ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၇၄)

တရုတ်-မြန်မာ စီးပွားရေးစင်္ကြ (CMCE)ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နန်ကျင်စီးပွားရေးဇုန် စီမံကိန်းရဲ့ ရင်းနှီးမြုပ်နှံမှုက ရရှိလာမယ့် အကျိုးအမြတ်နဲ့ စီးပွားရေးအခွင့်အရေးတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိတာသလို ဒေသခံတွေ အတွက် မြေယာတွေအပြင် ရိုးရာဓလေ့ထုံးတမ်းတွေလည်း ပျက်စီးသွား နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်နယ်အစိုးရအတွက်လည်း ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှု အန္တရာယ် ကြုံ တွေ့ရမှုကလည်း မြှင့်မားနိုင်တယ်လို့လည်း သန္ဓိအဖွဲ့ က ထောက်ပြထားပါတယ်။ နန်ကျင်စီးပွားရေးဇုန် စီမံ ကိန်းဟာ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ဆောက်လုပ်ရေးဆိုင်ရာ ဆုံးရှုံးနစ်နာနိုင်မှု အန္တရာယ်၊ လုပ်ငန်းလည်ပတ် ရေးနဲ့ ထိန်းသိမ်းရေးဆိုင်ရာ ဆုံးရှုံး နစ်နာမှု အန္တရာယ်၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာ ဆုံးရှုံးနိုင်မှု အန္တ ရာယ်၊ ဥပဒေရေးရာ၊ စည်းမျဉ်းများနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးနစ်နာနိုင်မှု အန္တရာယ်တွေ ရှိ တယ်ဆိုတာကို ထောက်ပြနေတာတွေရှိနေပါတယ်။ နန်ကျင်စီးပွားရေးဇုန်ဆိုတာဘာလဲ၊ ဒီနန်ကျင် စီးပွား ရေးဇုန် စီမံကိန်းဟာ တရုတ်အတွက် ဘယ်လောက်အထိ အရေးကြီးပါသလဲ။ နန်ကျင်စီးပွားရေးဇုန်ထဲမှာ ဘာတွေပါသလဲ စတာတွေကို စုစည်းတင်ဆက်ပေးထား ပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈း၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂း၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။

Zawgyi…

ၿငိမ္းခ်မ္းေရးအတြက္ ဖက္ဒရယ္ အပိုင္း (၇၄)

တ႐ုတ္-ျမန္မာ စီးပြားေရးစၾကၤ (CMCE)ရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ နန္က်င္စီးပြားေရးဇုန္ စီမံကိန္းရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈက ရရွိလာမယ့္ အက်ိဳးအျမတ္နဲ႔ စီးပြားေရးအခြင့္အေရးေတြနဲ႔ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈ မရွိတာသလို ေဒသခံေတြ အတြက္ ေျမယာေတြအျပင္ ႐ိုးရာဓေလ့ထုံးတမ္းေတြလည္း ပ်က္စီးသြား ႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ျပည္နယ္အစိုးရအတြက္လည္း ဘ႑ာေရးဆိုင္ရာ ဆုံးရႈံးမႈ အႏၲရာယ္ ႀကဳံ ေတြ႕ရမႈကလည္း ျမႇင့္မားႏိုင္တယ္လို႔လည္း သႏၶိအဖြဲ႕ က ေထာက္ျပထားပါတယ္။ နန္က်င္စီးပြားေရးဇုန္ စီမံ ကိန္းဟာ ဖြံ႕ၿဖိဳးတိုးတက္ေရး နဲ႔ ေဆာက္လုပ္ေရးဆိုင္ရာ ဆုံးရႈံးနစ္နာႏိုင္မႈ အႏၲရာယ္၊ လုပ္ငန္းလည္ပတ္ ေရးနဲ႔ ထိန္းသိမ္းေရးဆိုင္ရာ ဆုံးရႈံး နစ္နာမႈ အႏၲရာယ္၊ ဘ႑ာေရးနဲ႔ စီးပြားေရးဆိုင္ရာ ဆုံးရႈံးႏိုင္မႈ အႏၲ ရာယ္၊ ဥပေဒေရးရာ၊ စည္းမ်ဥ္းမ်ားနဲ႔ သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာ ဆုံးရႈံးနစ္နာႏိုင္မႈ အႏၲရာယ္ေတြ ရွိ တယ္ဆိုတာကို ေထာက္ျပေနတာေတြရွိေနပါတယ္။ နန္က်င္စီးပြားေရးဇုန္ဆိုတာဘာလဲ၊ ဒီနန္က်င္ စီးပြား ေရးဇုန္ စီမံကိန္းဟာ တ႐ုတ္အတြက္ ဘယ္ေလာက္အထိ အေရးႀကီးပါသလဲ။ နန္က်င္စီးပြားေရးဇုန္ထဲမွာ ဘာေတြပါသလဲ စတာေတြကို စုစည္းတင္ဆက္ေပးထား ပါတယ္။

ဒီအစီအစဥ္ကို Network Media Group ႏွင့္ Mizzima Media Group တို႔ ပူးေပါင္းစီစဥ္ တင္ဆက္ထားတာ ျဖစ္ၿပီး အပတ္စဥ္ တနဂၤေႏြေန႔ည ၈း၁၀ နာရီ တြင္ အစီအစဥ္အသစ္ကို Mizzima TV ကေန ထုတ္လႊင့္ ေပးေနၿပီ ျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာ ထုတ္လႊင့္ေပးခဲ့တဲ့ အစီအစဥ္ကို ေသာၾကာေန႔ မြန္းလႊဲပိုင္း-၂း၄၅ နာရီတို႔မွာ Mizzima TV ကေန ျပန္လည္ထုတ္လႊင့္ ျပသေပးသြားမွာ ျဖစ္ပါတယ္။