တားမြစ်သည်ဖြစ်စေ ကရင့်အာဇာနည်နေ့ ကျင်းပမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ် ၁၀ ရက်။

သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက် ရသည်ဖြစ် မရသည်ဖြစ်စေ ၇၀ ပြည့်နှစ် ကရင့် အာဇာနည်နေ့ ကို ပြုလုပ်သွားမည်ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်သူများက ပြောသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၀ ပြည့်နှစ် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရန်အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် အကြောင်းကြားစာအား သွားရောက် ပေးပို့ရာတွင် သက်ဆိုင်ရာ ရဲစခန်းမှ ပြုလုပ်ခွင့် မရှိကြောင်း ပြောဆိုလာသည့်အပေါ် ပွဲဖြစ် မြောက်ရေး ဦးဆောင်သူများက ပြောကြားလိုက်ခြင်းဖြစ်သည်။

ရန်ကုန်တွင် ပြုလုပ်မည့် နှစ် ၇၀ ပြည့် ကရင့် အာဇာနည်နေ့ ပွဲဖြစ်မြောက်ရေး ဦးဆောင်သူ စသိန်းဇော်မင်း က “ကျနော်တို့က သူတို့ ဘယ်လိုပဲ တားတား သူတို့ ခွင့်မပြုတာ သူတို့အပိုင်း ကိုယ်ကတော့ အကြောင်း ကြားစာတင်ပြီးသွားပြီး ဒါပေမယ့် ကိုယ်ကတော့ ဆက်လုပ်မှာပဲ သူတို့ခွင့်မပြုလည်း လုပ်မှာပဲ ခွင့်ပြုလည်း လုပ်မှာပဲ။ အဲဒါကို သူတို့ သတ်မှတ်တဲ့ ကိုဗစ်ကာလနဲ့အညီ ကျနော်တို့ အဲဒါကို လုပ်မယ် အသံတွေ ဘာတွေ ထွက်တာ ဘာမှမပါဘူး အခမ်းအနား အစီအစဉ်တွေ ဘာမှ မပါဘူး။ ကျနော်တို့ အလေးပြုတာ အဲလောက်ပဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ်အလေးပြု ကိုယ့်ဟာကို လွမ်းသူပန်းခွေတွေ ချပေါ့ အဲ လောက်ပဲ” ဟု ပြောသည်။

သြဂုတ်လ ၉ ရက်နေ့ ယမန်နေ့က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ရဲ့စခန်းသို့ ကရင့်အာဇာနည်နေ့ ပြုလုပ်ရန် သွားရောက် အကြောင်းကြားစာပေးပို့ခဲ့ကြသည်ဟု ဆိုသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက် DPW အဖွဲ့ခေါင်းဆောင် နော်အုန်းလှကလည်း “ဒါက တန်းတူညီမျှရေးကို သွားမယ်ဆိုရင် လုပ်ကို လုပ်ရမယ်လေ။ အဲဒီအတွက် လောလောဆယ်တော့ သူတို့က ဘာပြောလဲ အခါကျတော့ ခွင့်မပြုနိုင်ဘူး ခွင့်ပြုဖို့တင်တာ မဟုတ်ဘူး အကြောင်းကြားစာလာပို့တာ ပြီး တော့ ကျရင် ဒီအပေါ်မှာလည်း မနှစ်ကလည်း ဒီလိုပဲ သူတို့တားဆီးတဲ့ အပေါ်မှာလည်း ဒါကတကယ်တမ်း ကျတော့ မဖြစ်သင့်တဲ့ဟာပေါ့နော။ အဲဒါနဲ့ တန်းတူညီမျှရေး မရှိတဲ့ ကိစ္စကတော့ လက်ခံစရာ မရှိဘူးပေါ့ နော်” ဟု ပြောသည်။

သို့သော် COVID-19 ကာလဖြစ်နေသည့်အတွက် ရဲစခန်းဖက်မှ ခွင့်မပြုနိုင်သည့် ပုံစံမျိုး ပြောဆိုလာသည် ဟု စသိန်းဇော်မင်း က ပြောသည်။

“အဓိက တာဝန်ရှိတဲ ရဲက ရဲတပ်ဖွဲ့ကပေါ့ ကိုဗစ်ဖြစ်နေတဲ့ ကာလကျတော့ ခွင့်ပြုလို့တော့ မရဘူး။ ရဲမှူးမျိုး သက်ကိုလည်း သူလှမ်းမေးမယ်ပေါ့ ရဲမှူး မျိုးသက်ကိုလည်း သူလှမ်းမေးတယ် ရဲမှူးမျိုးသက်ကလည်း ခွင့် မပြုပါဘူးပေါ့။ ခွင့်မပြုဘူးဆိုတော့ သူတို့က ကရင်အာဇာနည်နေ့ လုပ်တာကို ခွင့်မပြုတာ ပြီးတော့ ကိုဗစ် အကြောင်းပြ တယ်ပေါ့ ကိုဗစ်ကို အကြောင်းပြပြီး သူတို့ ခွင့်မပြုဘူး။”

အကြောင်းကြားစာ သွားရောက်ပေးပို့ပြီး အိမ်သို့ ပြန်လည်ရောက်ရှိသည့်အချိန်တွင် ရဲစခန်းမှ ၎င်းတို့အား သြဂုတ်လ ၁၀ ရက်နေ့ ယနေ့ နေ့လည် ၁ နာရီတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ လာရောက်ဆွေးနွေး ရန် ပြောဆိုလာသည်ဟု စသိန်းဇော်မင်းက ပြောသည်။

အကြောင်းကြားစာသွားရောက်ပေးပို့ရာတွင် စသိန်းဇော်မင်းနှင့် အတူလိုက်ပါခဲ့သည့် ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေး အမျိုးသမီး ကွန်ရက် DPW မှ အထွေထွေအတွင်းရေးမှူး ကိုမင်းနေထူးကလည်း “ကျင်းပခွင့် မရှိ ဘူးလို့ သူက အဲလိုမျိုးပဲ ပြောတယ်။ ပြောတော့ ကိုဗစ်အလွန်ကာလမှာ ဒါတွေစဉ်းစားမယ် သူတို့က အဲလို မျိုးပြောတယ်ပေါ့နော်။ ကျနော်တို့က ပြောခဲ့တာက ရှေ့မှာလည်း အခမ်းအနားတွေ ကျင်းပသွားတယ်။ အဲဒီ လူတွေကတော့ ဘယ်လိုလဲ ဆိုတော့ သူတို့ဘာမှ မဖြေနိုင်ဘူး။ ကိုဗစ်ကြောင့်လို့လဲ သူတို့မပြောဘူး ကျနော်တို့ကို ကိုဗစ်ကြောင့် ဆိုတာမျိုးလည်း သူတို့မပြောလိုက်ဘူး။ ကိုဗစ်အလွန်ကာလမှ လာတင် အဲ့လို ပဲ ပြောတယ်” ဟု ပြောသည်။

ကရင့်အာဇာနည်နေ့ ကျင်းပသည့် အချိန်သည် ကိုဗစ်ကာလ ဖြစ်နေသည့်အတွက် ၎င်းတို့အနေဖြင့် အစိုးရ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်နှင့် အညီ လုပ်ဆောင်သွားမည်ဟု ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြန်ထောင်စုကို သွားနေသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် ခွဲခြားသည့် အပြုအမှုကို လုပ်ဆောင်ခြင်း မပြုရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေး၊ တန်းတူရေးကို ဖော် ဆောင် ရန်လိုအပ်ကြောင်း၊ထို့သို့ လုပ်ဆောင်နိုင်မှသာ စစ်မှန်သည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည် ထောင်စုကို တည်ဆောက်နိုင်မည် နော်အုန်းလှ က ပြောသည်။

“ပြောချင်တာကတော့ တန်းတူညီမျှရေးကို သွားမယ်ဆိုရင် တိုင်းရင်းသားတွေ အခွင့်အရေးလည်း ဥပဒေ အရ နိုင်ငံသား အခွင့်အရေးအရ ပေးကို ပေးရမှာ ဖြစ်တယ်။ မပေးခြင်းသည် မဟာ လူမျိုးကြီးဝါဒ သုံးစွဲတဲ့ အနေအထား ဖြစ်ပြီးတော့မှ တိုင်းရင်းသားတွေကျတော့ လုပ်ခွင့်မရှိဘူး။ ရှစ်လေးလုံး နှစ်ပတ်လည် မနေ့က ကပ်ရပ်ကလေး လုပ်သွားတာ ဘာမှ လာပြောခြင်း မရှိဘူး။ သူ့ဟာသူ လုပ်သွားကြတာပဲ ငြိမ်းစုစီ တင်တာ လား ကျမမသိဘူးပေါ့နော ဒါတွေက ရောဂါကာလမို့လို့ဆိုရင် ဘယ်သူ့မှ မလုပ်ချင်ရင် ဘယ်သူမှလည်း မလုပ်နဲ့ တခြားတိုင်းရင်းသားလည်း မလုပ်နဲ့ လက်ခံတယ်။ ဒါပေမယ့် တိုင်းရင်းသား တွေကျတော့ မလုပ်ရ ဘူး။ ရှစ်လေးလုံး နှစ်ပတ်လည်လုပ်တယ်။ ၁၉ ဇူလိုင်လုပ်တယ်။ အဲဒါကျတော့ မမျှတဘူးလို့ အန်တီမြင် တယ်လေ။ မဖြစ်သင့်ဘူးပေါ့နော်။”

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့တွင် ကရင့်အာဇာနည်နေ့ ကျင်းပရာတွင် တားမြစ်ထားသည့် ကရင့်အာဇာနည်ဆိုသည့် စကားလုံးကို အသုံးပြုခဲ့သည့်အတွက် ဒီမိုက ရေစီနှင့် ငြိမ်းချမ်း ရေး အမျိုးသမီးအဖွဲ့ DPW အဖွဲ့ ခေါင်းဆောင် နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦး ဖြစ် သည့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ကို ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် ကျောက်တံတားမြို့ နယ် ရဲမှူးက တရားစွဲဆို ခဲ့သည်။

၎င်းတို့ ၃ ဦး၏ အမှုကို အောက်တိုဘာလ ၂ ရက်နေ့တွင် ကျောက်တံတားမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၁၅ ရက်စီကျခံရန် အမိန့်ချခဲ့သည်။

သို့သော် ၎င်းတို့ ၃ ဦးအား ချုပ်ရက် ခံစားခွင့်များ ထုတ်နုတ်ခံစားခွင့်ပြုကာ စတင်ဖမ်းဆီးစဉ်က အာမခံ မ ယူပဲ ထောင်အချုပ်ဖြင့် ရင်ဆိုင်ခဲ့သည့်အတွက် အောက်တိုဘာလ ၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့ကြသည်။

*** ZAWGYI ***
တားျမစ္သည္ျဖစ္ေစ ကရင့္အာဇာနည္ေန႔ က်င္းပမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္ ၁၀ ရက္။

သက္ဆိုင္ရာ အာဏာပိုင္မ်ား၏ ခြင့္ျပဳခ်က္ ရသည္ျဖစ္ မရသည္ျဖစ္ေစ ၇၀ ျပည့္ႏွစ္ ကရင့္ အာဇာနည္ေန႔ ကို ျပဳလုပ္သြားမည္ဟု ပြဲျဖစ္ေျမာက္ေရး ဦးေဆာင္သူမ်ားက ေျပာသည္။

ၾသဂုတ္လ ၁၂ ရက္ေန႔တြင္ က်ေရာက္မည့္ ၇၀ ျပည့္ႏွစ္ ကရင့္အာဇာနည္ေန႔ အထိမ္းအမွတ္ အခမ္းအနား က်င္းပႏိုင္ရန္အတြက္ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္ႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ အေၾကာင္းၾကားစာအား သြားေရာက္ ေပးပို႔ရာတြင္ သက္ဆိုင္ရာ ရဲစခန္းမွ ျပဳလုပ္ခြင့္ မရွိေၾကာင္း ေျပာဆိုလာသည့္အေပၚ ပြဲျဖစ္ ေျမာက္ေရး ဦးေဆာင္သူမ်ားက ေျပာၾကားလိုက္ျခင္းျဖစ္သည္။

ရန္ကုန္တြင္ ျပဳလုပ္မည့္ ႏွစ္ ၇၀ ျပည့္ ကရင့္ အာဇာနည္ေန႔ ပြဲျဖစ္ေျမာက္ေရး ဦးေဆာင္သူ စသိန္းေဇာ္မင္း က “က်ေနာ္တို႔က သူတို႔ ဘယ္လိုပဲ တားတား သူတို႔ ခြင့္မျပဳတာ သူတို႔အပိုင္း ကိုယ္ကေတာ့ အေၾကာင္း ၾကားစာတင္ၿပီးသြားၿပီး ဒါေပမယ့္ ကိုယ္ကေတာ့ ဆက္လုပ္မွာပဲ သူတို႔ခြင့္မျပဳလည္း လုပ္မွာပဲ ခြင့္ျပဳလည္း လုပ္မွာပဲ။ အဲဒါကို သူတို႔ သတ္မွတ္တဲ့ ကိုဗစ္ကာလနဲ႔အညီ က်ေနာ္တို႔ အဲဒါကို လုပ္မယ္ အသံေတြ ဘာေတြ ထြက္တာ ဘာမွမပါဘူး အခမ္းအနား အစီအစဥ္ေတြ ဘာမွ မပါဘူး။ က်ေနာ္တို႔ အေလးျပဳတာ အဲေလာက္ပဲ ကိုယ့္အစီအစဥ္နဲ႔ ကိုယ္အေလးျပဳ ကိုယ့္ဟာကို လြမ္းသူပန္းေခြေတြ ခ်ေပါ့ အဲ ေလာက္ပဲ” ဟု ေျပာသည္။

ၾသဂုတ္လ ၉ ရက္ေန႔ ယမန္ေန႔က ရန္ကုန္တိုင္း ေက်ာက္တံတားၿမိဳ႕နယ္ ရဲ႕စခန္းသို႔ ကရင့္အာဇာနည္ေန႔ ျပဳလုပ္ရန္ သြားေရာက္ အေၾကာင္းၾကားစာေပးပို႔ခဲ့ၾကသည္ဟု ဆိုသည္။

ဒီမိုကေရစီႏွင့္ ၿငိမ္းခ်မ္းေရး အမ်ိဳးသမီး ကြန္ရက္ DPW အဖြဲ႔ေခါင္းေဆာင္ ေနာ္အုန္းလွကလည္း “ဒါက တန္းတူညီမွ်ေရးကို သြားမယ္ဆိုရင္ လုပ္ကို လုပ္ရမယ္ေလ။ အဲဒီအတြက္ ေလာေလာဆယ္ေတာ့ သူတို႔က ဘာေျပာလဲ အခါက်ေတာ့ ခြင့္မျပဳႏိုင္ဘူး ခြင့္ျပဳဖို႔တင္တာ မဟုတ္ဘူး အေၾကာင္းၾကားစာလာပို႔တာ ၿပီး ေတာ့ က်ရင္ ဒီအေပၚမွာလည္း မႏွစ္ကလည္း ဒီလိုပဲ သူတို႔တားဆီးတဲ့ အေပၚမွာလည္း ဒါကတကယ္တမ္း က်ေတာ့ မျဖစ္သင့္တဲ့ဟာေပါ့ေနာ။ အဲဒါနဲ႔ တန္းတူညီမွ်ေရး မရွိတဲ့ ကိစၥကေတာ့ လက္ခံစရာ မရွိဘူးေပါ့ ေနာ္” ဟု ေျပာသည္။

သို႔ေသာ္ COVID-19 ကာလျဖစ္ေနသည့္အတြက္ ရဲစခန္းဖက္မွ ခြင့္မျပဳႏိုင္သည့္ ပံုစံမ်ိဳး ေျပာဆိုလာသည္ ဟု စသိန္းေဇာ္မင္း က ေျပာသည္။

“အဓိက တာ၀န္ရွိတဲ ရဲက ရဲတပ္ဖြဲ႔ကေပါ့ ကိုဗစ္ျဖစ္ေနတဲ့ ကာလက်ေတာ့ ခြင့္ျပဳလို႔ေတာ့ မရဘူး။ ရဲမွဴးမ်ိဳး သက္ကိုလည္း သူလွမ္းေမးမယ္ေပါ့ ရဲမွဴး မ်ိဳးသက္ကိုလည္း သူလွမ္းေမးတယ္ ရဲမွဴးမ်ိဳးသက္ကလည္း ခြင့္ မျပဳပါဘူးေပါ့။ ခြင့္မျပဳဘူးဆိုေတာ့ သူတို႔က ကရင္အာဇာနည္ေန႔ လုပ္တာကို ခြင့္မျပဳတာ ၿပီးေတာ့ ကိုဗစ္ အေၾကာင္းျပ တယ္ေပါ့ ကိုဗစ္ကို အေၾကာင္းျပၿပီး သူတို႔ ခြင့္မျပဳဘူး။”

အေၾကာင္းၾကားစာ သြားေရာက္ေပးပို႔ၿပီး အိမ္သို႔ ျပန္လည္ေရာက္ရွိသည့္အခ်ိန္တြင္ ရဲစခန္းမွ ၎တို႔အား ၾသဂုတ္လ ၁၀ ရက္ေန႔ ယေန႔ ေန႔လည္ ၁ နာရီတြင္ အဆိုပါကိစၥႏွင့္ ပတ္သက္၍ လာေရာက္ေဆြးေႏြး ရန္ ေျပာဆိုလာသည္ဟု စသိန္းေဇာ္မင္းက ေျပာသည္။

အေၾကာင္းၾကားစာသြားေရာက္ေပးပို႔ရာတြင္ စသိန္းေဇာ္မင္းႏွင့္ အတူလိုက္ပါခဲ့သည့္ ဒီမိုကေရစီႏွင့္ ၿငိမ္း ခ်မ္းေရး အမ်ိဳးသမီး ကြန္ရက္ DPW မွ အေထြေထြအတြင္းေရးမွဴး ကိုမင္းေနထူးကလည္း “က်င္းပခြင့္ မရွိ ဘူးလို႔ သူက အဲလိုမ်ိဳးပဲ ေျပာတယ္။ ေျပာေတာ့ ကိုဗစ္အလြန္ကာလမွာ ဒါေတြစဥ္းစားမယ္ သူတို႔က အဲလို မ်ိဳးေျပာတယ္ေပါ့ေနာ္။ က်ေနာ္တို႔က ေျပာခဲ့တာက ေရွ႕မွာလည္း အခမ္းအနားေတြ က်င္းပသြားတယ္။ အဲဒီ လူေတြကေတာ့ ဘယ္လိုလဲ ဆိုေတာ့ သူတို႔ဘာမွ မေျဖႏိုင္ဘူး။ ကိုဗစ္ေၾကာင့္လို႔လဲ သူတို႔မေျပာဘူး က်ေနာ္တို႔ကို ကိုဗစ္ေၾကာင့္ ဆိုတာမ်ိဳးလည္း သူတို႔မေျပာလိုက္ဘူး။ ကိုဗစ္အလြန္ကာလမွ လာတင္ အဲ့လို ပဲ ေျပာတယ္” ဟု ေျပာသည္။

ကရင့္အာဇာနည္ေန႔ က်င္းပသည့္ အခ်ိန္သည္ ကိုဗစ္ကာလ ျဖစ္ေနသည့္အတြက္ ၎တို႔အေနျဖင့္ အစိုးရ က်န္းမာေရးဌာန၏ ၫႊန္ၾကားခ်က္ႏွင့္ အညီ လုပ္ေဆာင္သြားမည္ဟု ေျပာသည္။

ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ ျပန္ေထာင္စုကို သြားေနသည့္ ႏိုင္ငံတစ္ႏိုင္ငံ အေနျဖင့္ ခြဲျခားသည့္ အျပဳအမႈကို လုပ္ေဆာင္ျခင္း မျပဳရန္လိုအပ္ေၾကာင္း၊ တိုင္းရင္းသားမ်ား၏ အခြင့္အေရး၊ တန္းတူေရးကို ေဖာ္ ေဆာင္ ရန္လိုအပ္ေၾကာင္း၊ထို႔သို႔ လုပ္ေဆာင္ႏိုင္မွသာ စစ္မွန္သည့္ ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ ျပည္ ေထာင္စုကို တည္ေဆာက္ႏိုင္မည္ ေနာ္အုန္းလွ က ေျပာသည္။

“ေျပာခ်င္တာကေတာ့ တန္းတူညီမွ်ေရးကို သြားမယ္ဆိုရင္ တိုင္းရင္းသားေတြ အခြင့္အေရးလည္း ဥပေဒ အရ ႏိုင္ငံသား အခြင့္အေရးအရ ေပးကို ေပးရမွာ ျဖစ္တယ္။ မေပးျခင္းသည္ မဟာ လူမ်ိဳးႀကီးဝါဒ သံုးစြဲတဲ့ အေနအထား ျဖစ္ၿပီးေတာ့မွ တိုင္းရင္းသားေတြက်ေတာ့ လုပ္ခြင့္မရွိဘူး။ ရွစ္ေလးလံုး ႏွစ္ပတ္လည္ မေန႔က ကပ္ရပ္ကေလး လုပ္သြားတာ ဘာမွ လာေျပာျခင္း မရွိဘူး။ သူ႔ဟာသူ လုပ္သြားၾကတာပဲ ၿငိမ္းစုစီ တင္တာ လား က်မမသိဘူးေပါ့ေနာ ဒါေတြက ေရာဂါကာလမို႔လို႔ဆိုရင္ ဘယ္သူ႔မွ မလုပ္ခ်င္ရင္ ဘယ္သူမွလည္း မလုပ္နဲ႔ တျခားတိုင္းရင္းသားလည္း မလုပ္နဲ႔ လက္ခံတယ္။ ဒါေပမယ့္ တိုင္းရင္းသား ေတြက်ေတာ့ မလုပ္ရ ဘူး။ ရွစ္ေလးလံုး ႏွစ္ပတ္လည္လုပ္တယ္။ ၁၉ ဇူလိုင္လုပ္တယ္။ အဲဒါက်ေတာ့ မမွ်တဘူးလို႔ အန္တီျမင္ တယ္ေလ။ မျဖစ္သင့္ဘူးေပါ့ေနာ္။”

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၁၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ကရင့္အာဇာနည္ေန႔ က်င္းပရာတြင္ တားျမစ္ထားသည့္ ကရင့္အာဇာနည္ဆိုသည့္ စကားလုံးကို အသုံးျပဳခဲ့သည့္အတြက္ ဒီမိုက ေရစီႏွင့္ ၿငိမ္းခ်မ္း ေရး အမ်ိဳးသမီးအဖြဲ႕ DPW အဖြဲ႕ ေခါင္းေဆာင္ ေနာ္အုန္းလွႏွင့္ ကရင္လူငယ္ ၂ ဦး ျဖစ္ သည့္ ေစာအဲလ္ဘတ္ခ်ိဳ၊ စသိန္းေဇာ္မင္းတို႔ကို ၿငိမ္းစုစီ ပုဒ္မ ၂၀ ျဖင့္ ေက်ာက္တံတားၿမိဳ႕ နယ္ ရဲမႉးက တရားစြဲဆို ခဲ့သည္။

၎တို႔ ၃ ဦး၏ အမႈကို ေအာက္တိုဘာလ ၂ ရက္ေန႔တြင္ ေက်ာက္တံတားၿမိဳ႕နယ္ တရား႐ုံးမွ ေထာင္ဒဏ္ ၁၅ ရက္စီက်ခံရန္ အမိန႔္ခ်ခဲ့သည္။

သို႔ေသာ္ ၎တို႔ ၃ ဦးအား ခ်ဳပ္ရက္ ခံစားခြင့္မ်ား ထုတ္ႏုတ္ခံစားခြင့္ျပဳကာ စတင္ဖမ္းဆီးစဥ္က အာမခံ မ ယူပဲ ေထာင္အခ်ဳပ္ျဖင့္ ရင္ဆိုင္ခဲ့သည့္အတြက္ ေအာက္တိုဘာလ ၂ ရက္ေန႔တြင္ ျပန္လည္ လြတ္ေျမာက္ လာခဲ့ၾကသည္။