ဝှေ့ခါ မြေပြိုမှု အစီရင်ခံစာ မထွက်သေးသည့်အပေါ် အရပ်ဘက်အဖွဲ့များ အားမရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဝှေ့ခါကျောက်စိမ်းမှော်အတွင်း ဖြစ်ပွားခဲ့သည့် မြေပြိုမှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေးကော်မရှင်အနေဖြင့် ယနေ့အချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်နိုင်ခြင်းမရှိသေးခြင်းအပေါ် အားမရ ကြောင်း ဖားကန့် ဒေသခံများနှင့် ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းများ က ပြောသည်။

ဝှေ့ခါကျောက်စိမ်းမှော်အတွင်း မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၈၀ ကျော်သေဆုံး၊ ၅၀ ကျော် ထိခိုက် ဒဏ်ရာရ ရှိခဲ့သည့် ဖြစ်စဉ်မှာ တစ်လကျော်ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်နိုင်ခြင်း မရှိသေး သည့်အပေါ် ထောက်ပြပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဖားကန့်အခြေဆိုက် Greenland သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ဦးနောင်လတ် က “အဓိ ကတော့ ရှင်းရှင်းပြောရမယ်ဆိုရင် ဝှေ့ခါအရေးအခင်းက မီးမောင်းထိုးပြနေတာပေါ့နော်။ ဝှေ့ခါအရေးအခင်းက လူပေါင်း ၁၀၀ ကျော်သေဆုံးနေတာတွေ၊ တော်တော်များများ သေဆုံးနေတဲ့ကိစ္စတွေက အရေးပေါ်ကိစ္စပဲ၊ ဒါကို အရေးယူမှု ဘယ်လိုရှိလဲ၊ တာဝန်ခံမှု တာဝန်ယူမှုဘယ်လိုရှိသလဲဆိုတာ လက်ရှိအစိုးရရဲ့ လုပ်ကိုင်ပုံအပေါ် အဓိက ကျတယ်။ အခုချိန်ထိ တစ်လကျော်ကြာတဲ့အထိ အစီရင်ခံစာကို မထုတ်နိုင်ဘူးဆိုတာ ဘာတွေဖြစ်နေ တာလဲ၊ ဘာကြောင့် နှောင့်နှေးနေရတာလဲ၊ ဒါက အစိုးရရဲ့ ကိုင်တွယ်ပုံ လုပ်ပုံ ညံ့ဖျင်းပုံတွေက လုံးဝအဆင် မပြေဘူး။ ဒါမျိုးက မဖြစ်သင့်ဘူး။ အချိန်မှီထုတ်ပြန်ချက်၊ အစီရင်ခံစာမထုတ်နိုင်တာ၊ အရေးမယူနိုင်တာက လုံးဝကို စိတ်ပျက်စေတဲ့အနေအထားမှာ ပါတယ်” ဟု ပြောသည်။

ဝှေ့ခါ မြေပြိုကျမှုဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေသော်လည်း စုံစမ်း စစ် ဆေးရေး အဖွဲ့၏ တွေ့ရှိချက်များကို တရားဝင် တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးဟု ဆိုသည်။

သို့သော်လည်း စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရရှိလာသည့် အစီရင်ခံစာကိုတော့ နိုင်ငံတော်သမ္မတထံသို့ ပေးပို့ထား ပြီး ဖြစ်သည်ဟု ကချင်ပြည်နယ်အစိုးရရဲ့ ဇူလိုင်လ ၁၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောဆိုခဲ့သည်။

ဖားကန့်ဒေသတွင် လုပ်ကွက်ရထားသည့် ကုမ္ပဏီများသည် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး ခေါင်းမိုးကျင်းတူးခြင်းကို လှေကားထစ် ပုံစံဖြင့် ဆောင်ရွက်ရန်၊ ကျောက်စိမ်းတူဖော်မှုများက ထွက်လာမည့် မြေစာများ ကို သတ်မှတ်ထားသည့် စုပေါင်း မြေစာပုံများတွင် စွန့်ပစ်ရန် စသည့် အချက်များ အပါအဝင် ကျောက်မျက် တူးဖော်ခြင်းများနှင့် ဆိုင်သည့် အခြား လိုက်နာရမည့် ဥပဒေများကို လိုက်နာခြင်းမရှိသလို အစိုးရကလည်း အရေးယူခြင်းလည်း မရှိကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့ ဒေသရှိ ကချင်အမျိုးသားလူမှုဘဝ ဖွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်လ ထော်ကိုင်ရိန် က “ခနခန မြေစာပုံတွေ ပြိုတယ် ပျက်တယ်ဆိုတာကတော့ နိုင်ငံတော်ကနေ ချမှတ်ထားတဲ့ ကျောက်မျက် ဥပဒေ ပေါ့ တူးဖော်ပြီးရင် ပြန်လည်ကုစားမှုလုပ်ရမယ်ဆိုတဲ့ အချက်အလက်တွေပါတယ်။ ဒါပေမယ့် ဒီနေ့မှာကတော့ ဖားကန့်ဒေသမှာ လာရောက်လုပ်ကိုင်တဲ့ ကုမ္ပဏီတိုင်းဟာ အဲ့ဒီအချက်အလက်ကို လိုက်နာဆောင်ရွက်တဲ့ ကုမ္ပဏီတစ်ခုမှမရှိသေးပါဘူးလို့။ ဒီကျောက်မျက်ဥပဒေမှာကတော့ လူနေတဲ့ရွာနဲ့ နီးကပ်အောင် ကျောက်မျက် တူးဖော်ခွင့်မရှိဘူး။ ပြီးရင် ဒီသဘာဝတောတောင်မှာတွေ တူးဖော်တယ်ဆိုရင် ဒီနေ့ သစ်ပင်ဆယ်ပင် ဒီနေရာ မှာ ပေါက်တယ်ဆိုရင် တူးစားဖို့အခွင့် လေးနှစ်တန်သည် ငါးနှစ်တန်သည် အခွင့်ရရင် အဲ့ဒီအတိုင်းပဲ ပြန်စိုက်ပြီး မှ ပြန်အပ်ရပါတယ်။ တကယ်လို့ လူနေတဲ့ဒေသရဲ့ အနီးစပ်မှာ လုပ်တယ်ဆိုရင် အဲ့ဒီဒေသရဲ့ ဖွံ့ဖြိုးမှုမှာ ပါဝင် ဆောင်ရွက်ပေးမယ် ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ အချက်အလက်လည်းရှိတယ်” ဟု ပြောသည်။

ဖားကန့်ဒေသက ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းကုမ္ပဏီပေါင်း ထောင်ဂဏာန်းကျော်က လက်ရှိ ၎င်းတို့တူးဖေါ် နေသည့် လုပ်ငန်းခွင်များထဲတွင် ကြီးမားသည့် စက်ယန္တရားကြီးများအသုံးပြုပြီး အားပြင်းသည့် မိုင်းများကို အရှိန် အဟုန်ဖြင့် အသုံးပြုလုပ်ဆောင်နေခြင်းများကြောင့် သဘာဝဘေးအန္တရာယ်များအပြင် ဒေသခံ ပြည်သူ များ နှစ်စဉ် ရာနှင့်ချီ အသက် ဆုံးရှုံး နေကြရခြင်း ဖြစ်သည်ဟု ဒေါ်လထော်ကိုင်ရိန်က ဆက်ပြောသည်။

“ပြီးရင် ဒိုင်းနမိုက်ပေါ့နော် မိုင်း၊ ယမ်း ဖောက်ခွဲမှုကလည်း လုပ်ကွက်အကြီးဆိုရင် ဘယ်လောက်၊ လုပ်ကွက် အသေးဆိုရင် ဘယ်လောက် အတိုင်းအစလေးပဲ သုံးစွဲရပါ့မယ် ဆိုတဲ့ ဝန်ခံချက်တွေ ရှိတယ်။ ဒါပေမယ့် ဒီနေ့ ဖားကန့်မှာ မြေခနခနပြိုတာက အင်မတန်ပြင်းတဲ့ မိုင်းဖောက်ခွဲမှုတွေကြောင့်ဖြစ်တယ်။ ပြီးရင် နိုင်ငံတော်ရဲ့ ကျောက်မျက်ဥပဒေက ပေ ၅၀ ပဲ မြင့်ရမယ်။ ဘေးပတ်ဝန်းကျင်အန္တရာယ်ကင်းအောင် ဘယ်လောက်ပဲ တူးရမယ်ဆိုတဲ့ အတိုင်းအတာတွေရှိ တယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေကို ဘယ်ကုမ္ပဏီကမှ လိုက်နာတယ်ဆိုတာ မတွေ့ရသေးပါဘူးလို့။”

ကချင်ငြိမ်းချမ်းရေးကွန်ရက် က ဒေါ်ခေါန်ဂျာ က “ဒေါ်အောင်ဆန်းစုကြည် NLD ရောက်လာတဲ့အချိန်မှာတော့ ဒီလုပ်ငန်းလိုင်စင်တွေကို မချထားပေးပါဘူး။ ရှိနေတဲ့လုပ်ငန်းတွေဟာ သက်တမ်းမကုန်သေးတဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လိုင်စင်ကို ဘယ်သူနဲ့ချုပ်ဆိုပြီးတော့ ဘယ်သူတွေပဲ သိခွင့်ရှိသလဲဆိုတဲ့ အရာတွေအပေါ်မှာ အများကြီးမူတည်ပါတယ်ရှင့်။ အဲ့တော့ ဒေသခံတွေအတွက်ကိုက မပါသလောက် ဖြစ်နေ ပါတယ်။ အစကတည်းကနေပြီးမှ ဒီမှာလိုင်စင်အများဆုံးရတာဟာ ပွင့်လင်းမြင်သာစွာ ချပြတာ မဟုတ်တဲ့ အတွက် မြန်မာ့ဦးပိုင်နဲ့ သူ့နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေအပေါ်မှာပဲ အများဆုံးရောက် ရှိသွားတာဖြစ်တယ်” ဟု ပြောသည်။

ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်များနှင့် ပတ်သက်၍လည်း အစိုးရနှင့် ကုမ္ပဏီများ အကြား လိုင်စင် ချပေး သည့် လုပ်ငန်းစဉ်များနှင့် ချုပ်ဆိုထားသည့် စာချုပ်များမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းကလည်း ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အခက်အခဲဖြစ်စေသည်ဟု ဒေါ်ခေါန်ဂျာ က ဆက်ပြောသည်။

“လိုင်စင်ကို ချပြတာ မရှိတဲ့အခါကြတော့ ဥပမာ ဖားကန့်က ဒေသခံ လွှတ်တော်အမတ်ဟာ ဘယ်လိုရှိလဲ ဘယ် လောက်အကျယ်အဝန်းနဲ့ ဘယ်လိုနည်းနဲ့ တူးဖော်မလဲဆိုတဲ့ဟာကို မသိတဲ့အခါမှာ သွားပြီး စောင့်ကြည့်မှု လုပ်ငန်းကို ဘယ်လိုမှ လုပ်ဆောင်လို့မရဘူးရှင့်။ စောင့်ကြည့်မယ်ဆိုရင် ငုတ်တုတ်ထိုင်နေတာပဲဖြစ်ပြီးမှ သူ့ စည်းမျဉ်းစည်းကမ်း ကတိကဝတ်ကို လုပ်ဆောင်သလားဆိုတာ ဘယ်သူမှ မသိနိုင်တဲ့အတွက် အခက်အခဲ ရှိပါတယ်။”

ထို့အပြင် ယနေ့အချိန်ထိ ဝှေ့ခါဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူမှု၊ အစီရင်ခံစာ ထုတ်ပြန်နိုင်မှု မရှိခြင်းသည် နောက်နောင်တွင်လည်း ယခုကဲ့သို့ ဖြစ်စဉ်များ ထပ်မံဖြစ်လာပါကလည်း အလေးထား ဆောင်ရွက်မှုများ မရှိနိုင်ကြောင်းကို သက်သေပြနေခြင်း ဖြစ်သည်ဟု ဦးနောင်လတ်က ဆက်ပြောသည်။

“နောက်ဒီထက် ဖြစ်လာရင် အရေးယူမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုက ဘယ်လိုလုပ်ကြမလဲ၊ အခုချိန်ထိ အရေးယူ မှု တာဝန်ခံမှု မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊ အဓိကက ဥပဒေလည်းမှားနေတယ်။ စနစ်လည်းမှားနေတယ်။ လူတွေကလည်း လူတစ်စုကို အထက်တန်းစားတစ်စုကို မျက်နှာလိုက်မှု ဘက်လိုက်မှုက ဖြစ်နေတဲ့အတွက် အခုလို အစီရင်ခံစာကို မြန်မြန်မထုတ်ပြန်နိုင်တာဖြစ်တယ်။ အဲ့ကိစ္စကို ကျနော်တို့ လုံးဝ စိတ်မကောင်း ဖြစ်ရတယ်။”

ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဝှေ့ခါမြေပြိုကျမှုကြောင့် ရေမရေးကျောက်ရှာပြီး အသက်မွေး ဝမ်း ကျောင်းနေသူ ၁၈၂ ဦး သေဆုံးခဲ့ပြီး၊ ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် စွန့်ပစ်မြေစာပုံများ ပြိုကျမှု၊ ကမ်းပါးပြိုကျမှု၊ ရေကြီးရေလျှံမှု၊ နွံကန် ပေါက် ကျမှု စသည့် ဘေးအန္တရာယ်များကြောင့် အစိုးရအာဏာပိုင်များအနေဖြင့် ဖြစ်ပွားနေသည့် အခြေအနေများကို အရေးတကြီး ကိုင်တွယ် ဖြေရှင်းပေးရန် Global Witness အပြင်၊ ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်နေသူများနှင့် ဒေသခံများက တိုက်တွန်းတောင်းဆို ထားကြသည်။

*** ZAWGYI ***
ေ၀ွ႔ခါ ေျမၿပိဳမႈ အစီရင္ခံစာ မထြက္ေသးသည့္အေပၚ အရပ္ဘက္အဖြဲ႔မ်ား အားမရ

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုနွစ္၊ ၾသဂုတ္လ ၁၂ ရက္။

ကခ်င္ျပည္နယ္၊ ဖားကန္႔ေဒသ ေဝွ႕ခါေက်ာက္စိမ္းေမွာ္အတြင္း ျဖစ္ပြားခဲ့သည့္ ေျမၿပိဳမႈႏွင့္ပတ္သက္၍ စံုစမ္း စစ္ေဆးေရးေကာ္မရွင္အေနျဖင့္ ယေန႔အခ်ိန္ထိ တစ္စံုတစ္ရာ ထုတ္ျပန္ႏုိင္ျခင္းမရွိေသးျခင္းအေပၚ အားမရ ေၾကာင္း ဖားကန္႔ ေဒသခံမ်ားႏွင့္ ေဒသအတြင္းက အရပ္ဘက္အဖြဲ႕အစည္းမ်ား က ေျပာသည္။

ေဝွ႔ခါေက်ာက္စိမ္းေမွာ္အတြင္း ေျမၿပိဳမႈ ျဖစ္ပြားခဲ့ၿပီး လူေပါင္း ၁၈၀ ေက်ာ္ေသဆံုး၊ ၅၀ ေက်ာ္ ထိခိုက္ ဒဏ္ရာရ ရွိခဲ့သည့္ ျဖစ္စဥ္မွာ တစ္လေက်ာ္ၿပီျဖစ္ေသာ္လည္း ယေန႔အခ်ိန္ထိ တစ္စံုတစ္ရာ ထုတ္ျပန္ႏုိင္ျခင္း မရွိေသး သည့္အေပၚ ေထာက္ျပေျပာဆုိလိုက္ျခင္း ျဖစ္သည္။

ဖားကန္႔အေျခဆုိက္ Greenland သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕ တာဝန္ခံ ဦးေနာင္လတ္ က “အဓိ ကေတာ့ ရွင္းရွင္းေျပာရမယ္ဆိုရင္ ေဝွ႔ခါအေရးအခင္းက မီးေမာင္းထိုးျပေနတာေပါ့ေနာ္။ ေဝွ႔ခါအေရးအခင္းက လူေပါင္း ၁၀၀ ေက်ာ္ေသဆံုးေနတာေတြ၊ ေတာ္ေတာ္မ်ားမ်ား ေသဆံုးေနတဲ့ကိစၥေတြက အေရးေပၚကိစၥပဲ၊ ဒါကို အေရးယူမႈ ဘယ္လိုရွိလဲ၊ တာဝန္ခံမႈ တာဝန္ယူမႈဘယ္လိုရွိသလဲဆိုတာ လက္ရွိအစိုးရရဲ႕ လုပ္ကိုင္ပံုအေပၚ အဓိက က်တယ္။ အခုခ်ိန္ထိ တစ္လေက်ာ္ၾကာတ့ဲအထိ အစီရင္ခံစာကို မထုတ္ႏုိင္ဘူးဆိုတာ ဘာေတြျဖစ္ေန တာလဲ၊ ဘာေၾကာင့္ ေႏွာင့္ေႏွးေနရတာလဲ၊ ဒါက အစိုးရရဲ႕ ကိုင္တြယ္ပံု လုပ္ပံု ညံ့ဖ်င္းပံုေတြက လံုးဝအဆင္ မေျပဘူး။ ဒါမ်ိဳးက မျဖစ္သင့္ဘူး။ အခ်ိန္မွီထုတ္ျပန္ခ်က္၊ အစီရင္ခံစာမထုတ္ႏုိ္င္တာ၊ အေရးမယူႏုိင္တာက လံုးဝကို စိတ္ပ်က္ေစတဲ့အေနအထားမွာ ပါတယ္” ဟု ေျပာသည္။

ေဝ႔ွခါ ေျမၿပိဳက်မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ အစိုးရက စုံစမ္းစစ္ေဆးမႈေတြလုပ္ေဆာင္ေနေသာ္လည္း စုံစမ္း စစ္ ေဆးေရး အဖြဲ႕၏ ေတြ႕ရွိခ်က္မ်ားကို တရား၀င္ တစ္စံုတစ္ရာ ထုတ္ျပန္ေျပာဆိုျခင္းမရွိေသးဟု ဆိုသည္။

သို႔ေသာ္လည္း စံုစမ္းစစ္ေဆးေရး အဖြဲ႔၏ ရရွိလာသည့္ အစီရင္ခံစာကိုေတာ့ ႏုိင္ငံေတာ္သမၼတထံသို႔ ေပးပို႔ထား ၿပီး ျဖစ္သည္ဟု ကခ်င္ျပည္နယ္အစိုးရရဲ႕ ဇူလိုင္လ ၁၇ ရက္ေန႔က ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲ တြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က ေျပာဆိုခဲ့သည္။

ဖားကန္႔ေဒသတြင္ လုပ္ကြက္ရထားသည့္ ကုမၸဏီမ်ားသည္ လုပ္ငန္းခြင္ေဘးအႏၲရာယ္ ကင္းရွင္းေစေရး ေခါင္းမိုးက်င္းတူးျခင္းကို ေလွကားထစ္ ပုံစံျဖင့္ ေဆာင္႐ြက္ရန္၊ ေက်ာက္စိမ္းတူေဖာ္မႈမ်ားက ထြက္လာမည့္ ေျမစာမ်ား ကို သတ္မွတ္ထားသည့္ စုေပါင္း ေျမစာပံုမ်ားတြင္ စြန္႔ပစ္ရန္ စသည့္ အခ်က္မ်ား အပါအဝင္ ေက်ာက္မ်က္ တူးေဖာ္ျခင္းမ်ားႏွင့္ ဆိုင္သည့္ အျခား လိုက္နာရမည့္ ဥပေဒမ်ားကို လိုက္နာျခင္းမရိွသလို အစိုးရကလည္း အေရးယူျခင္းလည္း မရွိေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ဖားကန္႔ၿမိဳ႕ ေဒသရွိ ကခ်င္အမ်ိဳးသားလူမႈဘဝ ဖံြ႕ ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒၚလ ေထာ္ကိုင္ရိန္ က “ခနခန ေျမစာပံုေတြ ၿပိဳတယ္ ပ်က္တယ္ဆုိတာကေတာ့ ႏိုင္ငံေတာ္ကေန ခ်မွတ္ထားတဲ့ ေက်ာက္မ်က္ ဥပေဒ ေပါ့ တူးေဖာ္ၿပီးရင္ ျပန္လည္ကုစားမႈလုပ္ရမယ္ဆုိတဲ့ အခ်က္အလက္ေတြပါတယ္။ ဒါေပမယ့္ ဒီေန႔မွာကေတာ့ ဖားကန္႔ေဒသမွာ လာေရာက္လုပ္ကိုင္တဲ့ ကုမၸဏီတုိင္းဟာ အဲ့ဒီအခ်က္အလက္ကို လိုက္နာေဆာင္ရြက္တဲ့ ကုမၸဏီတစ္ခုမွမရွိေသးပါဘူးလို႔။ ဒီေက်ာက္မ်က္ဥပေဒမွာကေတာ့ လူေနတဲ့ရြာနဲ႔ နီးကပ္ေအာင္ ေက်ာက္မ်က္ တူးေဖာ္ခြင့္မရွိဘူး။ ၿပီးရင္ ဒီသဘာဝေတာေတာင္မွာေတြ တူးေဖာ္တယ္ဆိုရင္ ဒီေန႔ သစ္ပင္ဆယ္ပင္ ဒီေနရာ မွာ ေပါက္တယ္ဆုိရင္ တူးစားဖို႔အခြင့္ ေလးႏွစ္တန္သည္ ငါးႏွစ္တန္သည္ အခြင့္ရရင္ အဲ့ဒီအတုိင္းပဲ ျပန္စိုက္ၿပီး မွ ျပန္အပ္ရပါတယ္။ တကယ္လို႔ လူေနတဲ့ေဒသရဲ႕ အနီးစပ္မွာ လုပ္တယ္ဆုိရင္ အဲ့ဒီေဒသရဲ႕ ဖြံ႔ၿဖိဳးမႈမွာ ပါဝင္ ေဆာင္ရြက္ေပးမယ္ ကူညီေဆာင္ရြက္ေပးမယ္ဆိုတဲ့ အခ်က္အလက္လည္းရွိတယ္” ဟု ေျပာသည္။

ဖားကန႔္ေဒသက ေက်ာက္စိမ္းတူးေဖၚေရးလုပ္ငန္းကုမၸဏီေပါင္း ေထာင္ဂဏာန္းေက်ာ္က လက္ရွိ ၎တို႔တူးေဖၚ ေနသည့္ လုပ္ငန္းခြင္မ်ားထဲတြင္ ႀကီးမားသည့္ စက္ယႏၲရားႀကီးမ်ားအသံုးျပဳၿပီး အားျပင္းသည့္ မိုင္းမ်ားကို အရွိန္ အဟုန္ျဖင့္ အသုံးျပဳလုပ္ေဆာင္ေနျခင္းမ်ားေၾကာင့္ သဘာဝေဘးအႏၱရာယ္မ်ားအျပင္ ေဒသခံ ျပည္သူ မ်ား ႏွစ္စဥ္ ရာႏွင့္ခ်ီ အသက္ ဆံုးရံႈး ေနၾကရျခင္း ျဖစ္သည္ဟု ေဒၚလေထာ္ကိုင္ရိန္က ဆက္ေျပာသည္။

“ၿပီးရင္ ဒိုင္းနမုိက္ေပါ့ေနာ္ မိုင္း၊ ယမ္း ေဖာက္ခြဲမႈကလည္း လုပ္ကြက္အႀကီးဆိုရင္ ဘယ္ေလာက္၊ လုပ္ကြက္ အေသးဆုိရင္ ဘယ္ေလာက္ အတုိင္းအစေလးပဲ သံုးစြဲရပါ့မယ္ ဆိုတဲ့ ဝန္ခံခ်က္ေတြ ရွိတယ္။ ဒါေပမယ့္ ဒီေန႔ ဖားကန္႔မွာ ေျမခနခနၿပိဳတာက အင္မတန္ျပင္းတဲ့ မုိင္းေဖာက္ခဲြမႈေတြေၾကာင့္ျဖစ္တယ္။ ၿပီးရင္ ႏုိင္ငံေတာ္ရဲ႕ ေက်ာက္မ်က္ဥပေဒက ေပ ၅၀ ပဲ ျမင့္ရမယ္။ ေဘးပတ္ဝန္းက်င္အႏၱရာယ္ကင္းေအာင္ ဘယ္ေလာက္ပဲ တူးရမယ္ဆုိတဲ့ အတုိင္းအတာေတြရွိ တယ္။ ႏုိင္ငံေတာ္က ခ်မွတ္ထားတဲ့ ဥပေဒေတြကို ဘယ္ကုမၸဏီကမွ လိုက္နာတယ္ဆုိတာ မေတြ႕ရေသးပါဘူးလို႔။”

ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္ က ေဒၚေခါန္ဂ်ာ က “ေဒၚေအာင္ဆန္းစုၾကည္ NLD ေရာက္လာတဲ့အခ်ိန္မွာေတာ့ ဒီလုပ္ငန္းလိုင္စင္ေတြကို မခ်ထားေပးပါဘူး။ ရွိေနတဲ့လုပ္ငန္းေတြဟာ သက္တမ္းမကုန္ေသးတဲ့ လုပ္ငန္းေတြပဲ ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ လိုင္စင္ကို ဘယ္သူနဲ႔ခ်ဳပ္ဆိုၿပီးေတာ့ ဘယ္သူေတြပဲ သိခြင့္ရွိသလဲဆိုတဲ့ အရာေတြအေပၚမွာ အမ်ားႀကီးမူတည္ပါတယ္ရွင့္။ အဲ့ေတာ့ ေဒသခံေတြအတြက္ကုိက မပါသေလာက္ ျဖစ္ေန ပါတယ္။ အစကတည္းကေနၿပီးမွ ဒီမွာလိုင္စင္အမ်ားဆံုးရတာဟာ ပြင့္လင္းျမင္သာစြာ ခ်ျပတာ မဟုတ္တဲ့ အတြက္ ျမန္မာ့ဦးပိုင္နဲ႔ သူ႔နဲ႔ မိတ္ဖက္ အဖြဲ႕အစည္းေတြအေပၚမွာပဲ အမ်ားဆံုးေရာက္ ရွိသြားတာျဖစ္တယ္” ဟု ေျပာသည္။

ေက်ာက္စိမ္း တူးေဖာ္ေရး လုပ္ကြက္မ်ားႏွင့္ ပတ္သက္၍လည္း အစိုးရႏွင့္ ကုမၸဏီမ်ား အၾကား လိုင္စင္ ခ်ေပး သည့္ လုပ္ငန္းစဥ္မ်ားႏွင့္ ခ်ဳပ္ဆုိထားသည့္ စာခ်ဳပ္မ်ားမွာ ပြင့္လင္းျမင္သာမႈ မရွိခဲ့ျခင္းကလည္း ထိေရာက္စြာ အေရးယူႏုိင္ေရးအတြက္ အခက္အခဲျဖစ္ေစသည္ဟု ေဒၚေခါန္ဂ်ာ က ဆက္ေျပာသည္။

“လိုင္စင္ကို ခ်ျပတာ မရွိတဲ့အခါၾကေတာ့ ဥပမာ ဖားကန္႔က ေဒသခံ လႊတ္ေတာ္အမတ္ဟာ ဘယ္လိုရွိလဲ ဘယ္ ေလာက္အက်ယ္အဝန္းနဲ႔ ဘယ္လိုနည္းနဲ႔ တူးေဖာ္မလဲဆိုတဲ့ဟာကို မသိတဲ့အခါမွာ သြားၿပီး ေစာင့္ၾကည့္မႈ လုပ္ငန္းကို ဘယ္လိုမွ လုပ္ေဆာင္လို႔မရဘူးရွင့္။ ေစာင့္ၾကည့္မယ္ဆိုရင္ ငုတ္တုတ္ထုိင္ေနတာပဲျဖစ္ၿပီးမွ သူ႔ စည္းမ်ဥ္းစည္းကမ္း ကတိကဝတ္ကို လုပ္ေဆာင္သလားဆုိတာ ဘယ္သူမွ မသိႏုိင္တဲ့အတြက္ အခက္အခဲ ရွိပါတယ္။”

ထို႔အျပင္ ယေန႔အခ်ိန္ထိ ေဝွ႔ခါျဖစ္စဥ္ႏွင့္ ပတ္သက္၍ အေရးယူမႈ၊ အစီရင္ခံစာ ထုတ္ျပန္ႏုိင္မႈ မရိွျခင္းသည္ ေနာက္ေနာင္တြင္လည္း ယခုကဲ့သို႔ ျဖစ္စဥ္မ်ား ထပ္မံျဖစ္လာပါကလည္း အေလးထား ေဆာင္ရြက္မႈမ်ား မရွိႏိုင္ေၾကာင္းကို သက္ေသျပေနျခင္း ျဖစ္သည္ဟု ဦးေနာင္လတ္က ဆက္ေျပာသည္။

“ေနာက္ဒီထက္ ျဖစ္လာရင္ အေရးယူမႈ၊ တာဝန္ယူမႈ၊ တာဝန္ခံမႈက ဘယ္လိုလုပ္ၾကမလဲ၊ အခုခ်ိန္ထိ အေရးယူ မႈ တာဝန္ခံမႈ မရွိဘူးဆိုရင္ ဘယ္လိုလုပ္မလဲ၊ အဓိကက ဥပေဒလည္းမွားေနတယ္။ စနစ္လည္းမွားေနတယ္။ လူေတြကလည္း လူတစ္စုကို အထက္တန္းစားတစ္စုကို မ်က္ႏွာလိုက္မႈ ဘက္လိုက္မႈက ျဖစ္ေနတဲ့အတြက္ အခုလို အစီရင္ခံစာကို ျမန္ျမန္မထုတ္ျပန္ႏိုင္တာျဖစ္တယ္။ အဲ့ကိစၥကို က်ေနာ္တို႔ လံုးဝ စိတ္မေကာင္း ျဖစ္ရ တယ္။”

ဇူလိုင္လ ၂ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ ေဝွ႔ခါေျမၿပိဳက်မႈေၾကာင့္ ေရမေရးေက်ာက္ရွာၿပီး အသက္ေမြး ဝမ္း ေက်ာင္းေနသူ ၁၈၂ ဦး ေသဆံုးခဲ့ၿပီး၊ ၅၀ ေက်ာ္ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။

ကခ်င္ျပည္နယ္ ဖားကန႔္ေဒသတြင္ စြန႔္ပစ္ေျမစာပုံမ်ား ၿပိဳက်မႈ၊ ကမ္းပါးၿပိဳက်မႈ၊ ေရႀကီးေရလ်ွံမႈ၊ ႏြံကန္ ေပါက္ က်မႈ စသည့္ ေဘးအႏၱရာယ္မ်ားေၾကာင့္ အစိုးရအာဏာပိုင္မ်ားအေနျဖင့္ ျဖစ္ပြားေနသည့္ အေျခအေနမ်ားကို အေရးတႀကီး ကိုင္တြယ္ ေျဖရွင္းေပးရန္ Global Witness အျပင္၊ ေဒသအတြင္းက အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ သဘာဝ ပတ္ဝန္းက်င္ ထိိန္းသိမ္းေရးလုပ္ေဆာင္ေနသူမ်ားႏွင့္ ေဒသခံမ်ားက တုိက္တြန္းေတာင္းဆို ထားၾကသည္။