မွန်ပြည်နယ်တွင် မဲစာရင်းမပါ၍ လျောက်ထားသူ တသောင်းကျော်ရှိ

သတင်း နှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်။

မွန်ပြည်နယ်တွင် မဲစာရင်းထဲမပါ၍ ပြန်လည် လျှောက်ထားသူ ၁၃၀၀၀ ကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ခံအရာရှိ က ပြောသည်။

မဲစာရင်း စတင်ကြေညာသည့် ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ ၁၄ ရက်အတွင်း မဲစာရင်း လာကြည့်သူ ၁၈၇၀၀၀ ကျော်ရှိနေပြီး မဲစာရင်းထဲအမည်မပါ၍ ပုံစံ(၃) ဖြင့် ပြန်လျှောက်ထားသူ ၁၃၀၀၀ ကျော်ရှိသည် ဟု ပြောသည်။

ထို့အပြင် ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ၂၅၀၀ ကျော်၊ ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်သူ ၄၃၀၀ ကျော် ရှိသည် ဟု လည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ က ဆက်ပြောသည်။

မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက် က “နောက်ထပ်လာ ကြည့် မယ်ဆိုလို့ရှိရင်လည်း ပိုမိုပြည့်စုံတဲ့မဲစာရင်း ရရှိမှာဖြစ်ပါတယ် မပါတဲ့လူကိုလည်း ကျနော်တို့ စိစစ်ပြီး ထည့် ပေးတယ်၊ နောက် ပုံစံ(၄) နဲ့ ကန့်ကွက်တဲ့ကိစ္စမှာ မဲဆန္ဒရှင်ပြည်သူအပြင် ရပ်ကျေးကော်မရှင် မြို့နယ် ကော်မ ရှင်တွေ ဥပဒေအရ လုပ်ပိုင်ခွင့်ရှိပါတယ်။ တကယ်လို့ ထပ်နေတာတွေ့ရင် တခါတည်း ဖျက်၊ သေတာပါ နေရင် လည်း တခါတည်း ဖျက်၊ ပြီးရင် အချက်အလက် မှားနေရင်လည်း တခါတည်းပြင် ဒါက ဥပဒေအရ ဆောင်ရွက် ခွင့်ရှိတယ်” ဟု ပြောသည်။

မဲစာရင်းကပ်ထားစဉ် မိမိအမည်မပါလျှင် ပုံစံ (၃) ဖြင့်လည်းကောင်း၊ အချက်အလက်များ မမှန်လျှင် ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း၊ ကွယ်လွန်ပြီးသူများနှင့် မဲပေးပိုင်ခွင့်မရှိသူများ ပါဝင်နေလျှင် အထောက်အထားနှင့်အတူ ပုံစံ (၄) ဖြင့် ကန့်ကွက်ရမည်ဆိုပြီး ပုံစံ ၃ မျိုးဖြင့် ပြန်လျှောက်နိုင်သည်။

ပိုမိုပြည့်စုံမှန်ကန်သည့် မဲစာရင်းရရှိရန်နှင့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းပြင်ဆင်လျှောက်ထားမှုကို ပိုမိုလုပ် ဆောင်နိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းကြေညာသည့် ရက်ကို သြဂုတ် ၁၄ ရက်နေ့အထိ ၇ ရက် ထပ်မံ တိုးထားပေးသည်။

ရက်ထပ်တိုးထားသည့် ၇ ရက်တာ ကာလအတွင်း မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းများအား လာရောက်ကြည့် ကြရန် ကော်မရှင်က လိုက်လံနှိုးဆော်နေသကဲ့သို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လည်း ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် လိုက်လံနှိုးဆော်နေသည် ဟု ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က ပြောသည်။

“မဲစာရင်းလာကြည့်ဖို့ ကော်မရှင်ဘက်ကလည်းလုပ်တယ် မဲဆန္ဒရှင်ပြည်သူကလည်း လာကြည့်မယ် ပြင်ဆင် ဖြည့်စွတ် တောင်းဆိုတာတွေလုပ်မယ်ဆိုရင် ကျနော်တို့ နောက်ဆက်တွဲ မဲစာရင်းသည် ပိုမိုပြည့် စုံမှန်ကန်တဲ့ မဲစာရင်း ဖြစ်လာမှာ။ ဒါကြောင့် ၇ ရက် ကာလ ကြေညာတဲ့အချိန်မှာ မဲစာရင်းလာရောက်ကြည့်ရှုပေးဖို့ ကြည့်ရှု ပြီးရင် နိုင်ငံသားကို ဥပဒေအရ အခွင့်အရေးပေးထားတဲ့အတိုင်း တောင်းဆိုမလား ပြင်ဆင်မလား ကန့်ကွက် မလား ဒါတွေကို ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။

မြေပြင်အခြေအနေတွင် မဲစာရင်းကို လူစိတ်ဝင်စားမှု နည်းပါးနေသလို မဲစာရင်းလာကြည့်ခြင်းများလည်း နည်း နေသေးသည်ဟု မဲစာရင်းကြည့်ရန် ကိမ်ပိန်း လုပ်ဆောင် နေသူများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိ သူများ က ပြောသည်။

“မဲစာရင်းလာကြည့်တဲ့လူက နည်းတယ်၊ တချို့မဲရုံတွေဆို လာကြည့်တာ ဆယ်ဂဏန်းလောက်ပဲရှိသေးတယ် အထူးသဖြင့် အလှမ်းဝေးတဲ့နေရာတွေ နောက် မြို့ပေါ်မှာဆိုရင် လက်လုပ်လက်စားတွေများတဲ့ရပ်ကွက်မှာဆို ကြည့်တဲ့လူတောင်မရှိဘူး” ဟု မဲစာရင်းကြည့်ရန် ကမ်ပိန်းလုပ်ဆောင်နေသူ မခိုင်ခိုင်ချိုမြင့်က ပြောပါတယ်။

လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော်ရှိသည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ မဲစာရင္းမပါ၍ ေလ်ာက္ထားသူ တေသာင္းေက်ာ္ရွိ

သတင္း ႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၀ ရက္။

မြန္ျပည္နယ္တြင္ မဲစာရင္းထဲမပါ၍ ျပန္လည္ ေလွ်ာက္ထားသူ ၁၃၀၀၀ ေက်ာ္ရွိသည္ဟု မြန္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ခြဲ တာဝန္ခံအရာရွိ က ေျပာသည္။

မဲစာရင္း စတင္ေၾကညာသည့္ ဇူလိုင္လ ၂၅ ရက္ေန႔မွ ၾသဂုတ္လ ၇ ရက္ေန႔အထိ ၁၄ ရက္အတြင္း မဲစာရင္း လာၾကည့္သူ ၁၈၇၀၀၀ ေက်ာ္ရွိေနၿပီး မဲစာရင္းထဲအမည္မပါ၍ ပံုစံ(၃) ျဖင့္ ျပန္ေလွ်ာက္ထားသူ ၁၃၀၀၀ ေက်ာ္ရွိသည္ ဟု ေျပာသည္။

ထို႔အျပင္ ပံုစံ (၄) ျဖင့္ ကန္႔ကြက္သူ ၂၅၀၀ ေက်ာ္၊ ပံုစံ(၄-ဂ) ျဖင့္ ျပင္ဆင္သူ ၄၃၀၀ ေက်ာ္ ရွိသည္ ဟု လည္း ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ ခြဲ က ဆက္ေျပာသည္။

မြန္ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ခံအရာရွိ ဦးဟိဏ္းလင္းထက္ က “ေနာက္ထပ္လာ ၾကည့္ မယ္ဆိုလို႔ရွိရင္လည္း ပိုမိုျပည့္စံုတဲ့မဲစာရင္း ရရွိမွာျဖစ္ပါတယ္ မပါတဲ့လူကိုလည္း က်ေနာ္တို႔ စိစစ္ၿပီး ထည့္ ေပးတယ္၊ ေနာက္ ပံုစံ(၄) နဲ႔ ကန္႔ကြက္တဲ့ကိစၥမွာ မဲဆႏၵရွင္ျပည္သူအျပင္ ရပ္ေက်းေကာ္မရွင္ ၿမိဳ႔နယ္ ေကာ္မ ရွင္ေတြ ဥပေဒအရ လုပ္ပိုင္ခြင့္ရွိပါတယ္။ တကယ္လို႔ ထပ္ေနတာေတြ႔ရင္ တခါတည္း ဖ်က္၊ ေသတာပါ ေနရင္ လည္း တခါတည္း ဖ်က္၊ ၿပီးရင္ အခ်က္အလက္ မွားေနရင္လည္း တခါတည္းျပင္ ဒါက ဥပေဒအရ ေဆာင္ရြက္ ခြင့္ရွိတယ္” ဟု ေျပာသည္။

မဲစာရင္းကပ္ထားစဥ္ မိမိအမည္မပါလွ်င္ ပံုစံ (၃) ျဖင့္လည္းေကာင္း၊ အခ်က္အလက္မ်ား မမွန္လွ်င္ ပံုစံ (၄-ဂ) ျဖင့္လည္းေကာင္း၊ ကြယ္လြန္ၿပီးသူမ်ားႏွင့္ မဲေပးပိုင္ခြင့္မရွိသူမ်ား ပါဝင္ေနလွ်င္ အေထာက္အထားႏွင့္အတူ ပံုစံ (၄) ျဖင့္ ကန္႔ကြက္ရမည္ဆိုၿပီး ပံုစံ ၃ မ်ဳိးျဖင့္ ျပန္ေလွ်ာက္ႏိုင္သည္။

ပိုမိုျပည့္စံုမွန္ကန္သည့္ မဲစာရင္းရရွိရန္ႏွင့္ မဲဆႏၵရွင္ျပည္သူမ်ား မဲစာရင္းျပင္ဆင္ေလွ်ာက္ထားမႈကို ပိုမိုလုပ္ ေဆာင္ႏိုင္ရန္အတြက္ ေရြးေကာက္ပြဲေကာ္မရွင္က မဲစာရင္းေၾကညာသည့္ ရက္ကို ၾသဂုတ္ ၁၄ ရက္ေန႔အထိ ၇ ရက္ ထပ္မံ တိုးထားေပးသည္။

ရက္ထပ္တိုးထားသည့္ ၇ ရက္တာ ကာလအတြင္း မဲဆႏၵရွင္ျပည္သူမ်ား မဲစာရင္းမ်ားအား လာေရာက္ၾကည့္ ၾကရန္ ေကာ္မရွင္က လိုက္လံႏႈိးေဆာ္ေနသကဲ့သို႔ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႔အစည္းမ်ားႏွင့္ ပူးေပါင္း၍ လည္း ရပ္ကြက္၊ ေက်းရြာအုပ္စုမ်ားတြင္ လိုက္လံႏႈိးေဆာ္ေနသည္ ဟု ျပည္နယ္ေရြးေကာက္ ပြဲေကာ္မရွင္က ေျပာသည္။

“မဲစာရင္းလာၾကည့္ဖို႔ ေကာ္မရွင္ဘက္ကလည္းလုပ္တယ္ မဲဆႏၵရွင္ျပည္သူကလည္း လာၾကည့္မယ္ ျပင္ဆင္ ျဖည့္စြတ္ ေတာင္းဆိုတာေတြလုပ္မယ္ဆိုရင္ က်ေနာ္တို႔ ေနာက္ဆက္တြဲ မဲစာရင္းသည္ ပိုမိုျပည့္ စံုမွန္ကန္တဲ့ မဲစာရင္း ျဖစ္လာမွာ။ ဒါေၾကာင့္ ၇ ရက္ ကာလ ေၾကညာတဲ့အခ်ိန္မွာ မဲစာရင္းလာေရာက္ၾကည့္႐ႈေပးဖို႔ ၾကည့္႐ႈ ၿပီးရင္ ႏိုင္ငံသားကို ဥပေဒအရ အခြင့္အေရးေပးထားတဲ့အတိုင္း ေတာင္းဆိုမလား ျပင္ဆင္မလား ကန္႔ကြက္ မလား ဒါေတြကို ေဆာင္ရြက္ေပးဖို႔ ေမတၲာရပ္ခံပါတယ္” ဟု ဦးဟိဏ္းလင္းထက္က ေျပာသည္။

ေျမျပင္အေျခအေနတြင္ မဲစာရင္းကို လူစိတ္ဝင္စားမႈ နည္းပါးေနသလို မဲစာရင္းလာၾကည့္ျခင္းမ်ားလည္း နည္း ေနေသးသည္ဟု မဲစာရင္းၾကည့္ရန္ ကိမ္ပိန္း လုပ္ေဆာင္ ေနသူမ်ားႏွင့္ ရပ္/ေက်းေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ရွိ သူမ်ား က ေျပာသည္။

“မဲစာရင္းလာၾကည့္တဲ့လူက နည္းတယ္၊ တခ်ဳိ႔မဲ႐ုံေတြဆို လာၾကည့္တာ ဆယ္ဂဏန္းေလာက္ပဲရွိေသးတယ္ အထူးသျဖင့္ အလွမ္းေဝးတဲ့ေနရာေတြ ေနာက္ ၿမိဳ႔ေပၚမွာဆိုရင္ လက္လုပ္လက္စားေတြမ်ားတဲ့ရပ္ကြက္မွာဆို ၾကည့္တဲ့လူေတာင္မရွိဘူး” ဟု မဲစာရင္းၾကည့္ရန္ ကမ္ပိန္းလုပ္ေဆာင္ေနသူ မခိုင္ခိုင္ခ်ဳိျမင့္က ေျပာပါတယ္။

လာမည့္ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေရြးေကာက္ပြဲအတြက္ မြန္ျပည္နယ္တြင္ မဲေပးပိုင္ခြင့္ရွိသူ ၁၇ သိန္း ၆ ေသာင္းေက်ာ္ရွိသည္။