မွန်ပြည်သစ်ဒေသ ငှက်ဖျား ဖြစ်ပွားမှု တိုးများလာနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၄ ရက်။

COVID- 19 ကာလအတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေများတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုမှာ ယခင်နှစ်များထက်ပိုမို များလာနေသည်ဟု မွန်ပြည်သစ်ပါတီ NMSP က ပြောသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဒေသများတွင် ငှက်ဖျားရောဂါသည် ယခင်နှစ်များက လျော့ကျသွားခဲ့ သော် လည်း ယခုနှစ်အတွင်း တစ်ဖန်ပြန်လည်ဖြစ်ပွား လာသည်ဟု မွန်ပြည်သစ်ပါတီ NMSP က ပြည်တွင်း ရေးရာ တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ကော်မတီ နိုင်ဗညားလယ် က ပြောသည်။

“ခါတိုင်းတော်တော်ကြာတော့ ပါးလာတယ်။ ဒါပေမယ့် ဒီနှစ်ကျတော့ ငှက်ဖျားကျတော့ ပြန်ပြီးတော့ တစ်ဖန် နလန်ထလာတယ် အခု။”

မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်ရှိ ၎င်းတို့ထိန်းချုပ်ရာ ဒေသများတွင် ပြန်လည်ဖြစ်ပွားနေ သည်ဟု ဆက်ပြောသည်။

“အဓိက ရေချောင်းဖျားတို့ ရေဖြူမြို့နယ်တို့ ဒီဘုရားသုံးဆူတို့ ဖက်ခြမ်းမှာပေါ့ အဓိက နယ်စပ်နဲ့ နီးတဲ့ နေ ရာပေါ့။”

လက်ရှိတွင် မွန်ပြည်သစ်ပါတီ NMSP က ကျန်းမာရေး လုပ်သားများက ရောဂါဖြစ်ပွားနေသည့် ဒေသ အ လိုက်၊ မြို့နယ်အလိုက် ကုသမှုများကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

COVID- 19 ကပ်ရောဂါကို ကာကွယ်တားဆီးနေစဉ်အတွင်း ငှက်ဖျားရောဂါလည်း ထပ်မံဖြစ်ပွားလာသည့်အတွက် ရောဂါ ကုသကာကွယ် တားဆီးမှု လုပ်ဆောင်သည့်နေရာတွင် အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရှိနေ သည် ဟု မွန်ပြည်သစ်ပါတီ NMSP က ပြောသည်။

ထို့ကြောင့် ၎င်းတို့၏ ရောဂါကာကွယ်တားဆီးနေသည့် အခြေအနေကို ပြည်သူများက နားလည် ပေးကြရန် NMSP က မေတ္တာရပ်ခံတောင်းဆိုသည်။

“အဓိကကတော့ ဒီ COVID- 19 ကျတော့ WHO က ကြေညာပြောဆိုထားသလိုပေါ့နော်။ သူက လူတွေနဲ့ အတူ တော်တော်ကြာကြာ နေအုံးမယ်ဆိုတော့ ကျနော်တို့ ဒီ ကာကွယ်ကုသမှုအပိုင်းမှာ ပြည်သူလူထုတွေ နဲ့ WHO က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကျတော့ အစိုးရတို့ ကျနော်တို့ မွန်ပြည်သစ် ပါတီက ထုတ်ပြန် ထားတဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့တော့ လိုတယ်ပေါ့နော ဒါပေမယ့် ဒီ COVID- 19 ကာလမှာ သွား လာခွင့်ကျတော့ တစ်ချို့တွေ တကယ်လို့ အခက်အခဲဖြစ်နေမယ် နားလည်ပေး ဖို့အတွက်တော့ ပြောချင်တယ်။”

ထို့အပြင် ဒေသအတွင်း တုတ်ကွေးရောဂါဖြစ်ပွားမှုများကလည်း ရှိနေသေးသည်ဟု ဆိုသည်။

အဆိုပါအနေအထားမျိုးတွင် COVID- 19 ရောဂါကာကွယ်တားဆီးရေး ကာလ ရှည်ကြာလာမည် ဆိုပါက အဖက်ဖက်မှ ပိုမို ခက်ခဲလာနိုင်သည်ဟု နိုင်ဗညားလယ်က ပြောသည်။

“အဓိကကြုံတွေ့နိုင်တာကတော့ ကျနော်တို့ ခုနပြောသလိုပေါ့နော် ကျနော်တို့ ဒီနယ်စပ် ဒေသမှာ ငှက်ဖျား ရောဂါလည်း မပျောက်သေးဘူး။ ဒီတုတ်ကွေးလည်း ရှိနေတယ်ဆိုတော့ တကယ်လို့ COVID ပါ ထပ်ပြီး တော့ ကူးစက်လာမယ်ဆိုတော့ ကျနော်တို့ ပြည်သူလူထုတွေအတွက်တော့ အများကြီး စားဝတ်နေရေး ပညာရေးတို့ စီးပွားရေးတို့ အများကြီးတော့ ထိခိုက်လာမှာဖြစ်တယ်” ဟု ဆက်ပြောသည်။

တစ်ဖက်တွင်လည်း COVID- 19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်ရာ ဒေသရှိ ပြည်သူ များမှာ ငှက်ဖျားရောဂါကို ခံစားနေရသည့်အပြင် စားဝတ်နေရေး အခက်အခဲ စိန်ခေါ်မှုများ လည်း ရှိနေသည်ဟု ဆိုသည်။

အထူးသဖြင့် ကြာအင်ဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်ရာ ဒေသများတွင် စားဝတ်နေရေး အခက်အခဲများနှင့် ပိုမိုကြုံတွေ့နေရသည်ဟု NMSP က ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP သည် အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုင်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

*** ZAWGYI ***
မြန္ျပည္သစ္ေဒသ ငွက္ဖ်ား ျဖစ္ပြားမႈ တိုးမ်ားလာေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၄ ရက္။

COVID- 19 ကာလအတြင္း မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ရာ နယ္ေျမမ်ားတြင္ ငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈမွာ ယခင္ႏွစ္မ်ားထက္ပိုမို မ်ားလာေနသည္ဟု မြန္ျပည္သစ္ပါတီ NMSP က ေျပာသည္။

မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ ငွက္ဖ်ားေရာဂါသည္ ယခင္ႏွစ္မ်ားက ေလ်ာ့က်သြားခဲ့ ေသာ္ လည္း ယခုႏွစ္အတြင္း တစ္ဖန္ျပန္လည္ျဖစ္ပြား လာသည္ဟု မြန္ျပည္သစ္ပါတီ NMSP က ျပည္တြင္း ေရးရာ တာ၀န္ခံ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ ႏိုင္ဗညားလယ္ က ေျပာသည္။

“ခါတိုင္းေတာ္ေတာ္ၾကာေတာ့ ပါးလာတယ္။ ဒါေပမယ့္ ဒီႏွစ္က်ေတာ့ ငွက္ဖ်ားက်ေတာ့ ျပန္ၿပီးေတာ့ တစ္ဖန္ နလန္ထလာတယ္ အခု။”

မြန္ျပည္နယ္၊ တနသၤာရီတိုင္းႏွင့္ ကရင္ျပည္နယ္ရွိ ၎တို႔ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ ျပန္လည္ျဖစ္ပြားေန သည္ဟု ဆက္ေျပာသည္။

“အဓိက ေရေခ်ာင္းဖ်ားတို႔ ေရျဖဴၿမိဳ႕နယ္တို႔ ဒီဘုရားသံုးဆူတို႔ ဖက္ျခမ္းမွာေပါ့ အဓိက နယ္စပ္နဲ႔ နီးတဲ့ ေန ရာေပါ့။”

လက္ရွိတြင္ မြန္ျပည္သစ္ပါတီ NMSP က က်န္းမာေရး လုပ္သားမ်ားက ေရာဂါျဖစ္ပြားေနသည့္ ေဒသ အ လိုက္၊ ၿမိဳ႕နယ္အလိုက္ ကုသမႈမ်ားကို လုပ္ေဆာင္ေနသည္ဟု ဆိုသည္။

COVID- 19 ကပ္ေရာဂါကို ကာကြယ္တားဆီးေနစဥ္အတြင္း ငွက္ဖ်ားေရာဂါလည္း ထပ္မံျဖစ္ပြားလာသည့္အတြက္ ေရာဂါ ကုသကာကြယ္ တားဆီးမႈ လုပ္ေဆာင္သည့္ေနရာတြင္ အခက္အခဲႏွင့္ စိန္ေခၚမႈမ်ားစြာ ရွိေန သည္ ဟု မြန္ျပည္သစ္ပါတီ NMSP က ေျပာသည္။

ထို႔ေၾကာင့္ ၎တို႔၏ ေရာဂါကာကြယ္တားဆီးေနသည့္ အေျခအေနကို ျပည္သူမ်ားက နားလည္ ေပးၾကရန္ NMSP က ေမတၱာရပ္ခံေတာင္းဆိုသည္။

“အဓိကကေတာ့ ဒီ COVID- 19 က်ေတာ့ WHO က ေၾကညာေျပာဆိုထားသလိုေပါ့ေနာ္။ သူက လူေတြနဲ႔ အတူ ေတာ္ေတာ္ၾကာၾကာ ေနအံုးမယ္ဆိုေတာ့ က်ေနာ္တို႔ ဒီ ကာကြယ္ကုသမႈအပိုင္းမွာ ျပည္သူလူထုေတြ နဲ႔ WHO က ထုတ္ျပန္ထားတဲ့ ထုတ္ျပန္ခ်က္က်ေတာ့ အစိုးရတို႔ က်ေနာ္တို႔ မြန္ျပည္သစ္ ပါတီက ထုတ္ျပန္ ထားတဲ ့ၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ေတာ့ လိုတယ္ေပါ့ေနာ ဒါေပမယ့္ ဒီ COVID- 19 ကာလမွာ သြား လာခြင့္က်ေတာ့ တစ္ခ်ိဳ႕ေတြ တကယ္လို႔ အခက္အခဲျဖစ္ေနမယ္ နားလည္ေပး ဖို႔အတြက္ေတာ့ ေျပာခ်င္ တယ္။”

ထို႔အျပင္ ေဒသအတြင္း တုတ္ေကြးေရာဂါျဖစ္ပြားမႈမ်ားကလည္း ရွိေနေသးသည္ဟု ဆိုသည္။

အဆိုပါအေနအထားမ်ိဳးတြင္ COVID- 19 ေရာဂါကာကြယ္တားဆီးေရး ကာလ ရွည္ၾကာလာမည္ ဆိုပါက အဖက္ဖက္မွ ပိုမို ခက္ခဲလာႏိုင္သည္ဟု ႏိုင္ဗညားလယ္က ေျပာသည္။

“အဓိကႀကံဳေတြ႕ႏိုင္တာကေတာ့ က်ေနာ္တို႔ ခုနေျပာသလိုေပါ့ေနာ္ က်ေနာ္တို႔ ဒီနယ္စပ္ ေဒသမွာ ငွက္ဖ်ား ေရာဂါလည္း မေပ်ာက္ေသးဘူး။ ဒီတုတ္ေကြးလည္း ရွိေနတယ္ဆိုေတာ့ တကယ္လို႔ COVID ပါ ထပ္ၿပီး ေတာ့ ကူးစက္လာမယ္ဆိုေတာ့ က်ေနာ္တို႔ ျပည္သူလူထုေတြအတြက္ေတာ့ အမ်ားႀကီး စား၀တ္ေနေရး ပညာေရးတို႔ စီးပြားေရးတို႔ အမ်ားႀကီးေတာ့ ထိခိုက္လာမွာျဖစ္တယ္” ဟု ဆက္ေျပာသည္။

တစ္ဖက္တြင္လည္း COVID- 19 ေရာဂါျဖစ္ပြားေနသည့္ ကာလတြင္ မြန္ျပည္သစ္ပါတီ NMSP ထိန္းခ်ဳပ္ရာ ေဒသရွိ ျပည္သူ မ်ားမွာ ငွက္ဖ်ားေရာဂါကို ခံစားေနရသည့္အျပင္ စား၀တ္ေနေရး အခက္အခဲ စိန္ေခၚမႈမ်ား လည္း ရွိေနသည္ဟု ဆိုသည္။

အထူးသျဖင့္ ၾကာအင္ဆိပ္ႀကီးႏွင့္ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းရွိ မြန္ျပည္သစ္ပါတီ NMSP ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ စား၀တ္ေနေရး အခက္အခဲမ်ားႏွင့္ ပိုမိုၾကံဳေတြ႕ေနရသည္ဟု NMSP က ေျပာသည္။

မြန္ျပည္သစ္ပါတီ NMSP သည္ အျခားတိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္း ၁၀ ဖြဲ႔ႏွင့္ အတူ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုင္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုးထားသည့္ အဖဲြဲ႔ျဖစ္သည္။