြုံတွေ့နေ ရသည့် အချိန်ကာလတွင် ဌာနဆိုင်ရာများ၊ လက်နက်ကိုင် အဖွဲ့အစည်း၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ခရိုနီတို့ သည် ပြည်သူလူထု အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမည့်အစား ပြည်သူပိုင်ယာမြေ၊ အိုးအိမ်နှင့် အခြားအသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ထိခိုက်ပျက်စီး၊ ဆုံးရှုံးသွားစေမည့် လုပ်ရပ်များကို တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ TSYU နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO တို့မှ ကန့်ကွက်ရှုတ်ချ ပါသည်ဟု ဆိုသည်။

ထို့အပြင် ကမ္ဘာ့ကပ်ရောဂါကြောင့် လူစုလူဝေး မလုပ်ရကာလအတွင်း နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ပြင်ပအတွင်းရှိ မိရိုးဖလာ ဘိုးဘွားပိုင်ယာမြေများအား လုပ်ပိုင်ခွင့် ရရှိရန် မြေလွတ် မြေလပ် မြေရိုင်း ဥပဒေအဖြင့် လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ်ခမ်းမြို့၊ မြို့ နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးမှ အသိပေးအကြောင်းကြားခဲ့ပါသည်ဟု TSYU နှင့် TWO တို့၏ ထုတ်ပြန်ချက်အရ သိရသည်။

လွေးလှားရှိန်းက “အကြီးစားစီမံကိန်းတွေက သူတို့ အရမ်းကြီး ပွင့်ပွင့်လင်းလင်းကြီးတော့ သူတို့ လုပ်တာမ ဟုတ်ဘူး။ ဒါပေ မယ့် ကျမတို့ အကြီးစား စီမံကိန်းဆိုတာက ဒီသူတို့ခေါ်တာကတော့ ဒေသဖွံ့ဖြိုးရေးပေါ့ နော်။ ဥပမာ ရေကာတာ ဆောက်လုပ်ရေးတို့ ရွှေလီရေကာတာ နံပါတ် ၃ ဖက်ကဆိုရင်လည်း မသိမသာ လေးနဲ့ လုပ်ဆောင်နေတဲ့ဟာတွေ ရှိတယ်။ နောက်တစ်ခုက တစ်ခြား OBOR နဲ့ ပတ်သက်တဲ့ဟာ ဆိုလို့ရှိ ရင်လည်း မသိမသာလေးနဲ့ တစ်ချို့နေရာလေးတွေက မြေတိုင်းတဲ့ဟာတွေ ရှိတယ်ပေါ့နော။ အဲလိုလေး တွေရှိတယ်” ဟု ပြောသည်။

“နမ့်ခမ်းဖက်မှာ တစ်ခုက ကျမတို့ မြေလွတ်မြေရိုင်း ဥပဒေဆိုပြီးတော့ ဒီနမ့်ခမ်းမှာ ဆိုလို့ရှိရင် လယ် မြေ ယာ စီမံခန့်ခွဲရေးနဲ့ အဲဒီလယ်မြေယာ စီမံခန့်ခွဲရေးအဖွဲ့က ဒီကျမတို့က တစ်ချို့ဒေသခံ အာဏာပိုင်တွေ က ပြောလာတဲ့ ဟာတွေရှိတယ်ပေါ့နော်။ သူတို့က ပုံစံ ၇ လား အဲဒီဟာတွေ ပြန်လာလျှောက်ခိုင်းတာတို့ ဘာ တို့ ရှိတယ်ပေါ့” ဟု ဆက်ပြောသည်။

ကမ္ဘာ့ကပ်ရောဂါ (COVID19) ကြောင့် ပြည်သူလူထုမှာ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးနှင့် အခြား လူမှုရေးကိစ္စ အခက်အခဲများစွာ ကြုံတွေ့ခံစားနေကြကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကာလကို အခွင့် ကောင်း ယူပြီး အစိုးရဌာနဆိုင်ရာ အချို့သည် ပြည်သူပိုင် ယာမြေများကို သိမ်းပိုက်ရန် ကြိုးစားခြင်းနှင့် ကုမ္ပဏီသည် လည်း အကြီးစား စီမံကိန်းဆက်လက် အကောင်အထည် ဖော်ခြင်းကြောင့် ဒေသခံပြည် သူများမှာ ၎င်းတို့ ၏ ယာမြေနှင့် အိုးအိမ်များကို အသိမ်းပိုက်ခံ ဆုံးရှုံးရမည် ကို စိုးရိမ်ကြပါသည်ဟု တအာင်းအရပ်ဖက်အဖွဲ့အ စည်းများက ဆိုသည်။

“ကျန်းမာရေး COVID ကြောင့် ဆိုပြီးတော့ ထုတ်ပြန်ထားတဲ့ဟာတွေရှိတယ်။ လူစုလူဝေး လုပ်လို့ မရဘူးဆို တဲ့ ထုတ်ပြန်ချက်တွေရှိတယ်။ ဒါပေမယ့် တစ်ဖက်မှာ အာဏာပိုင်တွေ အစိုးရဖက်က ဒီမြေ ကိုင်တဲ့လူတွေ မြေစီမံခန့်ခွဲရေး လုပ်တဲ့ လူတွေကျတော့ ဒီဟာတွေကို သူတို့က ပြောရမယ်ဆိုလို့ရှိရင် အခွင့်ကောင်းလိုမျိုး ယူပြီးတော့ လူထုတွေရဲ့ မြေတွေကို တစ်ဖက်တစ်လမ်းနဲ့ အဲလိုမျိုး သိမ်းဖို့ကို သိမ်းနိုင်အောင် အဲလိုမျိုး ကြိုး စားတယ်လို့ပဲ ကျမတို့က မြင်တယ်ပေါ့နော်” ဟု လွေးလှန်ရှိန်းက ဆက် ပြောသည်။

ထိုအနေအထားအောက်တွင် ဖြစ်ပေါ်လာသည့် ဖြစ်ရပ်များကြောင့် တအာင်းလူမှု့အသင်းအဖွဲ့များက ကမ္ဘာ့ ကပ်ရောဂါကာလအတွင်းတွင် ပြည်သူပိုင်ယာမြေသိမ်းဆည်းမှု စီမံချက်လုပ်ငန်းများနှင့် ဖော်ဆောင်နေ သော အကြီးစား စီမံကိန်းများကို ရပ်ဆိုင်းပေးရန် တောင်းဆိုထားသကဲ့သို့ နိုင်ငံတော် အစိုးရ၏ လမ်းညွှန် ချက်အတိုင်း တပ်သိမ်းမြေနှင့် ကုမ္ပဏီသိမ်းမြေများကို ပြည်သူပိုင် လက်ထဲတွင် လွဲပြောင်းပေးရန် တိုက် တွန်းထားသည်။

ထို့အပြင် ကမ္ဘာ့ကပ်ရောဂါ ကြိုတင်ကာ ကွယ်မှု စီမံကိန်းနှင့် ပြည်သူလူထု၏ စားဝတ်နေရေး ပြေလည် စေရေးကို နိုင်ငံတော် အစိုးရမှ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးရန်နှင့် ကမ္ဘာ့ကပ်ရောဂါ ကြိုတင်ကာ ကွယ်မှုစီမံချက်နှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများအကြား ဖြစ်ပွားနေသည့် ပြဿနာများကို စီစစ်အရေးယူဆောင်ရွက်ပေးရန် တအာင်းလူမှု့အဖွဲ့အစည်းများက ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ထည့် သွင်းထားသည်။

Zawgyi…

ေျမသိမ္းမႈႏွင့္ အၾကီးစား စီမံကိန္းမ်ား ေဖာ္ေဆာင္မႈမ်ား ရပ္တန္႔ရန္ တအာင္းေက်ာင္းသားမ်ား ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၃၀ ရက္။

COVID- 19 ကာလအတြင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ေျမယာသိမ္းဆည္းမႈမ်ားႏွင့္ အႀကီးစား စီမံကိန္း မ်ား အေကာင္အထည္ေဖာ္မႈမ်ားကို ကန္႔ကြက္ေၾကာင္းႏွင့္ ရပ္တန္႔ေပးရန္ တအာင္း အရပ္ဖက္ အဖြဲ႔အ စည္းမ်ားက ေတာင္းဆိုလိုက္သည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ COVID- 19 ကာလအတြင္း ကုမၸဏီမ်ားက ဖြံ႔ၿဖိဳးေရးေခါင္းစဥ္ေအာက္တြင္ စီမံကိန္း လုပ္ငန္းမ်ားကို လုပ္ေဆာင္ေနသကဲ့သို႔ အာဏာပိုင္မ်ားကလည္း ေဒသခံမ်ားအား ေျမလြတ္ ေျမ လတ္ ေျမ႐ိုင္း ဥပေဒျဖင့္ ေျမယာမ်ားကို ပံုစံ ၇ ျပန္လည္ေလွ်ာက္ယူရန္ ေျပာဆိုမႈအေပၚ ကန္႔ကြက္ရျခင္း ျဖစ္သည္ဟု တအာင္းေက်ာင္းသားႏွင့္ လူငယ္မ်ားအဖြဲ႕ TSYU မွ အေထြေထြအတြင္းေရးမႉး ေလြးလွားရွိန္း က ေျပာသည္။

“ပထမတစ္ခ်က္က ဒီကပ္ေရာဂါကာလအတြင္းမွာ ျပည္သူပိုင္ ေျမသိမ္းမႈတို႔ ၿပီးလို႔ရွိရင္ စီမံကိန္းလုပ္ငန္းတို႔ အဲဒါေတြကို ေဖာ္ေဆာင္တာ က်မတို႔ရဲ႕ ရပ္တန္႔ေပးဖို႔ ဒါကလည္း အစိုးရကလည္း သက္ဆိုင္မွာေပါ့ေနာ။ အစိုးရလည္း ခြင့္မျပဳရဘူး ၿပီးရင္ ကုမၸဏီေတြလည္း ဒီကာလမွာ မလုပ္သင့္ဘူးလို႔ က်မတို႔က သံုးသပ္ တယ္ေပါ့ေနာ္။”

ဇူလိုင္လ ၂၉ ရက္ေန႔ တြင္ ထုတ္ျပန္ထားသည့္ တအာင္းအရပ္ဖက္ အဖြဲ႔အစည္းမ်ား၏ ထုတ္ျပန္ခ်က္ထဲ တြင္ ကမၻာ့ကပ္ေရာဂါေၾကာင့္ ျပည္သူလူထုမ်ား စား၀တ္ေနေရးႏွင့္ အျခားအခက္အခဲ ႀကံဳေတြ႕ေန ရသည့္ အခ်ိန္ကာလတြင္ ဌာနဆိုင္ရာမ်ား၊ လက္နက္ကိုင္ အဖြဲ႔အစည္း၊ လုပ္ငန္းရွင္မ်ား၊ ကုမၸဏီမ်ားႏွင့္ ခ႐ိုနီတို႔ သည္ ျပည္သူလူထု အသက္အိုးအိမ္ကို ကာကြယ္ေစာင့္ေရွာက္ရမည့္အစား ျပည္သူပိုင္ယာေျမ၊ အိုးအိမ္ႏွင့္ အျခားအသက္ေမြး၀မ္းေၾကာင္း လုပ္ငန္းမ်ားကို ထိခိုက္ပ်က္စီး၊ ဆံုးရႈံးသြားေစမည့္ လုပ္ရပ္မ်ားကို တအာင္း ေက်ာင္းသားႏွင့္ လူငယ္မ်ားအဖြဲ႔ TSYU ႏွင့္ တအာင္းအမ်ိဳးသမီးအဖြဲ႔အစည္း TWO တို႔မွ ကန္႔ကြက္ရႈတ္ခ် ပါသည္ဟု ဆိုသည္။

ထို႔အျပင္ ကမၻာ့ကပ္ေရာဂါေၾကာင့္ လူစုလူေ၀း မလုပ္ရကာလအတြင္း နမ့္ခမ္းၿမိဳ႕နယ္၊ မန္စပ္ေက်းရြာအုပ္စု၊ ကြင္းအမွတ္ ျပင္ပအတြင္းရွိ မိ႐ိုးဖလာ ဘိုးဘြားပိုင္ယာေျမမ်ားအား လုပ္ပိုင္ခြင့္ ရရွိရန္ ေျမလြတ္ ေျမလပ္ ေျမ႐ိုင္း ဥပေဒအျဖင့္ လုပ္ထံုး လုပ္နည္းမ်ားႏွင့္ အညီ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း နမ္ခမ္းၿမိဳ႕၊ ၿမိဳ႕ နယ္ လယ္ယာ ေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာနမွဴးမွ အသိေပးအေၾကာင္းၾကားခဲ့ပါသည္ဟု TSYU ႏွင့္ TWO တို႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ေလြးလွားရွိန္းက “အႀကီးစားစီမံကိန္းေတြက သူတို႔ အရမ္းႀကီး ပြင့္ပြင့္လင္းလင္းႀကီးေတာ့ သူတို႔ လုပ္တာမ ဟုတ္ဘူး။ ဒါေပ မယ့္ က်မတို႔ အႀကီးစား စီမံကိန္းဆိုတာက ဒီသူတို႔ေခၚတာကေတာ့ ေဒသဖြံ႔ၿဖိဳးေရးေပါ့ ေနာ္။ ဥပမာ ေရကာတာ ေဆာက္လုပ္ေရးတို႔ ေရႊလီေရကာတာ နံပါတ္ ၃ ဖက္ကဆိုရင္လည္း မသိမသာ ေလးနဲ႔ လုပ္ေဆာင္ေနတဲ့ဟာေတြ ရွိတယ္။ ေနာက္တစ္ခုက တစ္ျခား OBOR နဲ႔ ပတ္သက္တဲ့ဟာ ဆိုလို႔ရွိ ရင္လည္း မသိမသာေလးနဲ႔ တစ္ခ်ိဳ႕ေနရာေလးေတြက ေျမတိုင္းတဲ့ဟာေတြ ရွိတယ္ေပါ့ေနာ။ အဲလိုေလး ေတြရွိတယ္” ဟု ေျပာသည္။

“နမ့္ခမ္းဖက္မွာ တစ္ခုက က်မတို႔ ေျမလြတ္ေျမ႐ိုင္း ဥပေဒဆိုၿပီးေတာ့ ဒီနမ့္ခမ္းမွာ ဆိုလို႔ရွိရင္ လယ္ ေျမ ယာ စီမံခန္႔ခြဲေရးနဲ႔ အဲဒီလယ္ေျမယာ စီမံခန္႔ခြဲေရးအဖြဲ႔က ဒီက်မတို႔က တစ္ခ်ိဳ႕ေဒသခံ အာဏာပိုင္ေတြ က ေျပာလာတဲ့ ဟာေတြရွိတယ္ေပါ့ေနာ္။ သူတို႔က ပံုစံ ၇ လား အဲဒီဟာေတြ ျပန္လာေလွ်ာက္ခိုင္းတာတို႔ ဘာ တို႔ ရွိတယ္ေပါ့” ဟု ဆက္ေျပာသည္။

ကမၻာ့ကပ္ေရာဂါ (COVID19) ေၾကာင့္ ျပည္သူလူထုမွာ က်န္းမာေရး၊ စီးပြားေရး၊ ပညာေရးႏွင့္ အျခား လူမႈေရးကိစၥ အခက္အခဲမ်ားစြာ ႀကံဳေတြ႔ခံစားေနၾကေၾကာင္း၊ ကမၻာ့ကပ္ေရာဂါကာလကို အခြင့္ ေကာင္း ယူၿပီး အစိုးရဌာနဆိုင္ရာ အခ်ိဳ႕သည္ ျပည္သူပိုင္ ယာေျမမ်ားကို သိမ္းပိုက္ရန္ ႀကိဳးစားျခင္းႏွင့္ ကုမၸဏီသည္ လည္း အႀကီးစား စီမံကိန္းဆက္လက္ အေကာင္အထည္ ေဖာ္ျခင္းေၾကာင့္ ေဒသခံျပည္ သူမ်ားမွာ ၎တို႔ ၏ ယာေျမႏွင့္ အိုးအိမ္မ်ားကို အသိမ္းပိုက္ခံ ဆံုးရံႈးရမည္ ကို စိုးရိမ္ၾကပါသည္ဟု တအာင္းအရပ္ဖက္အဖြဲ႔အ စည္းမ်ားက ဆိုသည္။

“က်န္းမာေရး COVID ေၾကာင့္ ဆိုၿပီးေတာ့ ထုတ္ျပန္ထားတဲ့ဟာေတြရွိတယ္။ လူစုလူေ၀း လုပ္လို႔ မရဘူးဆို တဲ့ ထုတ္ျပန္ခ်က္ေတြရွိတယ္။ ဒါေပမယ့္ တစ္ဖက္မွာ အာဏာပိုင္ေတြ အစိုးရဖက္က ဒီေျမ ကိုင္တဲ့လူေတြ ေျမစီမံခန္႔ခြဲေရး လုပ္တဲ့ လူေတြက်ေတာ့ ဒီဟာေတြကို သူတို႔က ေျပာရမယ္ဆိုလို႔ရွိရင္ အခြင့္ေကာင္းလိုမ်ိဳး ယူၿပီးေတာ့ လူထုေတြရဲ႕ ေျမေတြကို တစ္ဖက္တစ္လမ္းနဲ႔ အဲလိုမ်ိဳး သိမ္းဖို႔ကို သိမ္းႏိုင္ေအာင္ အဲလိုမ်ိဳး ႀကိဳး စားတယ္လို႔ပဲ က်မတို႔က ျမင္တယ္ေပါ့ေနာ္” ဟု ေလြးလွန္ရွိန္းက ဆက္ ေျပာသည္။

ထိုအေနအထားေအာက္တြင္ ျဖစ္ေပၚလာသည့္ ျဖစ္ရပ္မ်ားေၾကာင့္ တအာင္းလူမႈ႕အသင္းအဖဲြ႕မ်ားက ကမၻာ့ ကပ္ေရာဂါကာလအတြင္းတြင္ ျပည္သူပိုင္ယာေျမသိမ္းဆည္းမႈ စီမံခ်က္လုပ္ငန္းမ်ားႏွင့္ ေဖာ္ေဆာင္ေန ေသာ အႀကီးစား စီမံကိန္းမ်ားကို ရပ္ဆိုင္းေပးရန္ ေတာင္းဆိုထားသကဲ့သို႔ ႏိုင္ငံေတာ္ အစိုးရ၏ လမ္းၫႊန္ ခ်က္အတိုင္း တပ္သိမ္းေျမႏွင့္ ကုမၸဏီသိမ္းေျမမ်ားကို ျပည္သူပိုင္ လက္ထဲတြင္ လြဲေျပာင္းေပးရန္ တိုက္ တြန္းထားသည္။

ထို႔အျပင္ ကမၻာ့ကပ္ေရာဂါ ႀကိဳတင္ကာ ကြယ္မႈ စီမံကိန္းႏွင့္ ျပည္သူလူထု၏ စား၀တ္ေနေရး ေျပလည္ ေစေရးကို ႏိုင္ငံေတာ္ အစိုးရမွ ၾကပ္ၾကပ္မတ္မတ္ ေဆာင္ရြက္ေပးရန္ႏွင့္ ကမၻာ့ကပ္ေရာဂါ ႀကိဳတင္ကာ ကြယ္မႈစီမံခ်က္ႏွင့္ ပတ္သက္၍ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ျပည္သူမ်ားအၾကား ျဖစ္ပြားေနသည့္ ျပႆနာမ်ားကို စီစစ္အေရးယူေဆာင္ရြက္ေပးရန္ တအာင္းလူမႈ႕အဖြဲ႔အစည္းမ်ားက ၎တို႔၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္ သြင္းထားသည္။