ရခိုင် မြောက်ပိုင်းတွင် မဲစာရင်းသွားကြည့်ရန် ပြည်သူများ ကြောက်ရွံ့နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၆ ရက်။

စစ်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်များအတွင်း ရွေးကောက်ပွဲ နှင့် ပတ်သက်သည့် ကိစ္စရပ်များအပေါ် စိတ်ဝင်စားမှု အားနည်းနေသည်ဟု ဒေသခံများက ပြောသည်။

မဲဆန္ဒရှင်စာရင်းများကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားသော်လည်း သွားရောက်ကြည့်သူ မရှိ သလောက် နည်းပါးနေသည်ဟု သိရသည်။

ကျောက်တော်မြို့ ဒေသခံ ဦးကျော်လှမြင့် က “မဲစာရင်းလား ဘာမှ စိတ်မဝင်စားကြဘူး လူထုက။ အဓိကတော့ လုံခြုံရေးလည်း အဆင်မပြေဘူး။ တစ်နေရာနဲ့ တစ်နေရာ ကူးလူးဆက်ဆံဖို့ကလည်း အဆင်မပြေဘူး။ သွားဖို့ လာဖို့လည်း မလွယ်ဘူး။ သွားရင် ပျောက်သွားမှာတို့ ဖမ်းခံရမှာတို့ ကြောက်ရတယ်။”

ကျောက်တော်မြို့တွင် တပ်မတော်တပ်ဖွဲ့များ ရှိနေသည့်အတွက် စိုးရိမ်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ကစ္စပ္ပနဒီတံတားမှာ သူတို့ က အမြဲရှိနေတော့ အကုန်က ကြောက်နေကြတာ။ တစ်အိမ်နဲ့တစ်အိမ်တောင် သွားလာဖို့ ကြည့်ပြီးသွားနေရ တယ်။ သူတို့က သေနတ်ကြီးတွေနဲ့လေ။ ခေါ်စစ်တာလောက်က အကြောင်းမဟုတ်ဘူး။ စစ်ပြီဆို ရိုက်တာ၊ ဖမ်း ခေါ်သွားတာ၊ ပျောက်သွားတာတွေက မနည်းဘူးလေနော်။ တကယ်တော့ ကျနော်တို့ပြည်သူက AA အမာခံ လည်း မဟုတ်ပါဘူး။ ဒါလည်း စွပ်စွဲပြီးဖမ်းတယ်လေ။ အဲ့တော့ အားလုံးကကြောက်နေကြတယ်” ဟု ပြော သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရသေ့တောင်မြို့နယ်က အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ပြည်သူတွေက ကျီး လန့်စာစားပေါ့၊ မဲစာရင်းတွေဘာတွေလည်း စိတ်မဝင်စားဘူး။ လွှတ်တော်က အစ်ကိုတို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဘာမှ လုပ်ပေးတာတွေ မရှိဘူးဆိုတော့ ဒီလွှတ်တော်ကိုယ်စားကိုရော၊ အစိုးရ ကိုယ်ရော၊ မဲပေးနိုင်တဲ့စာရင်းတွေရော ဘာတစ်ခုမှ စိတ်မဝင်စားဘူး။ ပြည်သူတွေက အကုန်လုံး အဲ့လိုပဲ ဖြစ်နေကြတယ်။ မဲစာရင်းလည်း သွားမကြည့်ဘူး။ ဒီမှာက စားဝတ်နေရေးလည်းခက်ခဲတယ်။ ရွာတော်တော် များများကလည်း စစ်ရှောင်နေကြရတယ်။ အားလုံးကိုယ့်ရွာမှာ မရှိတော့ဘူးလေ” ဟု ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ပုဏ္ဏား ကျွန်းမြို့နယ်များအတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို အခြားသောမြို့နယ်များနည်းတူ ဇူလိုင်လ ၂၅ ရက်နေ့မှ သြ ဂုတ်လ ၇ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်/ကျေး ရုံးများတွင် ထုတ်ပြန်ကြေညာထားသည် ဟု သိရသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က “မဲစာရင်းသွားကြည့်တာ လျော့ နည်းတာ၊ သွားမကြည့်ကြတာ၊ စိတ်ဝင်စားမှုနည်းတာကတော့ အမှန်ပါပဲ။ ကော်မရှင်ကတော့ မဲစာရင်းတွေကို ကပ်ထားပေးတယ်ဆိုတာလည်း သိရတယ်။ မြို့နယ်တိုင်းမှာက ဒီ ကော်မရှင်က မဲဆန္ဒရှင်စာရင်းတွေကို တခြား မြို့ နယ်တွေလိုပဲ မြောက်ပိုင်းက မြို့နယ်တွေမှာလည်း ကပ်ထားပေးတယ်။ ဒါပေမယ့် အခု တိုက်ပွဲဖြစ်နေတဲ့နေ ရာတွေမှာ ရွေးကောက်ပွဲကျင်းပမယ်၊ မကျင်းပဘူးဆိုတာကို တိတိကျကျထုတ်ပြန်ဖို့လိုတယ်။ သူတို့ကတော့ မြို့နယ် အကုန်လုံး ၃၃၀ လုံးမှာ လုပ်မယ်ဆိုပြီးတော့ ကြေငြာတယ်။ ကပ်ထားတယ်လို့သိရတယ်။ တစ်နေရာမှ မထုတ်ပြန်တာတော့ မရှိဘူးတဲ့။ ကော်မရှင်အနေနဲ့ သဘောဝဘေးအန္တရာယ် ကြောင့်ဖြစ်စေ၊ အကြောင်း ကြောင်းကြောင့် ဖြစ်စေ၊ ရွေးကောက်ပွဲကို ရပ်ဆိုင်းနိုင်ဖို့ သူတို့မှာ အာဏာရှိ တယ်။ အခွင့်အရေး ရှိတယ်” ဟု ပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် လုံခြုံရေး အာမခံချက် ပေးမည်ဆိုပါက အဆင်ပြေနိုင်သည်ဟု ဒေါ်ခင်စောဝေ က ဆက် ပြောသည်။

“တိုက်ပွဲတွေကလည်း မကြာခဏဖြစ်နေတယ်။ ပြည်သူတွေက မဲထည့်ဖို့အတွက် လုံခြုံမှုမရှိမှာကိုလည်း စိုးရိမ် နေတာလည်း တွေ့ရတယ်။ အဲ့ဒီအတွက် အစိုးရက လုံခြုံရေးပေးဖို့လိုတယ်ပေါ့နော်။ ဒါပေမယ့်လည်း စစ်ဘေး ရှောင်စခန်းတွေမှာရော၊ တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေလည်း အစိုးရတာဝန်ရှိသူတွေ၊ အာဏာပိုင်တွေ၊ ပါတီ တွေနောက်ပြီး ပြည်သူတွေ စုပေါင်းပြီး တာဝန်ယူ၊ လုံခြုံရေးလုပ်ပေးတာမျိုးဆိုရင်တော့ လုပ်လို့ရမယ့် အခြေ အနေရှိပါတယ်။ ဒါကို အစိုးရအနေနဲ့ ဒီမိုကရေစံနှုန်းနဲ့အညီ မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲဖြစ်ဖို့ အတွက် ပိုပြီးတာဝန်ရှိပါတယ်။ အဲ့လိုမျိုး မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲဖြစ်လာဖို့ တာဝန်ရှိပေးဖို့ တိုက်တွန်း လိုပါ တယ်။”

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒရှင် (မဲပေး ပိုင်ခွင့်ရှိသူ) ၁၆ သိန်းကျော်ရှိသည်ဟု သိရသည်။

အဆိုပါ မဲစာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ သက်ဆိုရာ ရပ်/ကျေး ရုံးများတွင် ကပ်ထားပေးမည်ဖြစ်ပြီး၊ မဲဆန္ဒရှင်များ အနေဖြင့် မိမိတို့၏ အမည်ပါ/မပါ၊ အမည်၊ မှတ်ပုံတင်နှင့် အချက်အ လက်များ မှားယွင်းမှု ရှိ/မရှိ စိစစ်စစ်ဆေးပြီဒ မှားယွင်းမှုှရှိပါက ကော်ရှင်ရုံးခွဲများထံ တင်ပြကြရန် ထုတ်ပြန် ထားသည်။

*** ZAWGYI ***
ရခိုင္ ေျမာက္ပိုင္းတြင္ မဲစာရင္းသြားၾကည့္ရန္ ျပည္သူမ်ား ေၾကာက္ရြံ႔ေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၆ ရက္။

စစ္ပြဲမ်ား ျဖစ္ပြားေနသည့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္မ်ားအတြင္း ေရြးေကာက္ပြဲ ႏွင့္ ပတ္သက္သည့္ ကိစၥရပ္မ်ားအေပၚ စိတ္ဝင္စားမႈ အားနည္းေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

မဲဆႏၵရွင္စာရင္းမ်ားကို ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ ကပ္ထားေသာ္လည္း သြားေရာက္ၾကည့္သူ မရွိ သေလာက္ နည္းပါးေနသည္ဟု သိရသည္။

ေက်ာက္ေတာ္ၿမိဳ႕ ေဒသခံ ဦးေက်ာ္လွျမင့္ က “မဲစာရင္းလား ဘာမွ စိတ္မဝင္စားၾကဘူး လူထုက။ အဓိကေတာ့ လံုၿခံဳေရးလည္း အဆင္မေျပဘူး။ တစ္ေနရာနဲ႔ တစ္ေနရာ ကူးလူးဆက္ဆံဖို႔ကလည္း အဆင္မေျပဘူး။ သြားဖို႔ လာဖုိ႔လည္း မလြယ္ဘူး။ သြားရင္ ေပ်ာက္သြားမွာတို႔ ဖမ္းခံရမွာတုိ႔ ေၾကာက္ရတယ္။”

ေက်ာက္ေတာ္ၿမိဳ႕တြင္ တပ္မေတာ္တပ္ဖြဲ႔မ်ား ရွိေနသည့္အတြက္ စိုးရိမ္ျခင္းျဖစ္ေၾကာင္း သူက ဆက္ေျပာသည္။

“ကစၥပၸနဒီတံတားမွာ သူတို႔ က အၿမဲရွိေနေတာ့ အကုန္က ေၾကာက္ေနၾကတာ။ တစ္အိမ္နဲ႔တစ္အိမ္ေတာင္ သြားလာဖို႔ ၾကည့္ၿပီးသြားေနရ တယ္။ သူတုိ႔က ေသနတ္ႀကီးေတြနဲ႔ေလ။ ေခၚစစ္တာေလာက္က အေၾကာင္းမဟုတ္ဘူး။ စစ္ၿပီဆုိ ရိုက္တာ၊ ဖမ္း ေခၚသြားတာ၊ ေပ်ာက္သြားတာေတြက မနည္းဘူးေလေနာ္။ တကယ္ေတာ့ က်ေနာ္တုိ႔ျပည္သူက AA အမာခံ လည္း မဟုတ္ပါဘူး။ ဒါလည္း စြပ္စဲြၿပီးဖမ္းတယ္ေလ။ အဲ့ေတာ့ အားလံုးကေၾကာက္ေနၾကတယ္” ဟု ေျပာ သည္။

တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္ ရေသ့ေတာင္ၿမိဳ႕နယ္က အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက “ျပည္သူေတြက က်ီး လန္႔စာစားေပါ့၊ မဲစာရင္းေတြဘာေတြလည္း စိ္တ္မဝင္စားဘူး။ လႊတ္ေတာ္က အစ္ကိုတုိ႔ တုိင္းရင္းသားေတြရဲ႕ အခြင့္အေရးေတြကို ဘာမွ လုပ္ေပးတာေတြ မရွိဘူးဆိုေတာ့ ဒီလႊတ္ေတာ္ကိုယ္စားကိုေရာ၊ အစိုးရ ကိုယ္ေရာ၊ မဲေပးႏုိင္တဲ့စာရင္းေတြေရာ ဘာတစ္ခုမွ စိတ္မဝင္စားဘူး။ ျပည္သူေတြက အကုန္လံုး အဲ့လိုပဲ ျဖစ္ေနၾကတယ္။ မဲစာရင္းလည္း သြားမၾကည့္ဘူး။ ဒီမွာက စားဝတ္ေနေရးလည္းခက္ခဲတယ္။ ရြာေတာ္ေတာ္ မ်ားမ်ားကလည္း စစ္ေရွာင္ေနၾကရတယ္။ အားလံုးကိုယ့္ရြာမွာ မရွိေတာ့ဘူးေလ” ဟု ေျပာသည္။

ရခုိင္ျပည္နယ္ ေျမာက္ပိုင္းရွိ မင္းျပား၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ ေျမပံု၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ႏွင့္ ပုဏၰား ကၽြန္းၿမိဳ႕နယ္မ်ားအတြင္းရွိ မဲဆႏၵရွင္စာရင္းမ်ားကို အျခားေသာၿမိဳ႕နယ္မ်ားနည္းတူ ဇူလိုင္လ ၂၅ ရက္ေန႔မွ ၾသ ဂုတ္လ ၇ ရက္ေန႔အထိ သက္ဆုိင္ရာ ရပ္/ေက်း ရံုးမ်ားတြင္ ထုတ္ျပန္ေၾကညာထားသည္ ဟု သိရသည္။

ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က “မဲစာရင္းသြားၾကည့္တာ ေလ်ာ့ နည္းတာ၊ သြားမၾကည့္ၾကတာ၊ စိတ္ဝင္စားမႈနည္းတာကေတာ့ အမွန္ပါပဲ။ ေကာ္မရွင္ကေတာ့ မဲစာရင္းေတြကို ကပ္ထားေပးတယ္ဆုိတာလည္း သိရတယ္။ ၿမိဳ႕နယ္တိုင္းမွာက ဒီ ေကာ္မရွင္က မဲဆႏၵရွင္စာရင္းေတြကို တျခား ၿမိဳ႕ နယ္ေတြလုိပဲ ေျမာက္ပိုင္းက ၿမိဳ႕နယ္ေတြမွာလည္း ကပ္ထားေပးတယ္။ ဒါေပမယ့္ အခု တုိက္ပြဲျဖစ္ေနတဲ့ေန ရာေတြမွာ ေရြးေကာက္ပြဲက်င္းပမယ္၊ မက်င္းပဘူးဆိုတာကို တိတိက်က်ထုတ္ျပန္ဖုိ႔လိုတယ္။ သူတုိ႔ကေတာ့ ၿမိဳ႕နယ္ အကုန္လံုး ၃၃၀ လံုးမွာ လုပ္မယ္ဆုိၿပီးေတာ့ ေၾကျငာတယ္။ ကပ္ထားတယ္လို႔သိရတယ္။ တစ္ေနရာမွ မထုတ္ျပန္တာေတာ့ မရွိဘူးတဲ့။ ေကာ္မရွင္အေနနဲ႔ သေဘာဝေဘးအႏၱရာယ္ ေၾကာင့္ျဖစ္ေစ၊ အေၾကာင္း ေၾကာင္းေၾကာင့္ ျဖစ္ေစ၊ ေရြးေကာက္ပြဲကို ရပ္ဆုိင္းႏုိင္ဖုိ႔ သူတို႔မွာ အာဏာရွိ တယ္။ အခြင့္အေရး ရွိတယ္” ဟု ေျပာသည္။

ထို႔ေၾကာင့္ အစိုးရအေနျဖင့္ လံုၿခံဳေရး အာမခံခ်က္ ေပးမည္ဆုိပါက အဆင္ေျပႏုိင္သည္ဟု ေဒၚခင္ေစာေဝ က ဆက္ ေျပာသည္။

“တိုက္ပြဲေတြကလည္း မၾကာခဏျဖစ္ေနတယ္။ ျပည္သူေတြက မဲထည့္ဖို႔အတြက္ လံုၿခံဳမႈမရွိမွာကိုလည္း စိုးရိမ္ ေနတာလည္း ေတြ႕ရတယ္။ အဲ့ဒီအတြက္ အစိုးရက လံုၿခံဳေရးေပးဖို႔လိုတယ္ေပါ့ေနာ္။ ဒါေပမယ့္လည္း စစ္ေဘး ေရွာင္စခန္းေတြမွာေရာ၊ တိုက္ပြဲမျဖစ္တဲ့ ေက်းရြာေတြလည္း အစိုးရတာဝန္ရွိသူေတြ၊ အာဏာပိုင္ေတြ၊ ပါတီ ေတြေနာက္ၿပီး ျပည္သူေတြ စုေပါင္းၿပီး တာဝန္ယူ၊ လံုၿခံဳေရးလုပ္ေပးတာမ်ိဳးဆိုရင္ေတာ့ လုပ္လို႔ရမယ့္ အေျခ အေနရွိပါတယ္။ ဒါကို အစိုးရအေနနဲ႔ ဒီမိုကေရစံႏႈန္းနဲ႔အညီ ၿမိဳ႕နယ္အားလံုးမွာ ေရြးေကာက္ပြဲျဖစ္ဖုိ႔ အတြက္ ပိုၿပီးတာဝန္ရွိပါတယ္။ အဲ့လိုမ်ိဳး ၿမိဳ႕နယ္အားလံုးမွာ ေရြးေကာက္ပြဲျဖစ္လာဖုိ႔ တာဝန္ရွိေပးဖုိ႔ တုိက္တြန္း လိုပါ တယ္။”

ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲတြင္ ရခိုင္ျပည္နယ္အတြင္း မဲဆႏၵရွင္ (မဲေပး ပိုင္ခြင့္ရွိသူ) ၁၆ သိန္းေက်ာ္ရွိသည္ဟု သိရသည္။

အဆုိပါ မဲစာရင္းမ်ားကို ဇူလိုင္လ ၂၅ ရက္ေန႔မွ ၾသဂုတ္လ ၇ ရက္ေန႔အထိ သက္ဆုိ္ရာ ရပ္/ေက်း ရံုးမ်ားတြင္ ကပ္ထားေပးမည္ျဖစ္ၿပီး၊ မဲဆႏၵရွင္မ်ား အေနျဖင့္ မိမိတို႔၏ အမည္ပါ/မပါ၊ အမည္၊ မွတ္ပံုတင္ႏွင့္ အခ်က္အ လက္မ်ား မွားယြင္းမႈ ရွိ/မရွိ စိစစ္စစ္ေဆးၿပီဒ မွားယြင္းမႈွရိွပါက ေကာ္ရွင္ရံုးခြဲမ်ားထံ တင္ျပၾကရန္ ထုတ္ျပန္ ထားသည္။